ရယ်မောရတဲ့ တစ်နေ့တာ ဖြစ်ဖို့ သင်ကိုယ်တိုင် လုပ်နိုင်တဲ့ အရာများ

Photo by Anna Shvets from Pexels
Sponsored

ဘဝအမောတွေ များတဲ့ လောကကြီးထဲမှာ ပျော်စရာ အချိန်လေးတွေ ရှိဖို့လည်း လိုပါတယ်။ ပျော်ရွှင်စရာ အချိန်ခဏလေးက အမြဲ ဝမ်းသာစရာ ဖြစ်နေနိုင်တာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ ပျော်စရာတွေမှာလည်း အကြောင်းကြောင့် ဖြစ်လာတဲ့ ပျော်ရွှင်စရာတွေ ရှိနေသလို ကိုယ်တိုင် ပျော်ရွှင်စရာ ဖြစ်အောင် ဖန်တီးလို့လည်း ရပါတယ်။ အားလပ်ရက်တစ်ရက် သို့မဟုတ် ကိုယ်အနားယူမယ့် တစ်နေ့တာကို ပျော်စရာ ဖြစ်အောင် ဖန်တီးချင်ရင်တော့ ဒီလိုမျိုး ပြုလုပ်နိုင်ပါတယ်။

(၁) ပူပန်စရာတွေ မတွေးပါနဲ့

Sponsored

ပထမဆုံး တစ်နေ့တာကို ပျော်ရွှင်စေဖို့ဆိုရင် ပူပန်စရာတွေကို မေ့ထားလိုက်ဖို့ လိုပါတယ်။ အလုပ်တွေနဲ့ တစ်ခြား တာဝန်ယူရမှာတွေကို တစ်ရက်လောက်တော့ မတွေးဘဲ နေကြည့်လိုက်ပါ။ ဒါက သင် ပျော်ရွှင်နိုင်စေမယ့် အခွင့်အရေးပါပဲ။ သင် မေ့ထားမယ်ဆိုရင်တော့ စိတ်တွေ ကြည်လင်ပြီး ပျော်ရွှင်ဖို့ကို အဟန့်အတားမရှိ လုပ်နိုင်မှာ ဖြစ်ပါတယ်။

READ
သူငယ်ချင်းတွေနဲ့ခရီးထွက်တဲ့အခါရိုက်လို့ရမယ့် "friendship goal"ဓာတ်ပုံလေးများစုစည်းမှု
Photo by Daria Shevtsova from Pexels

(၂) အိမ်သန့်ရှင်းရေး လုပ်ပါ

စိတ်ပူစရာတွေ မေ့ထားပြီးရင် စိတ်တွေ အာရုံတစ်ခုတည်းမှာ ရှိဖို့ဆို အလုပ်တစ်ခုခုကို ဆောင်ရွက်သင့်ပါတယ်။ အိမ်သန့်ရှင်းရေး လုပ်တာက စိတ်တွေကို တည်ငြိမ်စေပြီး အိမ်ကို သပ်ရပ်သန့်ရှင်းစေပါတယ်။ သန့်ရှင်းပြီး ကြည့်ကောင်းနေတဲ့ အိမ်က စိတ်တွေကို လန်းဆန်းစေလို့ ပျော်ရွှင်မှုကို အထောက်အပံ့ဖြစ်စေပါတယ်။

Photo by Gustavo Fring from Pexels

(၃) ဟာသကားလေးတွေ ကြည့်ပါ

ဒီလိုမျိုး အပေါ်က အချက်တွေ ပြီးရင်တော့ ဟာသကား တစ်ကားကို သက်တောင့်သက်သာ နေရာမှာ လှဲကြည့်တာမျိုးက သင့်ကို ပျော်ရွှင်ရပါစေလိမ့်မယ်။ ဇာတ်လမ်းက ရယ်စရာတွေ အားပါးတရ ရယ်မောရင်းရဲ့ သင့်ရဲ့ ပျော်ရွှင်မှုတွေကို သင့်ဆီကို ခေါ်လာမှာ ဖြစ်ပါတယ်။ ရယ်နေတဲ့ အချိန်တွေတိုင်းက သင့်ကို ပေါ့ပါးလန်းဆန်းစေတာမို့ ပုံမှန် ဟာသကားတွေ ကြည့်ပေးနိုင်ရင် အကောင်းဆုံးပါပဲနော်။

READ
သခင်အပေါ်မှာ ကလေးတွေလို ဆိုးချင်တိုင်းဆိုးနေကြတဲ့ ချစ်စဖွယ် တိရစ္ဆာန်လေးများ
Photo by Ekaterina Bolovtsova from Pexels

(၄) သီချင်းတွေနဲ့ လိုက်ကပါ

ထပ်ပြီး ကိုယ်ရော စိတ်ပါ ကြည်လင်ချင်ရင်တော့ သီချင်း အမြူးလေးတွေ ဖွင့်ပြီး ကတတ်သလို လိုက်ကတာပဲ ဖြစ်ပါတယ်။ ကချင်သလို ကရင်း ရယ်ချင်စိတ်တွေပါ ဖြစ်လာစေပြီး သင့်ကို တဖြည်းဖြည်း လန်းဆန်းလာစေမှာပါ။ သီချင်းတွေကလည်း လူကို ပြောင်းလဲတတ်စေတာမို့ သင့်ကို ပျော်ရွှင်စရာ နေ့ရက်တွေ ပိုင်ဆိုင်ရစေမှာပါ။

(၅) လေကောင်းလေသန့် ရှူပါ

စိတ်တွေ ကြည်လင်ပြီး ပျော်ရွှင်နေတဲ့အချိန်မှာ လေကောင်းလေသန့်လေးကို ရှူကြည့်ပါ။ သင့်စိတ်တွေ ပိုပြီး လန်းဆန်းလာမှာပါ။ လေကောင်းလေသန့် ရှူပေးပြီး သင့်အဆုတ်ကို သန့်ရှင်းပေးတာက ကျန်းမာရေးအတွက်လည်း သင့်လျော်ပါတယ်။ ဒါကြောင့် ပျော်ရွှင်ချိန်မှာ လေရှူပေးဖို့ မမေ့ပါနဲ့နော်။

Kham

sponsored