သင့်ကို မလိုချင်တော့တဲ့လူကိုမှ တွယ်ကပ်နေမိနေပြီလားဆိုတာ စမ်းစစ်နိုင်မယ့်အချက်(၆)ချက်

Freepik- elnurfreepik
Sponsored

တစ်ခါတစ်လေမှာ တစ်ဖက်သားက ကိုယ့်ကိုမချစ်တော့ဘူး၊ ကိုယ်နဲ့အတူတူရှိမေချင်တော့ဘူးဆိုတာတွေကို အကြောင်းရင်းအမျိုးမျိုးကြောင့် ထုတ်ဖော်ပြောပြလေ့မရှိကြပါဘူး။ ဥပမာ ကိုယ့်ကိုသနားလို့၊ ပြောမထွက်လို့၊ အားနာလို့ စတဲ့တာတွေကြောင့်ပေါ့။ ဒါပေမဲ့ တစ်ဖက်သားက သင့်ကိုမလိုချင်တော့တာကိုမသိဘဲ သင့်ဖက်ကချည်း အတင်းတွယ်ကပ်နေတာမျိုး မဖြစ်ရလေအောင် ဘယ်လိုအချက်တွေကို သတိထားရမလဲဆိုတာ ကြည့်လိုက်ကြရအောင်။

(၁) အသိမှတ်ပြုမခံရတော့ဘူး

Sponsored

အသိအမှတ်အပြုခံရတယ်ဆိုတာ လုပ်ငန်းသဘောအရမှမဟုတ်ပါဘူး။ ချစ်သူချင်းကြားထဲမှာလည်းတစ်ယောက်ရဲ့အပြုအမူတွေ၊ အပြေအဆိုတွေစတဲ့ ချစ်ပေးနေတဲ့အပြုအမူတွေအကုန်လုံးကို အသိအမှတ်ပြုသင့်ပါတယ်။ ဒီလုပ်ရပ်ဟာ တစ်ဖက်သားကို တန်ဖိုးထားတယ်ဆိုပြီး ပြသတဲ့အပြုအမူပဲဖြစ်ပါတယ်။

Freepik- wayhomestudio

(၂) ကတိတွေပျက်နေမယ်

ပြောင်းလဲပေးပါ့မယ်၊ နောက်မဖြစ်စေရပါဘူးဆိုတဲ့စကားတွေအနောက်မှာ ဒုံရင်းက ဒုံရင်းပဲဖြစ်နေပြီး မူရင်းပုံစံမပြောင်းလဲဘဲ ရှိနေမယ်ဆိုရင်လည်း သင်ဟာ သူ့စိတ်ထဲမှာ ပြောင်းလဲဖို့ မထိုက်တန်တဲ့လူတစ်ယောက်ဖြစ်နေတယ်ဆိုတာ သိထားလိုက်ပါ။

(၃) အမြဲတမ်းကတောက်ကစဖြစ်နေမယ်

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဆိုတာ ချစ်သူဘဝရဲ့အနှစ်သာရပေမယ့်လို့ သင်တို့နှစ်ယောက်ကြားထဲမှာတော့ ဘာရယ်ကြောင့်မှန်းမသိ ရန်တွေဖြစ်၊ စိတ်သဘောထားချင်းမတိုက်ဆိုင်နဲ့ အမြဲတမ်း ရန်တကျက်ကျက်ဖြစ်နေရတဲ့အပြင်ကိုမှ ရန်ပွဲတိုင်းဟာ သင့်ရဲ့စိတ်ခံစားချက်ကို ထိခိုက်နေမယ်ဆိုရင်လည်း သင်တို့ relationship ဟာ healthy ဖြစ်မနေပါဘူး။

READ
ပရိသတ်တွေအတွက် တန်ဖိုးရှိတဲ့ အကြောင်းအရာလေးတစ်ခုကိုမျှဝေခဲ့တဲ့ ခိုင်နှင်းဝေ
Freepik- beststudio

(၄) သင်ဟာပေးဆပ်သူ

Relationship တစ်ခု ရည်ရှည်တည်မြဲပြီးတော့ ပျော်ရွှင်ကြည်လင်နေဖို့ဆိုရင် သူ့ဖက်ကိုယ့်ဖက် ပေးဆပ်ရယူမှုတွေ အပြန်အလှန်ထပ်တူကျပြီး တည်ဆောက်ရတဲ့ အခြေအနေတစ်ခုမှာ တစ်ဖက်ကချည်းပဲ ပေးဆပ်နေလို့လည်းမဖြစ်သေးပါဘူး။ ဒီအတွက်ကြောင့် ကိုယ်က အမြဲတမ်းချည်း ပေးဆပ်နေရတဲ့လူဆိုရင်တော့ သူ့ဖက်က သင်နဲ့ ရှေ့ဆက်ပြီး အနာဂတ်ကို မရှိတော့ဘူးဆိုတာ သိထားသင့်ပါတယ်။ 

(၅) ထုတ်ပြပြီးချစ်နေတဲ့လူ

ချစ်တယ်၊ ကိုယ်မင်းကို လိုအပ်တယ်၊ ကိုယ့်အနားမှာ ရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စတဲ့စကားလုံးလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်သူတွေဖြစ်ကြပြီဆိုရင် ပြောကိုပြောသင့်တဲ့ စကားလုံးလေးတွေပါပဲ။ ဒါပေမဲ့ ဒီလိုမျိုး စကားတွေကိုလည်း ကိုယ့်ဖက်ကပြောပြီး တစ်ဖက်က လုံးဝမပြောဘူး၊ ဒါမှမဟုတ် ဝတ်ကျေတမ်းကျေပဲ ပြောနေတယ်ဆိုရင်တော့ သင့်အနေနဲ့ သူထွက်သွားတော့မယ်ဆိုတာ သိထားပြီး ကြိုတင်ပြင်ဆင်ထားပါ။

Freepik- drobotdean

penny

sponsored