ဘဝမှာ ဆုံးရှုံးမှုတွေ၊ ဒဏ်ရာအနာတရတွေ များလွန်းတဲ့အခါ ဒီအရာတွေနဲ့ ရှင်သန်ဖို့ အားမွေးပါ

shutterstock/  andreonegin
Sponsored

အရှုံးတွေ၊ အောင်မြင်မှုတွေ၊ ဝမ်းနည်းခြင်းတွေ၊ ပျော်ရွှင်ခြင်းတွေနဲ့ အချိုးကျ ပေါင်းစပ်ထားတာကို ဘဝကို ခေါ်နိုင်ပါတယ်။ ဒါပေမယ့် လူတွေဆီမှာ ပျော်ရွှင်ရတဲ့ အချိန်တွေထက် နာကျင်ဝမ်းနည်ရတဲ့ အချိန်တွေ ပိုများတတ်သလို၊ အောင်မြင်မှုတွေအတွက် အရှုံးပေါင်းများစွာကို ခံနိုင်ရည် ရှိရပါမလိမ့်မယ်။ ဒီတော့ ကိုယ့်ဘဝမှာ ဆုံးရှုံးမှုတွေ၊ ဒဏ်ရာအနာတရတွေ များလွန်းတဲ့အခါမှာ ရှေ့ဆက်လျှောက်လှမ်းနိုင်ဖို့ ဒီအချက်တွေနဲ့ အားမွေးထားသင့်ပါတယ်။

ဆုံးရှုံးမှုတွေကို လက်ခံနိုင်အောင် ကြိုးစားပါ

shutterstock/KoOlyphoto

လူတော်တော်များများဟာ ကိုယ့်ဘဝထဲက တစ်စုံတစ်ခု သို့ တစ်စုံတစ်ယောက်ကို ဆုံးရှုံးရတဲ့အခါ လက်ခံနိုင်ဖို့ အတော်လည်း ခဲယဉ်းတတ်ကြပါတယ်။ ဒီလို လက်မခံနိုင်လေလေ ကိုယ့်အတွက် ပိုနာကျင်ခံစားရလေပါပဲ။ ဒီတော့ ကိုယ်ဘယ်လို အခြေအနေပဲ ရောက်ရောက်၊ ဘာတွေပဲ ဖြစ်နေနေ အဲဒီ့အရာကို အရှိအတိုင်း လက်ခံတတ်ဖို့က အရေးကြီးပါတယ်။ ဒီလို လက်ရှိအခြေအနေကို လက်ခံတတ်လာမှ ရှေ့ဆက် ဘာလုပ်ရမယ်ဆိုတာကို မြင်အောင်ကြည့်တတ်လာမှာပါ။ ဒီတော့ ဆုံးရှုံးမှုတွေနဲ့ ကြုံရတဲ့အခါ အဲဒီ့အရာတွေကို လက်ခံနိုင်အောင် ကြိုးစားပါ။

READ
ကိုယ့်အပေါ်သစ္စာဖောက်သူကို ယောင်လို့တောင်မှခွင့်မလွှတ်ပေးသင့်တဲ့ အကြောင်းအရင်း (၅)ချက်

အကြောက်တရားကို ရင်ဆိုင်ကြည့်ပါ

shutterstock/ FotoDuets
Sponsored

လူတိုင်းလူတိုင်းမှာ အကြောက်တရားဆိုတာ ရှိပါတယ်။ ဘယ်သူမဆို သူတို့ဆီမှာ ကြောက်တတ်တဲ့ စိတ်ဆိုတာရှိပြီး အဲဒီ့ကြောက်တတ်တဲ့ အရာကို ရင်ဆိုင်ရဲတဲ့သူကိုမှ သတ္တိရှိတဲ့သူလို့ ခေါ်နိုင်တာပါ။ ဒီတော့ ကိုယ့်ဆီမှာရှိနေတဲ့ အကြောက်တရားတွေကို ဖြည်းဖြည်းချင်း အနိုင်ယူကြည့်ပါ။ ဥပမာ – ကိုယ့်အားကိုယ်ကိုးဖို့ ကြောက်တတ်တဲ့စိတ်၊ တစ်စုံတစ်ခုအတွက် စွန့်စားဖို့ ကြောက်တဲ့စိတ်၊ ကျရှုံးမှာကို ကြောက်တဲ့စိတ်၊ တစ်စုံတစ်ယောက်ကို ဆုံးရှုံးရမှာ ကြောက်တဲ့စိတ် စသဖြင့် အဲဒါတွေကို ရင်ဆိုင်နိုင်အောင် ကြိုးစားကြည့်တာမျိုးပေါ့။

အရာအားလုံးကို မထိန်းချုပ်နိုင်ဘူးဆိုတာကို လက်ခံပါ

shutterstock/Mila Supinskaya Glashchenko

တစ်ခါတစ်လေမှာ ဘယ်လောက်ပဲ ကြိုးစားပါစေ အရှုံးနဲ့ ရင်ဆိုင်ရတဲ့ အခါမျိုးဆိုတာလည်း ရှိတတ်ပါတယ်။ တစ်ချို့လူတွေဆို အကြိမ်ကြိမ် ကြိုးစားပေမယ့် အကြိမ်ကြိမ် ကျရှုံးနေဆဲ ဖြစ်နေတာမျိုးပေါ့။ တကယ်တော့ ဒါက ကိုယ့်ကိုယ်ကို အပြစ်တင်လို့ မရပါဘူး ကံတရားကိုပဲ အပြစ်တင်ရမှာပါ။ အချိန်မတန်သေးတဲ့အခါ ဘယ်လောက်ကြိုးစားစား အောင်မြင်မှုမရနိုင်တာမျိုးတွေလည်း ရှိတတ်လို့ပါပဲ။ ဒါကြောင့် ကိုယ်ဟာ အရာအာလုံးကို မထိန်းချုပ်နိုင်ဘူးဆိုတာကို လက်ခံတတ်ရပါမယ်။ ဒါပေမယ့် ကြိုးစားတာကိုတော့ မရပ်လိုက်သင့်ပါဘူး အကြိမ်ကြိမ် ကျရှုံးတယ်ဆိုတာ ကိုယ့်အတွက် foundation ကောင်းကောင်း ချထားတယ်လို့ပဲ မှတ်ယူလိုက်ပါ။ အောင်မြင်မှုက အချိန်ကျရင် ဆိုက်ဆိုက်မြိုက်မြိုက် သင့်ဆီရောက်ကို ရောက်လာမှာပါ။

READ
သင့်ကျန်းမာရေးကို တကယ်ဂရုစိုက်တယ်ဆိုရင် ထမင်းစားပြီးပြီးချင်းမှာ ဒါတွေလုံးဝမလုပ်ပါနဲ့

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ

shutterstock/ Natalia_Grabovskaya

အရာအားလုံးကို ဖြတ်ကျော်ဖို့ လုံလောက်တဲ့ အားအင်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေဖို့ပဲ လိုတာပါ။ ယုံကြည်မှုက အရာအားလုံးကို ဖြတ်ကျော်နိုင်ဖို့ လုံလောက်တဲ့ ခွန်အားတွေ သင့်ကို ပေးမှာပါ။ ဒီတော့ အဓိကက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေဖို့ပဲ လိုပြီး ကိုယ်လုပ်လိုက်တဲ့ အရာတိုင်းကို ယုံကြည်မှုရှိရှိ လုပ်ဆောင်ပါ။ ဒါက ဆုံးရှုံးမှု၊ ဒဏ်ရာတွေကနေ ရုန်းထွက်နိုင်ဖို့ ခွန်အားတွေ ဖြစ်စေမှာပါနော်။

Khin

sponsored