Sponsored
ယောက်ျားလေးတွေမှာ မိန်းကလေးသူငယ်ချင်းရှိ၊ မိန်းကလေးတွေမှာ ယောက်ျားလေးသူငယ်ချင်းရှိတတ်တာက အခုဆိုရင်တော့ မထူးဆန်းတော့ဘူးနော်။ ဒါပေမယ့်တော့လဲ ကိုယ့်ချစ်သူကောင်လေးရဲ့ အခင်ဆုံးသူငယ်ချင်းက မိန်းကလေးဖြစ်နေမယ်၊ ကိုယ်ကလဲ သူနဲ့မခင်သေးဘူးဆိုရင် စိုးရိမ်စိတ်တွေတော့ ဝင်ကြတယ်မလား။ ရိုးရိုးသူငယ်ချင်းလား၊ ဆန်းဆန်းသူငယ်ချင်းလားဆိုတာ သိဖို့ ဒါလေးတွေနဲ့ ဆန်းစစ်ကြည့်လို့ရမယ်နော်။
- အပြင်လူတစ်ယောက်ရဲ့ အမြင်ကိုမေးကြည့်ပါ။ သူတို့ နှစ်ယောက်မဟုတ်တဲ့ တခြားသူငယ်ချင်းပေါ့။ သူတို့စကားပြောတဲ့ပုံစံ၊ တစ်ယောက်ကို တစ်ယောက်ဆက်ဆံတဲ့ ပုံစံကို ဘေးလူအမြင်နဲ့မေးပြီး သိအောင်လုပ်နော်။

- သူတို့ညိခဲ့ဖူးလား ဆိုတာ စုံစမ်းပါ။ အပြင်သွားရင်း၊ ဘားထိုင်ရင်း ဇာတ်လမ်းတွေ ရှိခဲ့ဖူးလား ဆိုတာမျိုးပေါ့။ အဲ့လိုဇာတ်လမ်းတွေ မရှိခဲ့ရင်တော့ 80% လောက် စိတ်အေးနိုင်ပါတယ်။ ရှိခဲ့ရင်တော့ 100% စိတ်ပူဖို့ပြင်ထားပါတော့။
- ကိုယ့်ချစ်သူက သူတို့နှစ်ယောက် ဆက်ဆံရေးကို ဖုံးကွယ်ထားတာမျိုး ခံစားနေရရင် ပွင့်ပွင့်လင်းလင်းမေးပါ။ အစထဲက ပွင့်ပွင့်လင်းလင်း ပြောထားရင်တော့ တစ်မျိုးပေါ့။ အခင်ဆုံးသူငယ်ချင်းလဲပြောသေး ကိုယ့်ရှေ့တစ်မျိုး၊ ကိုယ့်ကွယ်ရာတစ်မျိုးဆိုရင် သေချာအောင်မေးပါ။
- သူ့ကိုကိုယ့်ထက် ပိုအရေးပေးနေလား ကြည့်ပါ။ ကိုယ်နဲ့ချိန်းထားရင် မလာပဲ သူ့ဆီရောက်သွားတာတွေ၊ ကိုယ့်ဆီ အာရုံမရှိပဲ သူ့ဆီအာရုံရောက်နေရင်တော့ သေချာပါတယ်။ ဒိန်းကျားဇုန်ထဲရောက်နေပါပြီ။

- နေပုံထိုင်ပုံတွေ သေချာကြည့်ပါ။ သူငယ်ချင်း သူငယ်ချင်းနဲ့ ဟိုထိဒီထိ ဟိုကိုင်ဒီကိုင်နေရင်တော့ သူငယ်ချင်းမဟုတ်တာ သေချာနေပါပြီ။ ဘယ်လောက်ပဲ ပွင့်လင်းတယ်ပြောပြော အဲ့လိုအနေအထားက လက်ခံမရတဲ့ အနေအထားမို့လို့ တစ်ခါထဲ ဖြတ်သင့်တာရှိရင် ဖြတ်ခဲ့ပါ။
TPS
sponsored