လူတွေနဲ့ဓာတ်မတည့်တဲ့ ရောဂါရှိတဲ့သူတွေရဲ့ စရိုက်လက္ခဏာ (၁၀) ခု

wayhomestudio/ freepik
Sponsored

သင်ဟာ ထစ်ခနဲရှိဒေါသထွက်တတ်တဲ့ သူတစ်ယောက်ဆိုရင်တော့ သင်ဟာ လူတွေနဲ့ ဓာတ်မတည့်တဲ့ သူမျိုး ဖြစ်နေနိုင်ပါတယ်။ သင်ဟာ ခုဖော်ပြတဲ့အချက်တွေထဲက တော်တော်များများနဲ့ ကိုက်ညီနေရင်တော့ လူတွေနဲ့ ဓာတ်မတည့်တဲ့သူမျိုးဖြစ်ပါတယ်။

(၁) သင်ဟာသူစိမ်းတွေနဲ့ စကားမပြောချင်တဲ့သူပါ။ ကိုယ့်အိမ်ကို အလည်လာရင်တောင် အခန်းထဲပြေးဝင်သွားတတ်တဲ့သူတွေဖြစ်ပါတယ်။ သူစိမ်းတွေနဲ့ ရင်းရင်းနှီးနှီးနေရတာမျိုး လုံးဝမကြိုက်ပါဘူး။

Photo by Polina Zimmerman from Pexels
Sponsored

(၂) သင်ဟာ သင်အမြင်ကပ်တဲ့သူတွေရှိတဲ့နေရာမျိုးကို လုံးဝမသွားချင်တဲ့သူပါ။ အောင့်အည်းပြီး သည်းခံနေရတာမျိုး လုံးဝမကြိုက်ပါဘူး။

(၃) သင်ဟာ စကားပြောနေတုန်း ဖြတ်ပြောတဲ့သူတွေကို အရမ်းမုန်းတတ်တဲ့သူတစ်ယောက်ပါ။ ဖုန်းထဲမှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် သင်စကားပြောနေတုန်း လာဖြတ်ရင် အရမ်းစိတ်တိုတတ်တဲ့သူတစ်ယောက်ပါ။

(၄) သင်ဟာလက်ရှိမှာ တစ်ကိုယ်တည်းသမားတစ်ယောက်ဖြစ်နေခဲ့ရင် သင့်ကိုချစ်သူထားဖို့၊ အသစ်ရှာဖို့ လာပြောတာမျိုးကို အရမ်းမုန်းတဲ့သူတစ်ယောက်ပါ။

(၅) သင်ဟာ အုပ်စုဖွဲ့ပြီးစကားပြောတာမျိုး Group chat မျိုးကို အရမ်းမုန်းတဲ့သူပါ။ ကိုယ့်ဖုန်းမှာတစ်ယောက်တစ်ပေါက် ပြောချင်ရာတွေပြော၊ ဖုန်းမှာ noti တွေ တဂွမ်ဂွမ်မြည်လာရင် အရမ်းစိတ်ဆိုးတတ်တဲ့သူပါ။

READ
သင့်သူငယ်ချင်းက သင့်ကို မနာလိုဖြစ်နေကြောင်း ပြသနေတဲ့ လက္ခဏာ (၇)ခု

(၆) လူတစ်ယောက်ဟာကိုယ့်ရှေ့မှာ ထပ်ခါထပ်ခါနှာချေရင် အရမ်းစိတ်ဆိုးပါတယ်။ အထူးသဖြင့် နှာခေါင်းနဲ့ပါးစပ်ကို လက်နဲ့မအုပ်ရင် ပိုပြီးစိတ်ဆိုးတဲ့သူမျိုးပါ။

shutterstock/ vmaslova

(၇) လူများတဲ့နေရာမျိုးအထူးသဖြင့် စားသောက်ဆိုင်မျိုးမှာ လုံးဝမထိုင်ချင်တဲ့သူပါ။ လူများလေ စိတ်ရှုပ်လေဖြစ်ပါတယ်။

(၈) ဘယ်အရာကိုမှစိတ်မရှည်ပါဘူး။ ဖိနပ်စီးရခက်နေရင်တောင် ဖိနပ်ကို ကိုင်ပေါက်ချင်တဲ့သူမျိုးပါ။ စိတ်မြန်လက်မြန်နဲ့ စီစဉ်ထားသလိုမဖြစ်ရင်လည်း အရမ်းစိတ်ဆိုးတတ်တဲ့သူပါ။

(၉) ဖုန်းနဲ့စကားပြောရတာကို မကြိုက်ပါဘူး။ အပြင်မှာတွေ့ပြီးပြောရင်ပြောမယ်၊ ဖုန်းထဲမှာ စကားပြောရတာမျိုးကို မကြိုက်ပါဘူး။

pch.vector/Freepik

(၁၀) ပြတ်ပြတ်သားသားပဲစကားပြောပါတယ်။ ကိုယ်မကြိုက်တဲ့အရာတွေ၊ ကိုယ်မကြိုက်တဲ့စကားတွေ ကိုယ့်ကိုဘယ်တော့မှ ထပ်မပြောရဲတော့အောင် ပြတ်ပြတ်သားသားပြောတတ်တဲ့သူတွေပါ။

Em Em

sponsored