လူတိုင်းမှာ ဖြစ်ချင်မှုတွေဆိုတာ ရှိတတ်ကြစမြဲပါ။ တစ်နေ့မှာ ကုမဏီပိုင်ရှင်ကြီး ဖြစ်ချင်တာ၊ အဆိုတော်၊ သရုပ်ဆောင် ဖြစ်ချင်တာ၊ billionaire ကြီး ဖြစ်ချင်တာ စသဖြင့်ပေါ့။ ဒါတွေက အိပ်မက်တစ်ခုမဟုတ်ပဲ လက်တွေ့အကောင်အထည် ဖော်နိုင်ဖို့ ဒီအချက်လေးတွေကို လုပ်ဆောင်ကြည့်ပါ။
လက်ရှိ ဖြစ်ချင်တဲ့ ပန်းတိုင်ကို ရွေးချယ်ပါ

လူတွေရဲ့ ဖြစ်ချင်တဲ့အရာတွေကို အကောင်အထည် မဖော်ဖြစ်နိုင်တဲ့ အဓိကပြသနာက ဖြစ်ချင်တာတွေ အရမ်းများနေပြီး ဘာကိုစလုပ်ရမှန်း မသိတဲ့အတွက်ကြောင့်ပါ။ ဒီတော့ အရင်ဆုံး ကိုယ်ဖြစ်ချင်တာတွေထဲက အဖြစ်ချင်ဆုံး ပန်းတိုင် သုံးလေးခုကို အရင်ရွေးချယ်ပါ။ ပြီးသွားရင်တော့ ဒါတွေကို လုံးဝအာရုံစိုက်ဖို့ လိုအပ်ပါတယ်။
Smart goals ရေးဆွဲပါ

Smart goals ဆိုတာက ကိုယ်ဖြစ်ချင်တာတွေကို တကယ်ဖြစ်အောင် လုပ်ဆောင်ဖို့ လိုအပ်တဲ့ အချက်တွေပါ။ ဥပမာ – ကိုယ်လုပ်မယ့် အလုပ်အတွက် အရင်းအနှီးပိုက်ဆံတွေလိုရင် ပိုက်ဆံစုဖို့လိုအပ်တာ၊ ကိုယ့်လိုအပ်တဲ့ အရည်အချင်းအတွက် ပညာရပ်တွေ လေ့လာတာ၊ ကိုယ့်ကိုယ်ကို challenge လုပ်တာ၊ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေကို ရှာဖွေတာ၊ ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတာမျိုး တွေကို တိကျစွာ လုပ်ဆောင်ခြင်းကို ဆိုလိုပါတယ်။
အားစိုက်ပါ

ဖြစ်ချင်တဲ့ အိပ်မက်ပန်းတိုင်တွေကို ဖြစ်ချင်တယ်လို့ ထိုင်အော်နေရုံနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ လိုအပ်တဲ့ အားစိုက်ထုတ်မှုဆိုတာ လိုအပ်ပါတယ် ဒီတော့ ကိုယ်ဖြစ်ချင်တာတွေ တကယ်ဖြစ်လာဖို့ ကြိုးစားမှုတွေ လုပ်ဆောင်ပါ။ တိကျတဲ့ အချိန်တွေသတ်မှတ်ထားပြီး ဘယ်အချိန်မှာ ဘာကိုဖြစ်အောင်လုပ်မယ် ဆိုတာမျိုးနဲ့ ကိုယ်လုပ်ဆောင်မယ့် လမ်းကြောင်းတွေကို plan ဆွဲထားသင့်ပါတယ်။ နောက်ပြီး ဒါတွေကို ဖြစ်အောင် ကြိုးစားလုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ်။
လွယ်လွယ် လက်မလျော့ပါနဲ့

တစ်ချို့လူတွေက အစပိုင်းမှာတော့ ဟုတ်သလိုလိုနဲ့ အခက်အခဲလေး တစ်ခုနှစ်ခုလောက်တွေ့တာနဲ့ မဖြစ်နိုင်ဘူးဆိုပြီး လက်လျော့လိုက်ကြပါတယ်။ တကယ်တော့ စိတ်အားထက်သန်မှုနဲ့ ယုံကြည်မှုသာ ရှိနေမယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ လုံးဝမရှိပါဘူးနော်။ ဒါကြောင့် အခက်အခဲတွေ ကြုံလာတိုင်း ဖြစ်ချင်တာတွေ ဖြစ်လာဖို့ နီးပြီဆိုတာ သတိရပါ လွယ်လွယ်လက်မလျော့လိုက်ပါနဲ့။
Khin