ကလေးတွေကို ကျန်းမာရေးနဲ့အညီ အစားစားချင်စိတ် ပိုဖြစ်လာစေမယ့် နည်းလမ်းလေး

shutterstock/ucchie79
Sponsored

မေမေတွေက ကလေးတွေ အစားအသောက် ဂျီးများတဲ့အခါ၊ အစားမစားတဲ့အခါမျိုးမှာ အရမ်းကို စိတ်ရှုပ်ရပါတယ်။ ဒီတော့ ကိုယ့်ကလေးလေးကို ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်ပုံစံဖြစ်အောင်၊ အစားပိုစားချင်စိတ်ဖြစ်လာအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းလေးကို ဝေမျှပေးလိုက်ပါတယ်နော်။ ဒီနည်းလမ်းလေးက ကလေးတွေကို အဟာရပြည့်ဝပြီး ကျန်းမာတဲ့သူတွေအဖြစ် ကြီးပြင်းလာစေမှာပါ။

ဈေးဝယ်တဲ့အခါ ကလေးတွေကို ခေါ်သွားပါ

shutterstock/ Kzenon

အချိန်အေးအေးဆေးဆေးရတဲ့ နေ့တွေမှာ ကလေးတွေကိုပါ ဈေးဝယ်ထွက်ဖို့ ခေါ်သွားပြီး ဘာစားချင်တယ်ဆိုတာကို ကိုယ်တိုင် ရွေးခိုင်းပါ။ ဒါက သူတို့ရဲ့ စားချင်တာတွေကို ရွေးချယ်နိုင်သလို သူတို့ဝယ်လာတာလေးတွေဖြစ်လို့ မငြင်းပဲ စားတတ်ကြမှာ ဖြစ်ပါတယ်။

ကိုယ်တိုင် စားခိုင်းပါ

shuttersotck/komokvm
Sponsored

ကလေးတွေရဲ့ အစားစားချင်စိတ်ကို ဖြစ်လာအောင် ခွံကျွေးတာမျိုး မလုပ်ပါနဲ့။ ကလေးတွေက သူများခွံ့ကျွေးတာထက် ကိုယ်တောင်စားရတာကို ပိုသဘောကျတတ်ကြပြီး များများလည်း စားတတ်ကြပါတယ်။ ဒါကြောင့် ကလေးတွေကို သူတို့လက်နဲ့ ကိုယ်တိုင် စားခိုင်းပါ။

READ
လက်၂ဖက်မရှိပေမယ့်လေးစားစရာကောင်းတဲ့အရည်အချင်းတွေနဲ့မိန်းကလေး

သူတို့ကြိုက်တဲ့ ပုံစံလေး လုပ်ပေးပါ

shutterstock/ SewCream

အစားမစားချင်တဲ့ ကလေးတွေကို အစားစားချင်လာအောင် စားစရာတွေကို အရုပ်လေးတွေ ပုံဖော်ပြီး ကျွေးတာက ထိရောက်တဲ့ နည်းတစ်ခုပါ။ ဒါကြောင့် သူတို့ကြိုက်တဲ့ အရုပ်ပုံစံလေးတွေ ဖော်ပြီး စားချင်လာအောင် ဆွဲဆောင်သင့်ပါတယ်။

အစုံ စားခိုင်းပါ

shutterstock/Oksana Kuzmina

တစ်ချို့လူတွေက အစားအသောက် အရမ်းဂျီးများတတ်ကြပါတယ်။ ဒါဟာ ငယ်ငယ်ကတည်းက သေချာမလုပ်ပေးလိုက်တဲ့အတွက် အသက်ကြီးလာတဲ့အခါမှာလည်း ဒီအလေ့အကျင့်ဟာ ပါလာတတ်တာပါ။ ကိုယ့်ရဲ့ ကလေးကို ကျန်းမာတဲ့ စားသောက်ပုံစံဖြစ်ချင်ရင်တော့ အစားမရွေးပဲ အကုန်ကျွေးပါ။ ကလေးလေးကတည်းက အသီးအရွှက်၊ အသားငါးမျှတအောင် စားတတ်အောင် လေ့ကျင့်ပေးပါ။ ဒါက သင့်ကလေးလေးကို ကျန်းမာကြံခိုင်စွာ ကြီးပြင်းလာစေမှာ ဖြစ်ပါတယ်။

Khin

 

sponsored