မဝတ်ချင်တော့တဲ့ ဂျင်းဘောင်းဘီတွေကို အသုံးဝင်သွားအောင် ဒီလို ပြောင်းလဲကြမယ်

IG/kokoon_by_karpat
Sponsored

ဂျင်းဆိုတာ ဘယ်တော့မှ ရိုးမသွားတဲ့အထဲမှာ ပါပါတယ်။ ဒါပေမယ့်လည်း ဂျင်းကိုမှ မတူတဲ့ ဒီဇိုင်းတွေကို ခေတ်အလိုက် ရွေးချယ် ဝတ်လေ့ ရှိပါတယ်။ သင့်ရဲ့ အဝတ်ဘီရိုထဲမှာ သင် မဝတ်တော့တဲ့ ဂျင်းဘောင်းဘီတွေ ရှိနေတယ်ဆိုရင်တော့ ဒီတိုင်း ကြည့်နေရတာ နှမြောစရာ ကောင်းလှပါတယ်။ အသုံးမဝင်တော့ဘူးလို့ ထင်ရတဲ့ ဒီဘောင်းဘီတွေကို ပုံစံပြောင်းပြီး အသုံးဝင်အောင် လုပ်လိုက်ရင်တော့ သင့်အတွက် အသုံးတည့်သွားမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဂျင်းဘောင်းဘီ အဟောင်းတွေကို ဘယ်လို ပုံစံပြောင်းလိုက်လို့ ရသလဲဆိုတာကို ဖော်ပြလိုက်ရပါတယ်။

(၁) Tote Bag

Sponsored

ဂျင်းဘောင်းဘီတွေကို အိတ်တွေ အဖြစ် အသွင်ပြောင်းလိုက်လို့ ရပါတယ်။ အခုခေတ်စားနေတဲ့ ဘေးလွယ်အိတ်လေးတွေကို ဂျင်းဘောင်းဘီတွေကို ပြန်ဖြတ်ပြီး စတိုင်ကျတဲ့ အိတ်လှလှလေးတွေအဖြစ် ဖန်တီးလိုက်လို့ ရပါတယ်။

 

 

View this post on Instagram

 

A post shared by KEFA (@kefa_petra_in_irena_lesjak) on

(၂) စကပ်

READ
အိမ်မှာ အပျင်းပြေပုံဖော်နိုင်မယ့် လက်သည်းပုံဖော်နည်းများ

ဘောင်းဘီတွေဆိုတာ ဘောင်းဘီတွေအဖြစ်ပဲ ရှိနေတာ မဟုတ်ပါဘူးနော်။ ကိုယ့်စိတ်ကူးပေါ် မူတည်ပြီး စကပ်မျိုးစုံလည်း ဖြစ်သွားနိုင်ပါသေးတယ်။ ဘောင်းဘီအဖြစ် ဝတ်ရတာ ရိုးသွားရင် စကပ်သာ ပြောင်းချုပ်လိုက်ပါနော်။

 

 

View this post on Instagram

 

A post shared by Personal Shopper Onitsha (@shop2glow) on

(၃) အခင်းများ

ပုံစံပြောင်းချုပ်လည်း ဟောင်းနေတဲ့ ပုံစံ ဖြစ်နေတဲ့ ဂျင်းတွေကိုတော့ အခင်းတွေ လုပ်ပစ်လို့ ရပါတယ်။ ဂျင်းဆိုတာ ဟောင်းလည်း မိုက်နေဆဲပါပဲ။ ဝတ်လို့ မမိုက်ဘူးထင်ရင် အခင်းတွေ လုပ်လိုက်ရင် အသုံးဝင်မှု တစ်ခု ဖြစ်သွားမှာပါ။

 

 

View this post on Instagram

 

A post shared by martineparlotes (@martine.parlotes) on

(၄) အိမ်အသုံးအဆောင်

READ
ဖက်ရှင်လောကမှာ တစ်ကျော့ပြန် ခေတ်စားလာတဲ့ (၁၉၆၀)ခုနှစ်တွေက ဖက်ရှင်များ

အိမ်အသုံးအဆောင်အတွက်လည်း လုပ်လို့ ရပါသေးတယ်။ ဟင်းချက်ရင် သုံးတဲ့ အဝတ်အဖြစ် ပြောင်းချုပ်လိုက်လို့လည်း ရသလို၊ အပူခံ အဝတ်အဖြစ်လည်း သုံးလို့ ရပါတယ်။ အိတ်ကလေးတွေနဲ့ စုံစီနဖာစီ ထည့်လို့ ရတဲ့ အရာအဖြစ်လည်း ပြော်င်းလဲလို့ ရပါသေးတယ်။

 

 

View this post on Instagram

 

A post shared by Dolcfilato (@dolcefilato.shop) on

(၅) ကူရှင်

လွယ်လွယ်လေးနဲ့ ပုံစံ ပြောင်းပစ်ချင်ရင်တော့ ကူရှင်တွေအဖြစ် ချုပ်ပစ်လို့ ရပါတယ်။ အဝိုင်းပုံ ကူရှင်လည်း ချုပ်ရသလို လေးထောင့်ပုံ ကူရှင်လေးလည်း ပြောင်းချုပ်လို့ ရပါသေးတယ်။

 

 

View this post on Instagram

 

A post shared by Audrey Lecompte (@audleco) on

Kham

sponsored