သင့်ကို စိတ်ပျက်သွားပြီဆိုတာ ရာသီခွင်အလိုက် ဘယ်လိုမျိုး သဲလွန်စပေးတတ်သလဲ

Freepik- cookie_studio
Sponsored

လူတစ်ယောက်က ကိုယ့်ကို စိတ်ကုန်နေပြီဆိုတာ အဲဒီလူပြောမှ သိရတာထက် ကိုယ်တိုင်ဦးဆုံး ရိပ်မိထားခဲ့တာ ပိုကောင်းမှာပါ။ ဒီလိုဆိုတော့လည်း လူတစ်ယောက်ချင်းဆီတိုင်းမှာ မတူညီတဲ့ စိတ်ကုန်ပုံကုန်နည်းတွေ ရှိလို့နေပါတယ်။ ဒါဆို ရာသီခွင်အလိုက် စိတ်ကုန်စပြုနေပြီဆိုတာ ဘယ်လိုသိနိုင်မှာလဲဆိုတာ ကြည့်ရအောင်။

Aries: မတ်လ ၂၁ မှ ဧပြီလ ၁၉ ရက်နေ့ထိ

Sponsored

သူတို့ကတော့ သင့်ကို ပြတ်ပြတ်သားသားစိတ်ပျက်တယ်လို့ပြောဖို့အတွက် အားနာနေတဲ့လူမျိုးတွေပါ။ ဒါကြောင့် သင့်အပေါ် အနေစိမ်းသွားတာမျိုး၊ စကားတွေကို အရင်လို တရင်းတနှီးမပြောတော့တာမျိုးတွေနဲ့ သင့်ကို သဲလွန်စပေးတတ်ပါတယ်။

Taurus: ဧပြီလ ၂၀ မှ မေလ ၂၀ ရက်နေ့ထိ

သူတို့ကတော့ သင့်ကိုစိတ်ပျက်နေပေမယ့်လို့ ခေါင်းမာစွာနဲ့ပဲ သင်ပြင်မလားလို့ စောင့်နေတတ်တဲ့ သူမျိုးတွေပါ။ သင့်ကို ဘယ်တော့မှ ပစ်မှာမဟုတ်ပေမယ့် စိတ်ပျက်တာကတော့ သင်မပြင်မချင်း တစ်နေ့တစ်ခြားပိုလာမှာပါ။

Gemini: မေလ ၂၁ မှ ဇွန်လ ၂၀ ရက်နေ့ထိ

Gemini တွေကတော့ သူတို့ကို တွန်းအားပေးတဲ့ လူမျိုးကို မုန်းပါတယ်တဲ့။ ဒီလိုမျိုးစိတ်ပျက်လာတဲ့အချိန်မှာလည်း သင့်ကို ပွင့်ပွင့်လင်းလင်းပဲပြောမှာဖြစ်ပြီး နောက်ပိုင်း သင်တို့ပတ်သက်မှုမှာလည်း စိတ်ဝင်စားမှု လျော့နည်းလာမှာပါ။

Freepik- wayhomestudio

Cancer: ဇွန်လ ၂၁ မှ ဇူလိုင်လ ၂၂ ရက်နေ့ထိ

READ
ဖက်ရှင်အမြင်ရှိပေမယ့်အပြင်ထွက်ရင်တော့ စိတ်ကူးတည့်ရာတွေဝတ်သွားတတ်တဲ့ရာသီခွင်(၃)မျိုး

သူတို့က သူတို့ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြတတ်တဲ့လူတွေမဟုတ်တဲ့အတွက်ကြောင့် သူတို့ရဲ့ စိတ်ပျက်တဲ့၊ စိတ်ကုန်တဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြတတ်တဲ့ လူမျိုးမဟုတ်တဲ့အတွက် သူတို့ဘာဖြစ်နေလဲဆိုတာ တစ်ဖက်သားက ဘာဖြစ်နေလဲဆိုတာ အာရုံစိုက်နိုင်ကာမှ တော်ရာကျမှာပါ။ မဟုတ်ရင် လက်လွှတ်သွားပါလိမ့်မယ်။

Leo: ဇူလိုင်လ ၂၃ မှ သြဂုတ်လ ၂၂ ရက်နေ့ထိ

Leo တွေကတော့ ပြတ်ပါတယ်။ သင့်ကို စိတ်ကုန်သွားပြီဆိုရင် လုံးဝကို လှည့်မကြည့်တော့တာပါ။ သင့်ကိုလည်း ပြတ်ပြတ်သားသားပြောမယ်၊ နောက် ပြတ်ပြတ်သားသားလည်း လမ်းခွဲသွားပါလိမ့်မယ်။

Virgo: သြဂုတ်လ ၂၃ မှ စက်တင်ဘာ ၂၂ ရက်နေ့ထိ

Virgo လေးတွေဟာ အရင်ကတည်းက ကြင်နာတတ်ပြီး ချစ်တတ်တဲ့စိတ်ထားရှိတာကြောင့် သင့်ကို စိတ်ပျက်ပြီး ထားခဲ့ချင်တာတောင် ဘာမှမပြောဘဲ ဟန်ဆောင်ပြီး တိတ်နေတတ်တဲ့လူမျိုးပါ။ တစ်ခုတော့ရှိတယ်၊ သူတို့ကို အရင်ဖြတ်သွားအောင်တော့ စွမ်းဆောင်နိုင်တယ်။

Freepik- freepic.diller

Libra: စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ရက်နေ့ထိ

Libra တွေဟာ ချစ်သူကို အကောင်းဆုံးဖြစ်အောင် ပံ့ပိုးတဲ့နေရာမှာ ဆရာကြီးတွေပါပဲ။ ဒါပေမဲ့လည်း သူတို့ စိတ်ကုန်သွားပြီဆိုရင်တော့ သင့်ကို လုံးဝလှည့်ကြည့်တော့မှာမဟုတ်ပါဘူး။

Scorpio: အေက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ရက်နေ့ထိ

READ
June လဖွားတို့ရဲ့ ကောင်းမွန်တဲ့ စိတ်နေစိတ်ထားနဲ့ အကျင့်ဆိုးလေးများ အကြောင်း

သူတို့တွေကတော့ ရာသီခွင်တွေထဲ တစ်ဖက်သားကို စိတ်ကုန်တဲ့အခါ အညင်သာဆုံး လမ်းခွဲစကားပြောမယ့်သူမျိုးတွေပါ။

Sagittarius: နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၂၁ ရက်နေ့ထိ

သူတို့ကတော့ လုံးဝကို အချိန်အကုန်မခံတတ်ပါဘူး။ ဒါကြောင့် သင့်ကို စိတ်ကုန်တဲ့အခါ အချိန်မဖြုန်းဘဲနဲ့ အရင်ဆုံးပေးသိမှာပါ။ အကြောင်းအရင်းကိုလည်း သေချာလေး ရှင်းပြမှာဖြစ်ပါတယ်။

Freepik- drobotdean

Capricorn Dates: ဒီဇင်ဘာ ၂၂ ရက်မှ ဇန်နဝါရီ ၁၉ ရက်နေ့ထိ

သူတို့ကတော့ တစ်မျိုး။ သူတို့စိတ်ကုန်နေပြီဆိုတာကိုလည်း ပွင့်ပွင့်လင်းလင်းပြောတယ်၊ ဒါပေမဲ့ လမ်းခွဲမယ်လို့လည်း မပြောဘူးနော်။ သင်ကပါ သူတို့ကို စိတ်ကုန်သွားအောင်ကို ပြန်ပြီး တမင်လုပ်တတ်တာမျိုး။

Aquarius Dates: ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ရက်နေ့ထိ

စိတ်ကုန်ပြီဆိုတာကို မပြောဘဲ သင့်ကို အဆက်ဖြတ်မှာပါ။ သူတို့မအားချင်ယောင်ဆောင်တာမျိုး၊ အကြောင်းရင်းတစ်ခုခုပြပြီးတော့ သင့်ကိုရှောင်နေတာမျိုး။

Pisces Dates: ဖေဖော်ဝွရီ ၁၉ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့ထိ

သူတို့ကတော့ သင့်ကို စကားနဲ့ စိတ်ကုန်နေတယ်လို့မပြောဘဲ ကိုယ်အမူအရာနဲ့ ပြတာမျိုးနဲ့ သင့်ကို ပေးသေိမှာပါ။ အဲဒီတော့ ကံကောင်းပါစေလို့။

penny

sponsored