မိဘတွေနဲ့ အတွေးအခေါ်ကွာဟမှု ပြဿနာကို ဘယ်လိုအကောင်းဆုံး ဖြေရှင်းကြမလဲ

Freepik- freepik
Sponsored

လူကြီးနဲ့လူငယ်ဆိုတောတော့ အမြဲတမ်းလိုလို ကတောက်ကဆတွေကတော့ ရှိကြမှာပါပဲ။ ဒါဟာ ကိုယ့်အသက် ဘယ်လောက်ပဲကြီးသွားကြီးသွား ကိုယ့်ရဲ့မိဘအုပ်ထိန်းသူတွေနဲ့ အမြဲတမ်းဖြစ်နေမယ့် ပြဿနာတစ်ခုပါ။ ဘာကြောင့်လဲဆိုရင် မိဘတွေအနေနဲ့ ကိုယ်နဲ့က အသက်အရွယ်လည်းကွာတယ်၊ ခေတ်အခြေအနေချင်းလည်း ကွာခြားတဲ့အတွက် အတွေးအခေါ်တွေကစပြီး မတူညီကြတော့တာပါပဲ။ ဒီမှာစပြီး ပြဿနာတွေဖြစ်လာပါပြီ။

ဒီလို အိမ်နဲ့ပြဿနာဖြစ်ပြီး ဖိနှိပ်ခံရတဲ့အထဲမှာ မြန်မာပြည်က မိန်းကလေးတွေအနေနဲ့ အများဆုံးခံရမှာပါပဲ။ အပြင်မထွက်နဲ့၊ ဟိုမသွားနဲ့၊ ဒီမသွားနဲ့၊ ဘာမဝတ်နဲ့စတဲ့ စည်းဘောင်တွေကြား အဓမ္မကိုရှင်သန်ခိုင်းကြတာပါပဲ။ ဒါပေမဲ့ ခေတ်ရဲ့အခြေအနေအရ ပျော်ဖို့အတွက်ပဲဖြစ်ဖြစ်၊ ဘဝတိုးတက်ဖို့ပဲဖြစ်ဖြစ် ဒီလို မိဘအုပ်ထိန်းသူတွေနဲ့ အတွေးအခေါ်ကွာဟပြီး ဘာပဲလုပ်လုပ် ပြဿနာတက်နေရမယ်ဆိုရင်တော့ အဆင်ပြေစေမှာမဟုတ်ပါဘူး။ ဒီတော့ ဒီလိုပြဿနာတွေကို ဘယ်လိုဖြေရှင်းလို့ ရနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

Freepik- bearfotos
Sponsored

နားဝင်အောင်ပြောပါ

လူကြီးတွေနဲ့ စကားပြောပါ။ ညှိနှိုင်းပါ။ ဒီနိုင်ငံမှာ လူကြီးတွေနဲ့ စကားပြောဖို့ဆိုတာ တော်တော်လေးကို ခက်ခဲမှန်းသိပေမယ့်လို့ တစ်ကြိမ်မက၊ နှစ်ကြိမ်မကကို စကားပြောပါ။ အကျိုးသင့်အကြောင်းသင့်ကို ကြိမ်ဖန်များစွာ ရှင်းပြလာခဲ့မယ်ဆိုရင် သူတို့လည်း တဖြေးဖြေးနဲ့တော့ နားလည်လာပါလိမ့်မယ်။ အာရှရဲ့ မိဘနဲ့သားသမီး ဆက်ဆံရေးတွေကိုက ညှိနှိုင်းရခက်ပေမယ့်လို့ အခုလိုခေတ်ကြီးထဲမှာ မိဘတွေဟာလည်း အနည်းနွဲှ့များတော့ နားလညပေးပါလိမ့်မယ်။ ကိုယ် ကြိုးစားဖို့ပဲ လိုအပ်တာပါ။

READ
ကြာရှည်နေတဲ့ Stay Home ကာလမှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ပေးဖို့ လိုအပ်တဲ့ အချက်များ
Freepik- master1305

ယုံကြည်လို့ရကြောင်း သက်သေပြပါ

ကိုယ်ဟာ သူတို့ရဲ့ရှေ့တင်မှာတင်မဟုတ်ဘဲနဲ့ မျက်ကွယ်မှာလည်း မဟုတ်တာမလုပ်ဘဲ ကိုယ့်ကိုယ်ကို ကာကွယ်လို့ရနိုင်တဲ့ မိန်းကလေးတစ်ယောက်ဆိုတာ သူတို့ကိုသိအောင် ပြောပြရမယ်၊ သက်သေပြရပါမယ်။ ဒီလိုမှလည်း သူတို့ဖက်ကနေပြီး ကိုယ့်ကိုလည်း လူ့လောကထဲ တစ်ယောက်တည်းလျှောက်လှမ်းဖို့အတွက် စိတ်ချယုံကြည်မှုတွေရှိလာမှာပါ။

Freepik- freepik

ပုံကန်ပါ

ဒါကတော့ နောက်ဆုံးနည်းလမ်းပါပဲ။ ဘယ်လိုမှ ညှိနှိုင်းလို့မရတော့ဘူးဆိုရင်တော့ ပျိုမေတို့အနေနဲ့ ပုန်ကန်လိုက်တာ အကောင်းဆုံးပါပဲ။ ဒါဟာ ပျက်ဆီးခိုင်းတာမဟုတ်ပါဘူး။ လူကြီးတွေရဲ့ ဆုံးမတဲ့စကားတွေကို အကုန်လုံး နားထောင်နေဖို့ မလိုဘဲနဲ့ လိုအပ်တဲ့အရာတွေကို လက်ခံနားထောင်ပြီးတော့ မလိုအပ်တဲ့အရာတွေကိုလည်း စစ်ထုတ်တတ်ဖို့လိုအပ်ပါတယ်။ အချိန်ဆိုတာ ရပ်တန့်သွားမှာမဟုတ်ပါဘူး၊ အသက်ဆိုတာလည်း ကြီးလာမှာပါပဲ။ ဒီအတွက် ကိုယ့်ဘဝရဲ့ အခွင့်အရေးတွေ၊ လူငယ်ဘဝပျော်ရွှင်မှုတွေကို ထိန်းချုပ်မှုတွေအောက်မှာ အပျက်ဆီးမခံပါနဲ့။ လွတ်လပ်ရေးဆိုတာ တိုက်ယူရပါတယ်။

Freepik- freepik

penny

sponsored