ခက်ခဲတဲ့ Period အချိန်တွေကို စိတ်ဖိစီးမှုနဲ့နာကျင်ကိုက်ခဲမှု လျော့နည်းစေမယ့် နည်းလမ်းများ

pexels/Polina Zimmerman
Sponsored

Premenstrual syndrome (PMS)  ဆိုဟာ အမျိုးသမီးတစ်ယောက်ရဲ့ ရာသီမပေါ်ခင်  ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ နာကျင်ခံစားရတဲ့အချိန်ပါ။ ဒီအချိန်တွေမှာဆိုရင် အမျိုးသမီးတွေအဖို့ စိတ်အတက်အကျမြန်တာ၊ စိုးရိမ်ပူပန်လွယ်တာ၊ အလွန်အမင်းစိတ်လှုပ်ရှားတာနဲ့ စိတ်ခံစားမှုပြင်းထန်လွန်းတာတွေဖြစ်တတ်ပါတယ်။ ရာသီမတိုင်ခင် စိတ်ဖိစီးမှုလျော့နည်းစေဖို့နဲ့ PMS ဝေဒနာလက္ခဏာရပ်တွေသက်သာအောင် healthline အရ ဒီလိုနည်းတွေကို အသုံးပြုနိုင်တယ်ဆိုပါတယ်။

pexels/Andrea Piacquadio

အေရိုးဗစ်လေ့ကျင့်ခန်း

သုတေသနတွေအရ တစ်လလုံး အေရိုးဗစ်ပုံမှန်ကစားသူတွေမှာ PMS ဝေဒနာလက္ခဏာတွေလျော့ပါးတယ်လို့ ဆိုပါတယ်။ ပုံမှန်အားကစားလုပ်တဲ့မိန်းကလေးတွေဟာ အားကစားမလုပ်တဲ့မိန်းကလေးတွေထက်စာရင် စိတ်ဓာတ်အတက်အကျမြန်တာ၊ စိတ်ဖိစီးမှုများတာနဲ့ အာရုံစူးစိုက်မှုအားနည်းတာတွေကို ခံစားရနိုင်ခြေနည်းပါးသွားတယ်ဆိုပါတယ်။ လေ့ကျင့်ခန်းပြုလုပ်တာက ရုပ်ပိုင်းဆိုင်ရာနာကျင်မှုတွေကိုလည်း သက်သာစေပါတယ်။

စိတ်ဖြေလျော့ခြင်းနည်းလမ်းများ

Sponsored

PMS ကိုထိန်းချုပ်ဖို့အတွက် စိတ်ဖိစီးမှုဖြေလျှော့တဲ့နည်းလမ်းတွေကိုလည်းသုံးနိုင်ပါတယ်။ အများအားဖြင့် ယောဂကျင့်တာ၊ တရားထိုင်တာ၊ အနှိပ်ခံတာစတဲ့နည်းလမ်းတွေရှိပါတယ်။

pexels/Ketut Subiyanto

အိပ်စက်ခြင်း

အလုပ်အရမ်းများတဲ့အခါ မိမိရဲ့အိပ်စက်ချိန်ကိုအနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒါကြောင့် အိပ်ချိန်ကိုတသမတ်တည်းထားဖို့ လိုပါတယ်။ အိပ်ရေးဝဝအိပ်ဖို့က အရေးကြီးတာမှန်ပေမယ့် ဒါနဲ့တင်မလုံလောက်ပါဘူး။ စနေ တနင်္ဂနွေအပါအဝင် တစ်နေ့တာ အိပ်ရာထချိန်၊ နိုးချိန်တွေကို တစ်သမတ်တည်းထားပေးနိုင်ရင် အကောင်းဆုံးပါပဲ။

READ
ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ကိုယ်တိုင် အမှတ်မထင် ဖျက်ဆီးသလို ဖြစ်နေတဲ့ အပြုအမူ(၆)မျိုး

အစားအသောက်

ကစီဓာတ်များတဲ့အစားအသောက်တွေကိုစားပေးနိုင်ပါတယ်။ ကောက်နှံနဲ့လုပ်ထားတာတွေ၊ ကုလားပဲ ၊ ပဲကတ္တီပါစတဲ့ပဲမျိုးတွေ၊ ရွှေဖရုံသီး၊ အာလူး၊ ပြောင်းဖူး၊ ကန်စွန်းဥ၊ ပိန်းဥစတဲ့ အစားအသောက်တွေဟာ PMS အတွင်း အစားအသောက်နဲ့ပတ်သက်လို့ အလွန်အမင်းစားချင်တဲ့စိတ်ကို လျှော့ချပေးနိုင်ပါတယ်။ ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ နွားနို့နဲ့ ဒိန်ချဉ်စတာမျိုးလည်း စားပေးနိုင်ပါတယ်။

ဗီတာမင်များ

လေ့လာတွေ့ရှိချက်တွေအရတော့ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် B-6 ဟာ PMS ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာလက္ခဏာရပ်တွေကိုသက်သာစေတယ်ဆိုပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေအနေနဲ့ မိမိရဲ့period မတိုင်ခင် တစ်ပတ် နှစ်ပတ်အလိုမှာ အယ်လ်ကိုဟော၊ ကဖင်း၊ အဆီများတဲ့အစားအစာ၊ ဆား၊ သကြား စတာတွေကိုရှောင်ကြဉ်သင့်တဲ့အကြောင်းလည်း ဖော်ပြပေးလိုက်ပါတယ်။

AuntyMay

sponsored