စိတ်ပိုင်းဆိုင်ရာအရ အနိုင်အကျင့်ခံရတာတွေကို ဘယ်လိုမျိုး တွန်းလှန်ကြမလဲ

Freepik- awpixel
Sponsored

အနိုင်ကျင့်တယ်ဆိုတာ လူတွေသူတွေကြားထဲမှာ ကိုယ်ထိလက်ရောက်စော်ကားမှ အနိုင်ကျင့်တယ်လို့ ခေါ်တာမဟုတ်ပါဘူး။ ဥပမာ လုပ်ငန်းခွင်မှာ ကိုယ့်ကိုပဲဖိမဲပြီး အလုပ်တွေ အဆမတန်ခိုင်းတာမျိုး၊ ချစ်သူချင်း ကန့်သတ်ချက်တွေနဲ့ ထိန်းချုပ်ထားတာမျိုး၊ မိဘအုပ်ထိန်းသူက သားသမီးတွေကို ဘာမလုပ်ရဘူး ဘယ်မသွားရဘူးဆိုပြီး စကားတွေနဲ့ဖြစ်စေ နစ်နစ်နာနာပြောဆိုတာမျိုးတွေဟာလည်း စိတ်ပိုင်းဆိုင်ရာအရ အနိုင်ကျင့်မှုတွေပဲဖြစ်ပါတယ်။ ဒီတော့ ဒီလို အနိုင်ကျင့်ခံရတဲ့အခါမျိုးမှာ ကိုယ့်ဖက်ကနေ ဘယ်လိုမျိုးတွေပြန်တုန့်ပြန်ပြီးတော့ တွန်းလှန်ကြမလဲဆိုတာနဲ့ ပတ်သက်ပြီး မျှဝေပေးလိုက်ချင်ပါတယ်။

Freepik- beststudio

ငြင်းပါ

Sponsored

သူတို့လုပ်ခိုင်သမျှ ကိစ္စတွေကို စပြီး ငြင်းပေးပါ။ ငြင်းခြင်းဟာ သူတို့တွေရဲ့ ငါသူ့ကိုအနိုင်ကျင့်လို့ရပါလားဆိုတဲ့ စွဲနေတဲ့ စိတ်ထားကြီးကို အနည်းငယ်စတင်တုန်လှုပ်သွားစေမှာပါ။ ဒါဟာ အနိုင်ကျင့်ခြင်းကို တိုက်ထုတ်ဖို့အတွက် အစပါပဲ။

ပြန်ခုခံပါ

ဒုတိယအဆင့်ကတော့ ပြန်ခုခံတဲ့အဆင့်ပါ။ ဥပမာ အလုပ်မှာ ကိုယ့်ကိုပဲမဲပြီးတော့ အလုပ်တွေ မတရားခိုင်းနေတာမျိုးဆိုရင် ဒါကို ကိုယ်ဟာ စည်းဘေောင်ထဲကနေ သူတို့ကို ပြန်ပြောကာ ခုခံနိုင်ရပါတယ်။ တာဝန်ထဲမှာမပါတာကြောင့် မလုပ်ပေးနိုင်ဘူးဆိုတာမျိုးပေါ့။ ဒါမှမဟုတ် ချစ်သူချင်းဖြစ်တဲ့အခါမျိုးမှာဆိုရင်လည်း လမ်းခွဲမယ်ဆိုတဲ့အထိကို ပြတ်ပြတ်သားသားပြောပစ်လိုက်ပါ။

READ
ဝမ် ၃ သိန်းသာ လက်ထဲ ကိုင်ပြီး အိပ်မက်အတွက် ဆိုးလ်မြို့ကို တက်လာခဲ့တဲ့ Han Sohee
Freepik- dmytrenko fsk

အကူအညီယူပါ

တချို့ကိစ္စတွေဟာ တစ်ယောက်တည်းဖြေရှင်းနိုင်တဲ့ ကိစ္စမျိုးတွေ ရှိသလို တချို့တွေကတော့ ကိုယ်ရင်းနှီးတဲ့လူတွေ ဒါမှမဟုတ် ကျွမ်းကျင်တဲ့လူတွေဆီကနေပြီးတော့ အကူအညီရယူသင့်ပါတယ်။ ဒါကြောင့် ဒီလိုကိစ္စမှာလည်း တစ်ယောက်တည်းကြိတ်ပြီး မဖြေရှင်းလိုက်ပါနဲ့။ အကူအညီရယူပါ။

လျစ်လျူရှုပါ

ကိုယ့်ကို စိတ်ပိုင်းဆိုင်ရာအရ အနိုင်ကျင့်တဲ့လူတွေကို ဘဝထဲမှာ ဆက်မထားနေဘဲနဲ့ လျစ်လျူရှုပြီးတော့ အပြီးတိုင်ထုတ်ပစ်လိုက်ဖို့က အရေးကြီးပါတယ်။ မထုတ်ပစ်နိုင်သည့်တိုင်အောင် သူတို့ရဲ့ လွှမ်းမိုးမှုအောက်မှာ ထပ်ပြီးမ ရောက်သွားအောင် မိမိကိုယ်ကိုယ်မိမိ ထိန်းချုပ်နိုင်ဖို့ကတော့ အရေးအကြီးဆုံးပါပဲ။ ဒီအဆင့် (၄) ဆင့်ကို လုံးဝကျော်ဖြတ်သွားနိုင်ပြီဆိုရင်တော့ သင်ဟာ အနိုင်ကျင့်ခံရခြင်းရန်မှ ကင်းလွတ်သွားပြီပဲဖြစ်ပါတယ်။

Freepik- lenabessonova

penny

sponsored