Zone တွေအများကြီးထဲမှာမှ Seen Zone က တော်တော်ခံရခက်တယ်နော်။ စာလဲဖတ်သွားတယ် Reply လဲမပြန်ဘူးဆိုပြီး စိတိအနှောင့်အယှက် ဖြစ်ရတာ အမြဲပါပဲ။ ငါ့ကိုချေတာလား မကျေနပ်ဘူးဆိုတဲ့ အစား ဒီလိုနည်းလမ်းလေးတွေ လုပ်ကြည့်ရင်း စိတ်ကိုအဆင်ပြေအောင် လုပ်ကြည့်နော်။

(၁) Double Text မပို့ပါနဲ့။ သူ seen ထားပြီးသား စာအနောက်မှာ စာတွေထပ်ခါ ထပ်ခါမပို့ပါနဲ့။ သူ Reply မပြန်တိုင်း ကိုယ်က စာတွေအများကြီး ပို့နေမယ်ဆိုရင် အောက်ကျတယ်လေနော်။
(၂) စိတ်အေးအေးထားပါ။ Seen ပြီး reply မပြန်ဘူးဆိုတာကလဲ သူကိုယ့်ကို ပေးတဲ့ message တစ်မျိုးပါပဲ။ စကားမပြောချင်လို့၊ တမင်တကာကို အဖက်မလုပ်တာမျိုးတွေ ဖြစ်တက်တာမို့ ကိုယ့်စိတ်ကိုငြိမ်အောင်ထားပြီးသာ မေ့ပစ်လိုက်ပါ။

(၃) တစ်ခြားတစ်ယောက်နဲ့သာ စကားပြောလိုက်ပါ။ Seen ပြပြီး Reply မပြန်တဲ့ စာတွေကို Hide လိုက်တာဖြစ်စေ၊ Ignore လုပ်လိုက်တာ ဖြစ်စေ လုပ်လိုက်ပြီး တစ်ခြား ကိုယ်နဲ့စကားပြောချင်တဲ့ သူနဲ့ပဲ စကားအဝပြောလိုက်ပါ။
(၄) စကားပြောချင်တဲ့သူက မအားတဲ့အချိန်မှာ reply မပြန်ဖြစ်ရင်တောင် အားတာနဲ့ချက်ချင်း reply ပြန်မှာမို့လို့ အချိန်တစ်ခုတော့ စောင့်ဆိုင်းကြည့်လိုက်ပါ။ တမင်သက်သက် reply မပြန်တာမျိုးဆို ကိုယ့်ဘက်ကလဲ သွားမပြောပါနဲ့တော့။ ဒီတိုင်းမသိသလိုလေးပဲ နေလိုက်ပါ။

(၅) စာတွေ reply မပြန်လို့ဆိုပြီး My Day မှာ reply သွားလုပ်တာမျိုးတွေ ရှောင်ပါ။ My day reply ကိုစာပြန်ရင်တော့ ကိစ္စမရှိပေမယ့် အကယ်၍ သူ့ဘက်က ထုံးစံအတိုင်း seen ပြပြီး no reply ဆို ကိုယ်ပဲစိတ်တိုရမှာမို့ My Day reply တွေလဲ သွားမလုပ်နဲ့နော်။
TPS