စိတ်ကောက်နေတဲ့ ချစ်သူကောင်မလေးကို ချက်ချင်းစိတ်ပြေစေမယ့် နည်းလမ်းလေးများ

cookie_studio/ freepik
Sponsored

ချစ်သူကောင်မလေးတွေဟာ စိတ်ကောက်တဲ့အခါ မချော့တတ်ရင် ပိုပိုပြီးစိတ်တိုလာတတ်ကြပါတယ်။ အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ပေါက်သလို ဖြစ်သွားတတ်တာကြောင့် ချစ်သူရှိတဲ့သူတိုင်း ဒီအချက်လေးတွေကို မဖြစ်မနေသိထားရပါမယ်နော်။

(၁) ချစ်သူကောင်မလေးစိတ်ကောက်တဲ့အခါ သူကြိုက်တတ်တဲ့ပစ္စည်းလေးတွေကို ဝယ်ပေးလိုက်ပါ။ တန်ဖိုးကြီးစရာမလိုပါဘူး။ သူကြိုက်တဲ့ ပစ္စည်းလေးဖြစ်ရင် လုံလောက်ပါပြီ။

shutterstock/ Sjale
Sponsored

(၂) ချစ်သူကောင်မလေးစိတ်ကောက်တဲ့အခါ စာရွက်လှလှလေးမှာ တောင်းပန်စာကို လက်လေးနဲ့ရေးပေးလိုက်ပါ။ ဒါဟာ ခေတ်နောက်ကျတယ်လို့ထင်ရပေမယ့် ဘယ်တော့မှ ရိုးမသွားနိုင်တဲ့နည်းလမ်းလေးဖြစ်ပါတယ်။

(၃) ချစ်သူကောင်မလေးစိတ်ကောက်တဲ့အခါ သူစားချင်တဲ့မုန့်လေးတွေကို ဝယ်ပို့ပေးလိုက်ပါ။ ဒါဟာ အထိရောက်ဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။

(၄) ချစ်သူကောင်မလေးစိတ်ကောက်တဲ့အခါ သူကြည့်ချင်တဲ့ ရုပ်ရှင်လက်မှတ်ကို ဝယ်ပေးကာ မုန့်အဆင်သင့်နဲ့စောင့်နေလိုက်ပါ။ ဒါဟာ အရမ်းကောင်းတဲ့နည်းလမ်းလေးပါပဲ။

(၅) ချစ်သူကောင်မလေးစိတ်ကောက်တဲ့အခါ သူ့ကိုရအောင်တွေ့ပါ။ တစ်ခါတလေ ချစ်သူနှစ်ဦးကြားက ပြသနာတွေကို စကားလုံးတွေနဲ့ ဖြေရှင်းလို့မရတော့တဲ့အခါ တစ်ယောက်မျက်နှာတစ်ယောက်မြင်ရရင် အလိုလို ပြေလည်သွားတတ်လို့ပါ။

READ
စိတ်ဖိစီးမှုနဲ့ ထိုင်းမှိုင်းမှုတွေကို ပြန်လည်ကောင်းမွန်လာစေဖို့ ကူညီပေးနိုင်တဲ့ အပြုအမူများ

(၆) ချစ်သူကောင်မလေးစိတ်ကောက်တဲ့အခါ ပန်းစည်းလှလှလေးမှာ ပို့စကတ်လှလှလေးထည့်ရေးပြီး လက်ဆောင်ပေးလိုက်ပါ။ သူကြိုက်တတ်တဲ့ပန်းလေးတွေ ဖြစ်ဖို့လိုပါတယ်။ မိန်းကလေးတွေက ပန်းမြင်တဲ့အခါ အလိုလို စိတ်ပြေသွားတတ်လို့ပါ။

svetlanasokolova/Freepik

(၇) ချစ်သူကောင်မလေးစိတ်ကောက်တဲ့အခါ ဟာသလေးတွေပြောပေးပါ။ အရမ်းစိတ်ဆိုးနေတဲ့အချိန်မှာတော့ ဒီနည်းလမ်းဟာ အထောက်အကူဖြစ်မှာမဟုတ်ပါဘူး။ စိတ်ပြေနေပေမယ့် မူနေသေးတဲ့အခါမျိုးတွေမှာတော့ ဒီနည်းလမ်းဟာ အကောင်းဆုံးပါပဲ။

Em Em

sponsored