Private ဆန်တာကို အကြောင်းပြပြီး သင်နဲ့တွဲနေတာကိုလူမသိစေချင်တဲ့ ချစ်သူဆိုတာ….

freepik
Sponsored

လူတစ်ယောက်နဲ့တစ်ယောက် အချစ်ရေးမှာ သဘောထားပုံချင်းမတူညီကြပါဘူး။ တစ်ချို့တွေက အချစ်ရေးကို လူသိရှင်ကြားထုတ်ပြချင်ကြတယ်၊ တစ်ချို့ကတော့ Private ဆန်ဆန်လေးတွဲချင်ကြပါတယ်။ ဒါပေမယ့် Private ဆန်ဆန်တွဲတာနဲ့ ခိုးကြောင်ခိုးဝှက်တွဲတာကတော့ လုံးဝမတူပါဘူးနော်။ သင့်ချစ်သူက Private ဆန်တာကို အကြောင်းပြပြီး သင်နဲ့တွဲနေတာကို လူမသိစေချင်မှန်း သိနိုင်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လူသိမှာအရမ်းစိုးတယ်

jcomp/Freepik

Private ဆန်တာကို အကြောင်းပြပြီး သင်နဲ့တွဲနေတာကိုလူမသိစေချင်တဲ့ ချစ်သူဆိုတာ သင်နဲ့သူတွဲနေတာကို လူတွေသိမှာအရမ်းစိုးရိမ်တဲ့သူပါ။ လူရှေ့ရောက်ရင် သာမန်ထက်ပိုပြီး စိုးရိမ်မှုလွန်ကဲနေတာမျိုးပေါ့။ လူတွေက သင်တို့နှစ်ယောက်အကြောင်းကိုမေးရင်လည်း ဟိုလိုလို၊ သည်လိုလိုရှောင်ကွင်းပြီး ပြောတတ်တဲ့သူပါ။ သင်နဲ့သူကြားက ပတ်သက်မှုကို လူတွေသိမှာအရမ်းစိုးရိမ်လွန်းနေတဲ့ ပုံပေါ်နေမှာပါ။

(၂) Single ယောင်ဆောင်တတ်တယ်

karlyukav/Freepik
Sponsored

Private ဆန်တာကို အကြောင်းပြပြီး သင်နဲ့တွဲနေတာကိုလူမသိစေချင်တဲ့ ချစ်သူဆိုတာ လူတွေရှေ့ရောက်ရင် သူဟာ တစ်ကိုယ်တည်းသမားလိုလို နေတတ်တဲ့သူပါ။ Private ဆန်တဲ့သူဆိုတာ ရည်းစားကဘယ်သူဘယ်ဝါလို့ ဖွင့်မပြောသည့်တိုင်အောင် Single တစ်ယောက်လိုတော့ ဟန်ဆောင်မှာ မဟုတ်ပါဘူး။ တကယ်လို့ သင့်ချစ်သူဟာ ချစ်သူမရှိပါဘူး၊ တစ်ယောက်တည်းသမားပါဆိုတဲ့ ပုံမျိုးဖမ်းနေရင်တော့ ဒါဟာ သင့်နဲ့တွဲနေတာကို လူသိမခံချင်လို့ပဲဖြစ်ပါတယ်။

READ
Crush ကြောင့် စိတ်ပင်ပန်းတာများလာတဲ့အခါ ဒီနည်းလမ်းတွေနဲ့ စွန့်လွှတ်နိုင်ပါတယ်

(၃) သူငယ်ချင်းတွေနဲ့ မိတ်ဆက် မပေးဘူး

ဘယ်လောက် Private ဆန်တဲ့သူပဲဖြစ်ဖြစ် ချစ်သူကို ကိုယ့်ရဲ့နီးစပ်တဲ့အသိုင်းအဝိုင်း၊ ခင်မင်တဲ့အပေါင်းအသင်းတွေကို မိတ်ဆက်ပေးလေ့ရှိပါတယ်။ တကယ်လို့ သင့်ချစ်သူဖက်က သူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေနဲ့ မိတ်ဆက်ပေးတာမျိုး မရှိဖူးဘူးဆိုရင်တော့ ဒါဟာ သင့်ကိုသူ တိတ်တိတ်ပုန်းတွဲနေတာပဲဖြစ်ပါတယ်။ ဘယ်လောက်ပဲ နှစ်ယောက်တည်းရှိတဲ့ အချိန်မျိုးမှာ ဂရုစိုက်ပြပြ၊ သေချာတာကတော့ တစ်ချိန်မှာသင့်ကို ပစ်သွားမှာပါ။

(၄) သူ့အကြောင်းတွေ ပြောလေ့မရှိဘူး

shutterstock/Damir Khabirov

ဘယ်လောက် Private ဆန်တဲ့သူပဲဖြစ်ဖြစ် ကိုယ့်ချစ်သူကိုတော့ ကိုယ့်အကြောင်းတွေ မပြောပဲမနေပါဘူး။ ကိုယ့်ရဲ့ ခံစားချက်လေးတွေ၊ ကိုယ့်ရဲ့ ကိုယ်ရေးရာဇဝင်လောက်ကတော့ မပြောမဖြစ်တဲ့အရာတွေဖြစ်တာကြောင့် မသိစရာအကြောင်းမရှိပါဘူး။ တကယ်လို့ လူတစ်ယောက်ဟာ သင့်ချစ်သူဖြစ်နေပါရက်နဲ့ သူ့အကြောင်းတွေကို တစ်ခုမှ သိခွင့်မရဘူးဆိုရင်တော့ လွဲနေပါပြီ။ သင်ဟာ သူ့ရဲ့တိတ်တိတ်ပုန်းချစ်သူတစ်ယောက် ဖြစ်နေတာကြောင့်လို့ ယူဆနိုင်ပါတယ်။ သူ့မှာ အဆက်အနွယ်တွေတောင် ရှိနေနိုင်ပါတယ်။

READ
gugudan အဖွဲ့ဝင် SEJEONG ဆီကို snack track ကြီးပို့ပေးခဲ့တဲ့ မင်းသမီး Park Min Young

(၅) ဆက်သွယ်ချင်တိုင်းဆက်သွယ်လို့မရဘူး

တစ်ချို့လူတွေက အရမ်းအလုပ်များတဲ့အတွက် ချစ်သူကို အချိန်ပြည့်မပေးနိုင်ပါဘူး။ ဒါပေမယ့် အတတ်နိုင်ဆုံး ချစ်သူကို ဆက်သွယ်ပြီး စာပို့တာမျိုးလေးတွေ၊ ခဏတစ်ဖြုတ်ဖုန်းပြောတာမျိုးလေးတွေတော့ အချိန်ပေးတတ်ကြပါတယ်။ တကယ်လို့ သင့်ချစ်သူဟာ အမြဲလိုလို ဆက်သွယ်မရတာ၊ သူ့ဖက်က မဆက်သွယ်မချင်း သင်စောင့်နေရတာ၊ ဖုန်းအမြဲလိုလို ပိတ်ထားတာမျိုးဆိုရင်တော့ သင်ဟာ တိတ်တိတ်ပုန်းတစ်ယောက်ဖြစ်နေတယ်လို့ ယူဆနိုင်ပါတယ်။

Em Em

sponsored