မျက်နှာလေး ဖွေးဥနေစေပြီး အသားအရေ ကောင်းမွန်လာစေမယ့် သဘာဝပေါင်းတင်နည်း ၄ မျိုး

shutterstock/ Irina Bg
Sponsored

မျက်နှာလေး ညိုညစ်ညစ်ကြီး ဖြစ်နေရင်တော့ တကယ့်ကို စိတ်ညစ်ရတယ်နော်။ နဂို မျက်နှာညိုညစ်ညစ် ဖြစ်တတ်တဲ့ သူတွေအတွက်ရော၊ အပြင်တွေ သွားတာများလို့ နေလောင်လို့ပဲဖြစ်ဖြစ် မျက်နှာအသားအရေလေး ပျက်စီးညိုမည်းနေတဲ့ သူတွေအတွက် တကယ့်ကို ထိရောက်တဲ့ သဘာဝပေါင်းတင်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်နော်။ ထူးထူးခြားခြားဘာမှမပါပဲနဲ့ကို အကျိုးများတဲ့ ဒီပေါင်းတင်းနည်းလေးတွေက သင့်မျက်နှာလေးကို ဖွေးဥလာစေမှာပါ။

သဘောင်္သီးမှည့်

shutterstock/Nelli Syrotynska

အရသာရှိပြီး ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ သဘောင်္သီးမှည့်က အသားအရေကိုလည်း လှပစေပါတယ်။ သူ့မှာ အသားအရေကို လှပစေတဲ့ အဟာရတွေ၊ အစိုဓာတ်နဲ့ antioxidants တွေ များစွာပါဝင်ပါတယ်နော်။ အသားအရေကို ဖြူဝင်းလာစေဖို့ သဘောင်္သီးနဲ့ ငှက်ပျောသီးကို ကိုယ်လိုအပ်သလောက် ဖိခြေရောနှောလိုက်ပါ။ ပြီးရင် ပျားရည်အနည်းငယ်နဲ့ သေချာရောမွှေလိုက်ပြီး မျက်နှာမှာ မိနစ်နှစ်ဆယ်ခန့် လိမ်းပေးထားခြင်းက မျက်နှာလေးကို ဖြူဖွေးလာစေမှာပါ။

READ
မျက်နှာအသားရေအတွက် အစွမ်းထက်လှတဲ့ ပျားရည်

ပျားရည်

shutterstock/ Baryla
Sponsored

ပျားရည်မှာ antibacterial properties ပါဝင်တဲ့အတွက် ဝက်ခြံတွေနဲ့ အမည်းစက်တွေကို သက်သာကောင်းမွန်စေပါတယ်။ နောက်ပြီး အသားအရေကို ကောင်းမွန်စေပြီး သဘာဝအတိုင်း glow လာစေပါတယ်။ အမည်းစက်နဲ့ ဝက်ခြံတွေရှိတဲ့ နေရာမှာ ပျားရည်ကို ဒီအတိုင်း လိမ်းပေးလို့လည်း ရသလို၊ အုတ်ဂျုံ၊ ငှက်ပျောသီး၊ ဒိန်ချည်စတာတွေနဲ့ ရောနှောပြီး မျက်နှာပေါ် ပါးပါးလေးလိမ်းပြီး ပေါင်းတင်လို့လည်း ရပါတယ်။

ဒိန်ချည်နဲ့ ကုလားပဲမှုန့်

shutterstock/ Adamova Mariya

ဒိန်ချည်ကို ရာစုနှစ်များစွာ အသားအရေအလှအပအတွက် သုံးစွဲလာကြပါတယ်။ အိန္ဒိယအမျိုးသမီးတွေဟာ ကုလားပဲမှုန့်ကို ဝက်ခြံနဲ့ အသားအရေ ပျက်စီးမှုကို ကာကွယ်ဖို့ သုံးကြပါတယ်။ ဒိန်ချည်နဲ့ ကုလားပဲမှုန့်ကို ရောနှောလိုက်တဲ့အခါမှာတော့ တကယ့်ကို ပြီးပြည့်စုံတဲ့ skin mask ကို ရရှိပါတယ်နော်။ ရလာတဲ့ အရောအနှောကို မျက်နှာပေါ် နာရီဝက်လောက် လိမ်းထားပြီး ရေဆေးချလိုက်ရင်တော့ သိသာတဲ့ ရလဒ်ကို တွေ့ရမှာပါ။

READ
ကျိုးသွားတဲ့နူတ်ခမ်းနီတောင့်ကို အလွယ်တကူပြန်ဆက်နည်း(၂)မျိုး

အုတ်ဂျုံ

shutterstock/Svittlana

မျက်နှာလေးကို ချက်ချင်းဖြူလာစေမယ့် တကယ့်ကို ရိုးရှင်းတဲ့ နည်းလမ်းလေးက အုတ်ဂျုံပဲ ဖြစ်ပါတယ်။ အုတ်ဂျုံက မျက်နှာအသားအရေကို ဖြူဖွေးစေပြီး နေရောင်ခြည်ဒဏ်ကြောင့် ဖြစ်တဲ့ ညိုမည်းခြင်းတွေကို ကောင်းမွန်စေပါတယ်။ သူ့မှာပါဝင်တဲ့ ဓာတ်တွေက ပတ်ဝန်းကျင်ကြောင့်ဖြစ်တဲ့ အသားအရေပျက်စီးမှုတွေ၊ ခြောက်သွေ့မှု၊ ယားယံမှုနဲ့ နီရဲပြီး အဖုအပိန့်ထွက်တာတွေကို သက်သာစေပါတယ်။ အုတ်ဂျုံကို နို့၊ ဒိန်ချည်၊ ပျားရည် သို့ အုန်းဆီနဲ့ ရောနှောပြီး ပေါင်းတင်းခြင်းက အသားရေအတွက် အရမ်းကို ကောင်းမွန်စေပါတယ်။

Khin

 

sponsored