လူတစ်ယောက်ရဲ့ စိတ်ကို အလွယ်တကူ ဖတ်နိုင်ဖို့၊ လူကဲခတ်တတ်ဖို့ သိထားသင့်တဲ့ အချက်တွေ

shutterstock/ Dmytro Zinkevych
Sponsored

လူကဲခတ်တတ်တယ်ဆိုတာကလည်း ပညာတစ်ခုလို့ ပြောလို့ရပါတယ်။ အဲဒီ့လူတစ်ယောက်ရဲ့  အပြင်ပန်းပုံစံကို ကြည့်လိုက်ရုံနဲ့ အဲဒီ့လူရဲ့ အတွင်းစိတ်ကို တီးခေါက်မိတာမျိုးပေါ့။ ဒါဟာ သိပ်လွယ်ကူတဲ့ အရာတော့မဟုတ်ပေမယ့် ကိုယ်က သင်ယူတတ်တယ်ဆိုရင်တော့ သိပ်လည်းမခက်ခဲလှပါဘူး။ ကိုယ်ဘေးမှာရှိတဲ့သူတွေဟာ ကိုယ့်အပေါ် ကောင်းတဲ့သူ ဟုတ်မဟုတ်ဆိုတာကို သိနိုင်ဖို့၊ လူတစ်ယောက်ရဲ့ အတွင်းစိတ်ကို ဖတ်နိုင်ဖို့ ဒီအချက်တွေ သိဖို့လိုအပ်ပါတယ်။

မျက်လုံး

shutterstock/ ESB Professional

လူတစ်ယောက်က သူ့ရဲ့ အမူအရာတွေ၊ အပြောတွေနဲ့ တစ်ဖက်လူကို လိမ်လို့ရကောင်းရပါလိမ့်မယ်။ ဒါပေမယ့် မျက်လုံးတွေကတော့ လုံးဝလိမ်ညာလို့မရပါဘူး။ မျက်လုံးဆိုတာကို စိတ်ရဲ့ တံခါးတစ်ချပ်ဖြစ်သလို အဲဒီ့တံခါးပေါက်ကနေ သူ့စိတ်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ ဒါကြောင့် လူတစ်ယောက် ရိုးသားတယ်၊ ကောက်ကျစ်တယ်ဆိုတာကို သူ့မျက်လုံးတွေမှာ ရှာဖွေကြည့်ပါ။

အမူအရာ၊ အပြောအဆို

shutterstock/ Dean Drobot
Sponsored

လူတစ်ယောက်ကို အကဲခတ်တော့မယ်ဆိုရင် သူ့ရဲ့အမူအရာတွေ၊ ပြောဆိုပုံတွေကိုတော့ ဘယ်ချန်ထားခဲ့လို့ ဖြစ်ပါ့မလဲ။ သူဟာ အပြောနဲ့အလုပ် ညီတဲ့သူ ဟုတ်မဟုတ်၊ ကိုယ့်ရဲ့ရှေ့မှာတော့ အပြောချိုနေပေမယ့် တကယ်တမ်းမှာတော့ မျက်နှာဖုံးတွေ ချိတ်ဆွဲထားတတ်သူတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါကတော့ မကျွမ်းကျင်ခင်မှာ အချိန်ယူပြီး လေ့လာစောင့်ကြည့်ရမှာပါ။

READ
ကောင်မလေးတွေ ချစ်သူကောင်လေးဆီက အလိုက်တသိ လိုချင်တတ်ကြတဲ့ အရာ(၆)ခု

လူတိုင်းကို မယုံကြည်သလို သံသယမလွန်ကဲပါနဲ့

shutterstock/ Dean Drobot

ဒီအချက်က အရမ်းကို အရေးကြီးပါတယ် လူတွေကို လွယ်လွယ် မယုံတတ်ဖို့ပါ ဒါပေမယ့် အဲဒီ့လိုပဲ သံသယလည်း မလွန်ကဲပါစေနဲ့။ လူတွေကို အကဲခတ်တယ်ဆိုပြီး မြင်မြင်သမျှကို သံသယလွန်ကဲနေရင်လည်း ဒါဟာ လူကဲခတ်တော်တာမဟုတ်ပဲ အဆိုးမြင်စိတ်များတာ ဖြစ်သွားတတ်ပါတယ်။ လူကဲခတ်တဲ့အခါ ဒါကို ယုံသင့်မယုံသင့် ကိုယ့်ဦးနှောက်နဲ့ သေချာစဉ်းစားသင့်တာပါ။

လေ့လာပါ

shutterstock/ Antonio Guillem

နောက်ဆုံးအချက်လေးကတော့ လေ့လာသင်ယူတတ်ဖို့ လိုပါတယ်။ လူကဲခတ်မညံဖို့ဆိုရင် လူတွေဆီက ဖြည်းဖြည်းချင်း သင်ယူတတ်ရပါမယ်။ အထူးသဖြင့် ကိုယ့်အပေါ် ဆက်ဆံတဲ့ သူတွေဆီကနေ သင်ယူတတ်ဖို့ လိုတာပါ။ ကိုယ့်အပေါ် တကယ်ကောင်းမွန်တဲ့သူက ဘယ်လိုဆက်ဆံတယ်၊ အပြောတစ်မျိုး အလုပ်တစ်မျိုးသူတွေ၊ ကိုယ့်အပေါ် ချောက်တွန်းချင်တဲ့ သူတွေစသဖြင့် ဒီလို လူတွေဆီကနေ သင်ယူရင်း လူကဲခတ်တော်တဲ့သူတစ်ယောက် ဖြစ်လာစေပပါတယ်နော်။

READ
အမှားတွေထပ်မလုပ်ဖို့ပြောလာတဲ့ ပရိသတ်ကို ပြန်တုံ့ပြန်လိုက်တဲ့ T.O.P

Khin

sponsored