အိမ်မှာ နေရင်း အာလူးကတ်တလိပ် ဒီလို ပြုလုပ်ရအောင်

shutterstock/DronG
Sponsored

အစားအသောက်ကို မနှစ်သက်တဲ့ သူဆိုတာ မရှိပါဘူး။ ကိုယ်တိုင် ချက်ပြုတ်စားကြသလို နှစ်သက်ရာ ဆိုင်တွေမှာ စားတတ်ကြတာကလည်း လူတွေကို ပျော်ရွှင်ပေးကြပါတယ်။ ဒါပေမယ့်လည်း ကိုယ်တိုင်ပြုလုပ်ပြီးမှ စားရတဲ့ အစားအသောက်တွေက ကိုယ့်ကို ပီတိပါ ဖြစ်စေပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေ အိမ်မှာ နေရင်း အပျင်းပြေ ပြုလုပ်စားချင်သည် ဖြစ်စေ သရေစာအဖြစ် စားချင်သည်ဖြစ်စေ ပြုလုပ်နိုင်စေဖို့ အာလူးကတ်တလိပ် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • အကြော်မှုန့်
  • ကြက်ဥ
  • အာလူး (လိုသလောက်)
  • မဆလာ
  • ဆား
  • ဟင်းခတ်မှုန့် သို့ ကြက်သားမှုန့်
  • ငရုတ်သီးမှုန့်
Pixabay/Pexels
Sponsored

ပြင်ဆင်ခြင်း

အာလူးကို ခပ်ပျော့ပျော့လေး ဖြစ်အောင် ပြုတ်ပါ။ ပြုတ်ပြီးသား အာလူးတွေကို အခွံခွာပြီး မညက်တညက် ထောင်းပါ။ အာလူးထောင်းပြီးတဲ့အခါမှာ ဆား၊ ကြက်သားမှုန့် သို့ ဟင်းခတ်မှုန့် အနည်းငယ် အပြင် အရောင်တင်မှုန့်လို့ ခေါ်တတ်ကြတဲ့ ငရုတ်သီးမှုန့် လ္ဘက်ရည်ဇွန်း နှစ်ဇွန်းခန့် အနည်းငယ်ကို ထည့်ပြီး ရောထောင်းပါ။

READ
ပြောင်းဖူးပေါက်ပေါက်ကို စားသင့်တဲ့အချက် (၇) ချက်

တစ်ဖက်မှာ ကြက်ဥကို ခလောက်ပြီး မွှေထားပါ။ အကြော်မှုန့်ကိုလည်း ပန်းကန်တစ်ခုထဲကို ထည့်ထားပါ။

shutterstock/inewsfoto

ပြုလုပ်ခြင်း

ထောင်းထားတဲ့ အာလူးအနှစ်ကို လုံးပြီး မွှေထားတဲ့ ကြက်ဥအရည်နဲ့ အပေါ်ကနေ လုံးပါ။ ပြီးရင် အကြော်မှုန့်ကပ်ပြီး ဆီများများထဲ ထည့်ပြီး ကြော်ရပါမယ်။ နီလာပြီး အပေါ်ခွံတင်းလာပြီဆိုရင် ကျက်ပါပြီ။

shutterstock/kazoka

အာလူးကတ်တလိပ်ကို သရေစာအဖြစ်လည်း စားသုံးနိုင်သလို ထမင်းနဲ့လည်း တွဲဖက် စားသုံးနိုင်ပါတယ်နော်။

Kham

 

sponsored