တစ်စုံတစ်ယောက် အဖော်လိုအပ်နေချိန်မှာ ပြုံးပျော်သွားစေနိုင်မယ့် နည်းလမ်းများ

Freepik- freepik
Sponsored

ကိုယ့်ဘေးနားကလူတစ်ယောက်ယောက် အရမ်းကို အထီးကျန်ဆန်ပြီး စိတ်တွေညစ်နေတဲ့အခါ ဘယ်လိုနှစ်သိမ့်လို့ နှစ်သိမ့်ရမှန်းမသိဖြစ်တတ်ပါတယ်။ ဒါဆိုရင် အဖော်လိုအပ်နေတဲ့လူတစ်ယောက်ကို ကိုယ့်ဖက်က အတတ်နိုင်ဆုံး နှစ်သိမ့်ပေးပြီး သူ့ရဲ့စိတ်ညစ်စရာတွေကို ပျောက်စေဖို့အတွက် ဘယ်လိုလေးတွေလုပ်လို့ရတယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

Freepik- freepik

(၁) ဖက်ပါ

Sponsored

ပွေ့ဖက်ခြင်းဟာ စိတ်ဖိဆီးမှုနဲ့ အထီးကျန်ဆန်မှုတွေကို လျော့နည်းစေပါတယ်။ ဒါကြောင့် တစ်ဖက်လူကို ဘာမှမပြောဘဲ တင်းတင်းကြပ်ကြပ်ဖက်ထားပြီး နွေးထွေးမှုတွေကို မျှဝေပါ။

(၂) ရင်ဖွင့်တာနားထောင်ပါ

စိတ်ခံစားချက်ကို နှစ်သိမ့်ပေးဖို့ အကောင်းဆုံးနည်းလမ်းကတော့ သူတို့ရဲ့ ရင်ဖွင့်တာမှန်သမျှကို စိတ်ပါလက်ပါ နားထောင်ပေးဖို့ပါပဲ။ ဒါကြောင့် အပြစ်တင်နေမယ့်အစား၊ ဘာလုပ် ဘာလုပ်ဆိုပြီး အကြံတွေပေးနေမယ့်အစား သူတို့ပြောတာလေးတွေကိုပဲ အေးအေးဆေးဆေးနားထောင်ပေးပါ။

Freepik- wayhomestudio

(၃) မုန့်ကျွေးပါ

အထီးကျန်ဆန်ပြီး ဘဝကြီးကို အရှုံးပေးချင်နေတဲ့ လူတစ်ယောက်ကို မုန့်လိုက်ကျွေးလိုက်တာဟာ အကောင်းဆုံးပါပဲ။ ဘာမှစဉ်းစားမနေနဲ့ သူ့လက်ကိုဆွဲပြီး သူစားချင်တာသာ လိုက်ကျွေးလိုက်ပါ။ အချိုဖြစ်ဖြစ်၊ အစပ်ဖြစ်ဖြစ်ပေါ့။

READ
ဓာတ်ပုံရိုက်တဲ့အချိန်တိုင်း စူပါမော်ဒယ်တွေလို အထာကျနေစေမယ့် အကြံပြုချက် (၈)မျိုး

(၄) လှလှပပနေပစ်ပါ

အိမ်ထဲမှာပဲနေပြီး အိမ်နေရင်းအဝတ်ကြီးနဲ့ ညီးစီစီဖြစ်နေမယ့်အစား သူ့ကို မှန်တင်ခုံရှေ့ခေါ်ပြီး အလှပြင်ပေးပါ။ အဝတ်အစားတွေဆင်ပေးပါ။ နောက်ဓာတ်ပုံရိုက်တာပဲဖြစ်ဖြစ်၊ အပြင်သွားတာပဲဖြစ်ဖြစ် စိတ်အပြောင်းလဲဖြစ်အောင် လုပ်ပေးပါ။ မိန်းကလေးဆိုရင်တော့ ဒါဟာ အထိရောက်ဆုံးနည်းလမ်းပါပဲ။ ကိုယ့်ကိုယ်ကိုလှလှလေးဖြစ်နေတာမြင်ရင် စိတ်ညစ်တာတွေလည်း လျော့သွားတတ်တယ်လေ။

Freepik- haritanita

(၅) အတူတူရယ်မောပါ

ရယ်စရာရုပ်ရှင်တွေကြည့်မယ်၊ စကားတွေလျှောက်ပြောမယ်၊ ပေါက်တတ်ကရ လုပ်ရပ်တွေအားလုံးကို စိတ်ထဲရှိတဲ့အတိုင်း လွတ်လွတ်လပ်လပ်လုပ်ပြီး ပျော်ပစ်ပါ။ ရယ်မောခြင်းဟာ စိတ်ညစ်ခြင်းကို လုံးဝမဟုတ်တောင် အားလုံးနီးပါးပြေပျောက်သွားနိုင်ပါတယ်။

penny

sponsored