သင့်ကိုအလေးအနက်မထားတဲ့ ယောက်ျားတစ်ယောက်မှန်း သိသာစေတဲ့ လက္ခဏာ (၅) မျိုး

wayhomestudio/ freepik
Sponsored

လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ အလေးထားမှုဆိုတာအရမ်းကို အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကိုယ့်ကိုအလေးအနက် ထားတဲ့သူနဲ့ အလေးအနက်မထားတဲ့သူဆိုတာ အရမ်းကို ခွဲခြားရလွယ်ပါတယ်။ အပြုအမူ၊ အပြောအဆိုကစလို့ အသေးအမွှားလေးတွေကနေ အကြီးဆုံးအထိမှာ ပေါ်လွင်နေတာမျိုးပါ။ ခုဖော်ပြပေးမှာကတော့ ကိုယ့်ကိုအလေးအနက်မထားတဲ့ ယောက်ျားတစ်ယောက်ရဲ့လက္ခဏာတွေပါ။ ဒီအချက်တွေနဲ့ တိုက်ဆိုင်တဲ့ ယောက်ျားမျိုးဆိုရင်တော့ လက်တွဲဖော်အဖြစ်လုံးဝ မရွေးချယ်သင့်ပါဘူး။

(၁) ကိုယ့်အကြောင်းမေးလေ့မရှိဘူး

Photo by Vlada Karpovich from Pexels

သင့်ကိုအလေးအနက်မထားတဲ့ယောက်ျားတစ်ယောက်ဟာ သင့်ရဲ့တစ်နေ့တာအကြောင်းအရာတွေ၊ သူမရှိပဲ သင်ဘာလုပ်တယ်၊ ဘယ်သွားတယ်ဆိုတာမျိုးတွေကို မေးမှာမဟုတ်ပါဘူး။ အကြောင်းကတော့ စိတ်မဝင်စားလို့ပါ။ သင်ဘာပဲလုပ်လုပ်၊ ဘယ်ပဲသွားသွား၊ ဘယ်လိုပဲဖြစ်နေဖြစ်နေ လုံးဝဂရုစိုက်ဖော်ရမယ့် သူမျိုးမဟုတ်ပါဘူး။ ကိုယ်ကသာ ဂရုစိုက်ခံချင်တာ၊ သူများကိုတော့ လုံးဝဂရုစိုက်ဖို့ မစဉ်းစားတဲ့သူမျိုးတွေပါ။

(၂) ဖြစ်သမျှသင့်အပြစ်တွေပဲ

Sponsored

သင့်ကိုအလေးအနက်မထားတဲ့ ယောက်ျားတစ်ယောက်ဟာ ပြသနာတစ်ခုခုဖြစ်လာတိုင်း ဘယ်တော့မှ သူ့အပြစ်မဟုတ်ပါဘူး။ အမြဲတမ်းသင့်အပြစ်၊ သင်အသုံးမကျလို့ ဆိုတာချည်းပါပဲ။ အပြစ်တွေဖို့ပြီး တစ်ဖက်လူကို စိတ်ကသိကအောင့်ဖြစ်အောင် လုပ်တတ်တဲ့နေရာမှာတော့ ဆရာကြီးတွေပါ။ အပြစ်လွတ်အောင် အမျိုးမျိုးလှည့်ပတ်ပြောပြီး နောက်ဆုံးမှာတော့ ဖြစ်သမျှအရာအားလုံးဟာ သင့်အပြစ်ဖြစ်သွားမှာပါ။

READ
ကိုယ်တိုင် ခရီးသွားသလို ခံစားရစေဖို့ IG မှာ follow လုပ်ထားသင့်တဲ့ blogger များ

(၃) အာလုံးကိုချုပ်ကိုင်ထားချင်တယ်

သင့်ကိုအလေးအနက်မထားတဲ့ ယောက်ျားတစ်ယောက်ဟာ သင့်ကိုဘာအခွင့်အရေးမှ မပေးချင်တဲ့သူမျိုးပါ။ အရာအားလုံးကို ချုပ်ကိုင်ထားချင်တဲ့သူမျိုးပါ။ သူခိုင်းတာပဲလုပ်၊ သူ့အကြိုက်အတိုင်းပဲနေဆိုတဲ့ သူမျိုးတွေပါ။ သင်ဘယ်လိုခံစားနေရမယ်၊ ဘာတွေလုပ်ချင်နေမလဲဆိုတာမျိုး လုံးဝစိတ်မဝင်စားပါဘူး။ သင်ပျော်ရွှင်တာ၊ မပျော်ရွှင်တာတွေထက် သူကျေနပ်ရင်ပြီးရောဆိုတဲ့ လူစားမျိုးဖြစ်ပါတယ်။

(၄) အမြဲတမ်းအပြစ်တင်တတ်တယ်

သင့်ကိုအလေးအနက်မထားတဲ့ယောက်ျားတစ်ယောက်ဟာ သင့်အားနည်းချက်တွေကို ထောက်ပြပြီး အနိုင်ယူဖို့ ဘယ်တော့မှ ဝန်မလေးတတ်တဲ့သူတွေပါ။ သင့်ကိုစကားလုံးတွေနဲ့ အနိုင်ယူပြီး စိတ်ဆင်းရဲအောင်လုပ်ဖို့ ဘယ်တော့မှ ဝန်မလေးသလို စိတ်မကောင်းလည်း ဖြစ်မှာမဟုတ်ပါဘူး။ အကြောင်းကတော့ သင်ဟာသူ့အတွက် နည်းနည်းလေးမှ အရေးမပါလို့ပါပဲ။

(၅) ဘာကိုမှမဆင်ခြင်ဘူး

wayhomestudio/ freepik

သင့်ကိုအလေးအနက်မထားတဲ့ယောက်ျားတစ်ယောက်ဟာ သင်မကြိုက်တဲ့အရာတွေကို လုပ်မြဲအတိုင်းလုပ်မယ့် သူတွေပါပဲ။ သူ့ကြောင့်သင်စိတ်ထိခိုက်သွားမလား၊ ဂုဏ်သိက္ခာကျဆင်းသွားမလားဆိုတာတွေကို တွေးဖို့ နည်းနည်းလေးမှ ခေါင်းထဲမရှိတဲ့သူတွေပါ။ လုပ်ချင်ရာလုပ်မယ်၊ ဖြစ်ချင်ရာဖြစ်ဆိုတဲ့ စိတ်မျိုးရှိတဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုချစ်တယ်ဆိုပြီး အဆင်အခြင်မဲ့တဲ့လုပ်ရပ်မျိုးတွေ အမြဲလုပ်နေတတ်တဲ့ ယောကျာ်းမျိုးတွေကိုတော့ လုံးဝမရွေးချယ်သင့်ပါဘူး။

READ
ခန္ဓာကိုယ်သွယ်လျလှပဖို့အတွက် ဂျပန်လူမျိုးတွေရဲ့ အရိုးရှင်းဆုံးနည်းလမ်းကောင်း (၆)မျိုး

Em Em

sponsored