ဒီအချက်တွေနဲ့သင့်ရဲ့ဝမ်းနည်းနေတဲ့ ဇနီးကို နှစ်သိမ့်ပေးနိုင်မှာပါ

Sponsored

အိမ်ထောင်ကျသွားတဲ့အခါ အမျိုးသမီးတွေဟာ ကိုယ့်ကလေးတွေကိုပြုစုစောင့်ရှောက်နေရတာနဲ့တင် အချိန်တွေကုန်သွားတတ်ကြတယ်။ ဒီလိုနဲ့အချိန်ကုန်သွားတတ်ကြလို့ တစ်ခါတစ်လေ အမျိုးသမီးတွေရဲ့ ခံစားချက်တွေကို ပြောပြဖို့အချိန်မရဘူး။ ဒီလိုအချိန်တွေ များလာရင် အမျိုးသမီးတွေရဲ့စိတ်ကမရွှင်ကြတော့ပါဘူး။ ဒါကြောင့် သင့်အမျိုးသမီးက သင်ရဲ့နွေးထွေးမှုတွေကို လိုတယ်။ ဒီအချက်တွေကတော့ သင့်အမျိုးသမီးကို ပျော်အောင်လုပ်ပေးနိုင်တဲ့အချက်တွေပဲဖြစ်ပါတယ်။

(၁) သူမရဲ့ ခံစားချက်တွေကို နားထောင်ပေးလိုက်ပါ

အမြဲ အိမ်အလုပ်တွေနဲ့အချိန်ကုန်နေတဲ့ သူမရဲ့ခံစားချက်တွေကို ပြောပြတဲ့အခါ စိတ်ရှည်ရှည်နဲ့ နားထောင်ပေးလိုက်ပါ။ သူမ ရင်ထဲမှာ ပြောစရာတွေအများကြီှးရှိကောင်းရှိနိုင်တယ်၊ ရင်ဖွင့်စရာတွေရှိကောင်းရှိနိုင်လို့ပါ။ ဒါကြောင့် သူမရဲ့ ခံစားချက်ကိုအချိန်ပေးပြီးနားထောင်ပေးတာက သူမ ခံစားနေရတာတွေ တစ်ဝက်လျော့သွားနိုင်ပါတယ်။

(၂) သူမကို နွေးထွေးမှုတွေပေးလိုက်ပါ

Sponsored

သူမကို သင်ရဲ့နွေးထွေးမှုတွေနဲ့ နှစ်သိမ့်ပေးလိုက်ပါ။ သင် သူမကိုဘယ်လောက်ချစ်ကြောင်း ပြောပေးပါ။ သူမကိုယ်သူမ အကောင်းမြင်တတ်အောင် လမ်းပြပေးလိုက်ပါ။ သူမမှာ ၀မ်းနည်းစရာတွေရှိရင် ဘေးကနေ အပြစ်မပြောနေဘဲ ဖေးမပေးလိုက်ပါ။ သူမကို နှစ်သိမ့်ပေးနိုင်တဲ့သူက သင်ပဲဖြစ်လို့ သူမဘ၀ထဲကို အလင်းပေးလိုက်ပါ။

READ
မင်္ဂလာမဆောင်ခင် သေချာစဉ်းစားကို စဥ်းစားရမယ့် အချက် (၅)ချက်

(၃) သူမကို ကူပေးပါ

သင့်ဇနီးအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာ သင်ကိုယ်တိုင်သိအောင်လုပ်ပေးပါ။ သူမကိုကူပေးနိုင်တဲ့ကိစ္စဆို ကူပေးလိုက်ပါ။ ဒီလို လုပ်ပေးလိုက်ရင် သူမပျော်သွားမှာပါ။ သူမအတွက် သင် ဘာပဲလုပ်ပေးလုပ်ပေး သူမလက်ခံမှာပါ။ အကြောင်းကတော့ သူမ သင်ကိုချစ်လို့ပါ။ နောက်ပြီး သင် သူမအတွက် လုပ်ပေးတဲ့အရာတွေကိုလည်း ဂုဏ်ယူနေမှာပါ။

(၄) သူမရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပါ

သူမအတွက် ဘာတွေလိုအပ်နေလဲ ၊ ဘာတွေဖြစ်နေလဲဆိုတာသူမရဲ့မျက်နှာကိုခန်းမှန်းကြည့်လိုက်ပါ။ ပြီးရင် သူမရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလိုက်ပါ။ သင့်ရဲ့နွေးထွေးမူတွေကိုလိုနေတယ်ဆိုရင် သူမကို ထွေးဖက်ပေးပါ။ သူမ၀မ်းနည်းလို့ ငိုချင်နေရင် သင့်ပခုံးကိုပေါ်မှာ ငိုခွင့်ပေးလိုက်ပါ။ ပြီးရင် သူမကို သင်တတ်နိုင်တဲ့နည်းနဲ့ နှစ်သိမ့်ပေးလိုက်ပါ။

(၅) သူမအတွက် ခင်ပွန်းကောင်းဖြစ်ပါစေ

လက်ထပ်တယ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ၀မ်းနည်းစရာတွေ ၊ ပျော်ရွှင်စရာတွေကို မျှဝေပေးရမှာပါ။ တစ်ယောက်ရဲ့စိတ်ညစ်စရာတွေ တစ်ယောက်နဲ့တိုင်ပင်၊ ၀မ်းနည်းစရာတွေကိုဆို တစ်ယောက်နဲ့တစ်ယောက်မျှေ၀၀မ်းနည်း၊ တစ်ယောက် အခက်အခဲဖြစ်နေရင် တစ်ယောက်က ဖေးမပေးရမှာပါ။ ခင်ပွန်းနဲ့ဇနီးဆိုတာ အချစ်ရဆုံးသူလည်းဟုတ်၊ သူငယ်ချင်းဆိုလည်းဟုတ်၊ တိုင်ပင်ဖော်ဆိုလည်းဟုတ်ပါတယ်။ ဒါကြောင့် သင်ဟာ သူမအတွက် ခင်ပွန်းကောင်းတစ်ယောက်ဖြစ်နိုင်အောင်ကြိုးစားလိုက်ပါ။

READ
ယောကျာ်းတစ်ယောက်ကို အောင်မြင်အောင်ပံ့ပိုးပေးနေနိုင်တဲ့ ၊ ထက်မြက်တဲ့ မိန်းမဆိုတာ ....
Hannwe Soe (Auntymay)
sponsored