ညနက်လာလေ အတွေးများလေ မဖြစ်စေဖို့ လိုက်နာရမယ့် အချက်များ

shutterstock/DimaBerlin
Sponsored

ညတိုင်း ညနက်လာလေ အတွေးတွေက ကြောင်တောင်တောင် ဖြစ်လာလိုက်၊ အထီးကျန်သလို ဖြစ်လာလိုက် ဖြစ်တတ်တာမျိုးက တကယ့်ကို မကောင်းတဲ့အချက် ဖြစ်ပါတယ်။ ဒီလိုမျိုး နေ့ပေါင်းများစွာ ကြာလာတဲ့အခါမှာ စိတ်ကျရောဂါတောင် တဖြည်းဖြည်း ခံစားရနိုင်ပါတယ်။ ညနက်လေ အတွေးများလေ မဖြစ်အောင် သင့်ဘက်က ဒီလို အချက်တွေနဲ့ လိုက်နာ ကာကွယ်နိုင်ပါတယ်။

၁။ ညနေဘက် လေ့ကျင့်ခန်း လုပ်ပါ

Sponsored

လေ့ကျင့်ခန်း လုပ်တယ်ဆိုတာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အရာပါ။ ညနေဘက်တိုင်း လေ့ကျင့်ခန်း လုပ်ပေးမယ်ဆိုရင်တော့ ချွေးတွေ ထွက်ပြီး လန်းဆန်းစေသလို အိပ်ချင်စိတ်ကိုလည်း ပိုပြီး ဖြစ်စေပါတယ်။ ညဘက် အိပ်ချင်စိတ် မရှိလို့ အိပ်ဖို့  ခက်ခဲနေသူတွေအဖို့ ဒီနည်းကို အသုံးပြုသင့်ပါတယ်။

READ
အသက်(၂၅) ကျော်လာတဲ့ ပျိုမေတိုင်း နုပျိုမှုကို ထိန်းသိမ်းဖို့ လိုက်နာသင့်တဲ့ အချက်တွေ
Racool_studio/Freepik

၂။ အိပ်ချိန်မတိုင်ခင် လူမှုကွန်ယက်သုံးတာ ရှောင်ပါ

လူမှုကွန်ယက်က ကောင်းကျိုးတွေ ရှိတာ မှန်ပေမယ့် သင့်ကျန်းမာရေးကို ထိခိုက်စေနေပါတယ်။ လူမှုကွန်ယက်အသုံးများတာက စိတ်ကျရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အိပ်ရာမဝင်ခင် လူမှုကွန်ယက် သုံးတာက သင့်ရဲ့ အိပ်ချင်စိတ်တွေကို ဖြစ်မလာအောင် တားဆီးသလို ဖြစ်နေတဲ့အပြင် အတွေးတွေကို ပိုပြီး များလာစေပါတယ်။ ဒီအတွက် အိပ်ချိန်မတိုင်ခင် လူမှုကွန်ယက် မသုံးသင့်ပါဘူး။

diana.grytsku/Freepik

၃။ မအိပ်ခင် ရေချိုးပါ

အိပ်ခါနီးမှာ ရေချိုးအိပ်တာက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။ ရေချိုးလိုက်တဲ့အခါ အကြောအခြင်တွေ ပြေလျော့သွားပြီး သင့်ကို ပိုပြီး အိပ်ချင်စိတ် ဖြစ်လာစေပြီး အလွယ်တကူ အိပ်ပျော်သွားစေပါလိမ့်မယ်။

torwaiphoto/Freepik

၎။ အိပ်ချိန် သတ်သတ်မှတ်မှတ် ထားပါ

READ
အမူအရာလေးတွေနဲ့ ပျော်ပျော်ပါးပါးသီချင်းဆိုနေတဲ့ ဘေဘီမောင်နဲ့သားဂန်း

အိပ်ချိန် မမှန်တာကလည်း ညဘက် သင့်ကို အတွေးများပြီး အခက်အခဲ ဖြစ်စေတဲ့အချက်ပါပဲ။ အိပ်မပျော်လို့ မအိပ်ရာကနေ အိပ်ချိန်လွဲလာပြီး အိပ်မပျော်တာတွေ ထပ်ဖြစ်တတ်ပါသေးတယ်။ ဒါကြောင့် အိပ်ချိန်ကို သတ်သတ်မှတ်မှတ် ထားပြီး အိပ်တာက ညနက်တိုင်း အတွေးများပြီး အဆင်မပြေတဲ့ အချက်ကို သက်သာသွားစေပါတယ်။

tirachardz/Freepik

၅။ အတွေး မများပါစေနဲ့

ညရောက်တိုင်း အတွေးတွေ ဖောက်လာတာမျိုးက ခံစားဖူးသူပဲ ခံရခက်အောင် နားလည်ကြတာပါ။ ဒါကြောင့် ဒီလို ဖြစ်နေတာက စိတ်ကျန်းမာရေးအတွက်ရော၊ ကိုယ်ကျန်းမာရေးအတွက်ပါ မကောင်းတာကို နားလည်ရပါမယ်။ ဒါ့အပြင် အတွေးတွေ များနေမိပြီလို့ သတိထားမိတိုင်း ဘာမှ မတွေးဖြစ်အောင် အာရုံလွှဲပါ။ အိပ်ပျော်ဖို့ကို အကောင်းဆုံး ကြိုးစားရမှာပါ။

Kham

sponsored