ကိုယ့်ကို ဖွင့်မပြောရဲတဲ့ တစ်ဖက်သတ် ချစ်နေသူဆီက ချစ်တယ်ဆိုတဲ့စကား ကြားရဖို့ …

shutterstock By Irina Braga
Sponsored

ယောကျာ်းလေးတစ်ယောက်က ကိုယ့်ကိုချစ်နေရက်နဲ့ ဖွင့်မပြောလို့ ဘယ်နေ့များထုတ်ပြောလာမလဲလို့စောင့်နေရတဲ့အခြေအနေမျိုးနဲ့ကြုံဖူးပါသလား။ နှစ်ယောက်လုံးဘက်ကချစ်နေပါရက်နဲ့ သူငယ်ချင်းမက ရည်းစားမကျအခြေအနေမျိုးက တော်တော်ကို ကသိကအောက်နိုင်ပါတယ်။ ဒီအခြေအနေမျိုးက အမြန်ဆုံးရုန်းထွက်နိုင်ဖို့ သူကိုယ့်ကိုချစ်ကြောင်းအမြန်ဆုံးထုတ်ပြောလာအောင် လုပ်နိုင်မယ့် နည်းလမ်းလေးတွေကတော့ …

(၁) သူ့ရဲ့အပြုအမူကိုသတိထားပါ

freepik /drobotdean

မျက်ဝန်းတွေကတစ်ဆင့်၊ အပြုအမူတွေကတစ်ဆင့်လည်း ရင်ထဲကလာတဲ့စကားတွေကို ကြားနိုင်ပါတယ်။ ဒါ့ကြောင့်သူနဲ့စကားပြောတဲ့အချိန်မှာ ဂရုတစိုက်နားထောင်ကြည့်ပေးပြီး သူ့အပြုအမူတွေကို တုံ့ပြန်ကြည့်ပါ။ ဥပမာ- စကားပြောနေရင်းသင့်လက်ကိုဆုပ်ကိုင်ချင်တဲ့ပုံစံမျိုးပေါ့ ။ သင့်ကိုစကားနဲ့ဖွင့်မပြောပေမယ့် အပြုအမူတွေကတစ်ဆင့်ဖော်ပြနေနိုင်ပါတယ်။

(၂) ချီးမွန်းပေးပါ

freepik /freepik
Sponsored

ယောကျာ်းလေးတွေက မိန်းကလေးတစ်ယောက်ကိုအရမ်းချစ်မိသွားတဲ့အခါမှာလည်း ငါနဲ့တန်ပါ့မလားဆိုပြီး သိမ်ငယ်စိတ်ဝင်တတ်ကြပါတယ်။ ဖွင့်ပြောရင်သူများငြင်းမလားဆိုပြီး ချစ်တဲ့အကြောင်းတွေထုတ်မပြောဖြစ်တတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုအထင်မသေးပဲ ချစ်စကားပြောထွက်လာအောင်၊ ကိုယ့်ဘက်ကလည်း သူ့ကို တန်ဖိုးထားကြောင်း၊ အထင်ကြီးလေးစားကြောင်းသိအောင် ချီးမွန်းစကားပြောပေးသင့်ပါတယ်။

(၃) ပျော်စရာအချိန်တွေဖန်တီးပါ

freepik /freepik

နှစ်ယောက်သား မကြာခဏတွေ့ပေးပြီး ပျော်စရာအချိန်တွေဖန်တီးထားသင့်ပါတယ်။ ဒီလိုမကြာခဏတွေ့ဆုံပေးတာက သင်တို့နှစ်ယောက်ကြား ရင်းနှီးမှုကိုလည်းပိုတိုးစေပြီး သူ့ဘက်က ဖွင့်ပြောလာဖို့အခွင့်အရေးလည်းရမှာပါ။

READ
သင်နဲ့သင့်သူငယ်ချင်းတွေကြားမှာ ဒီအချက်တွေဖြစ်နေပြီဆိုရင် ဆက်မပေါင်းပါနဲ့တော့

(၄) ကိုယ့်ဘက်ကလည်း သူ့ကိုစိတ်ဝင်စားနေကြောင်းပြပါ

တစ်ခါတစ်လေ တစ်ဖက်လူက သင့်ကိုချစ်နေပေမယ့် ဖွင့်ပြောလိုက်မှ လက်ရှိအခြေအနေလေးပါ ပျက်စီးသွားကြမှာကိုကြောက်ကြပါတယ်။ဒါ့ကြောင့် သင့်ဘက်ကလည်းသူနဲ့ဆက်သွယ်စကားပြောတဲ့အခါမှာ အရမ်းမချေပဲ ကိုယ့်ဘက်ကလည်း သဘောကျတဲ့အရိပ်အယောင်မျိုးပြပေးပါ။

(၅) ပွင့်ပွင့်လင်းလင်းမေးကြည့်ပါ

freepik /freepik

သူချစ်နေတာပေါ်လွင်နေရက်နဲ့ နည်းလမ်းတွေအားလုံးသုံးပြီးတာတောင် သူ့ဘက်က ချစ်ကြောင်းထုတ်မပြောဘူး ၊ သင်လည်းစိတ်မရှည်တော့ဘူးဆိုရင်တော့ ပွင့်ပွင့်လင်းလင်းမေးကြည့်လိုက်တာအကောင်းဆုံးပါပဲ။ ကိုယ့်အပေါ်ဘယ်လိုခံစားရလဲ ၊ အခုလို အမြဲတတွဲတွဲနေနေရတာ ဘာကြောင့်လဲလို့မေးကြည့်လိုက်ပါ။ ကိုယ်ထင်ထားသလိုမဖြစ်ခဲ့ရင်တောင် သူ့အတွက်နဲ့စိတ်ကူးတွေယဉ်၊ အချိန်တွေမကုန်တော့ဘူးပေါ့။

Rain

sponsored