အလုပ်လုပ်ချင်စိတ် မရှိတဲ့ နေ့ရက်ကို ဘယ်လို အကောင်းဆုံး ကျော်ဖြတ်မလဲ…

Photo by Andrea Piacquadio from Pexels
Sponsored

အရွယ်ရောက်လာတဲ့ သူတိုင်းကတော့ လုပ်ငန်းခွင်ကို ဝင်ပြီး အလုပ်လုပ်ရတာပါပဲ။ အလုပ်မလုပ်ချင်လည်း လုပ်ငန်းခွင် ဝင်နေတဲ့သူတွေအဖို့ ငြင်းခွင့် မရှိပါဘူး။ ဒါပေမယ့်လည်း တစ်ခါတစ်လေ အလုပ်လုပ်ဖို့ ဘယ်လို ခွန်အား ဘယ်လိုစိတ်နဲ့ လုပ်ရမယ်မှန်းတောင် မသိတဲ့ အလုပ်လုပ်ချင်စိတ် ပျောက်တဲ့ နေ့ရက်တွေလည်း ရှိနေတတ်ပါသေးတယ်။ ဒီလိုမျိုး အလုပ်လုပ်ချင်စိတ် ပျောက်တဲ့ နေ့ရက်ကို အကောင်းဆုံး ဒီလို ဖြတ်ကျော်နိုင်ပါတယ်နော်။

၁။ အားဖြည့် အချိုရည်သောက်ပါ

Sponsored

အလုပ်လုပ်ချင်စိတ် မရှိတဲ့နေ့တွေက အားအင်မရှိသလိုပါ ခံစားနေရတတ်ပါသေးတယ်။ ဒီလို အချိန်အတွက် အသင့်တော်ဆုံးကတော့ အားဖြည့်အချိုရည် သောက်တာပါပဲ။ အားဖြည့်အချိုရည်မှာ မလန်းဆန်းတဲ့ စိတ်တွေကို ပြန်လည်လန်းဆန်းသွားစေအောင် ပြုလုပ်ပေးတဲ့ ကဖင်းဓာတ်တွေ ပါဝင်လို့ အလုပ်လုပ်ချင်စိတ် ပျောက်တဲ့ တစ်နေ့တာကို အားဖြည့်အချိုရည်က အထောက်အကူပြုပေးပါလိမ့်မယ်။

READ
ခန္ဓာကိုယ်သွယ်လျလှပဖို့အတွက် ဂျပန်လူမျိုးတွေရဲ့ အရိုးရှင်းဆုံးနည်းလမ်းကောင်း (၆)မျိုး
Photo by Andrea Piacquadio from Pexels

၂။ သီချင်း နားထောင်ပါ

သီချင်းတွေက စိတ်အခြေအနေကို ပြောင်းလဲပေးနိုင်ပါတယ်။ စိတ်တွေ မလန်းဘူး အလုပ်မှာ စိတ်မဝင်စားဘူးဆိုတဲ့ အခြေအနေမှာ ဒီအတိုင်း ထိုင်ပြီး အလုပ်လုပ်နေတာက ဘယ်လိုမှ စိတ်ကြည်လာမှာ မဟုတ်ပါဘူး။ ကိုယ့်အကြိုက် သီချင်းလေးတွေနဲ့ စိတ်ကို အနည်းငယ် လန်းဆန်းသွားအောင် ပြုလုပ်ပေးသင့်ပါတယ်။

Photo by Andrea Piacquadio from Pexels

၃။ အတွေး မများစေပါနဲ့

အတွေးတွေ များနေရင် ဒီလို စိတ်မပါတဲ့ အလုပ်ရက်ကို ဖြတ်သန်းဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။ အလုပ်ကို သေချာ လုပ်ပြီး တစ်နေ့တာ ပြီးမြောက်သွားစေဖို့ဆိုရင် အလုပ်ကလွဲရင် တခြားသော ဟိုတွေး ဒီတွေး တွေးစရာ ပေါင်းစုံကို လိုက်မတွေးလိုက်ပါနဲ့နော်။ အတွေးတွေက အလုပ်ကိုပါ အနှောင့်အယှက် ဖြစ်သွားစေနိုင်ပါတယ်။

READ
လက်ရှိတွဲနေတဲ့ ချစ်သူက သင့်ကို တကယ်လက်ထပ်မလား သိနိုင်မယ့် အချက်များ
Photo by Andrea Piacquadio from Pexels

၎။ နာရီ မကြည့်ပါနဲ့

ဘယ်အချိန် ရုံးဆင်းမလဲဆိုတာမျိုးကလည်း ဒီလို နေ့မျိုးမှာ မတွေးသင့်ပါဘူး။ အချိန်ဆိုတာက စောင့်လေ ကြာလေမို့ နာရီ တကြည့်ကြည့် ဖြစ်နေရင် အချိန်တွေ အကြာကြီး ဖြတ်သန်းနေရသလို ခံစားရစေပါလိမ့်မယ်။ ဒါကြောင့် အလုပ်ကို စိတ်မပါတဲ့ နေ့တွေမှာ နာရီ လုံးဝ မကြည့်ဖြစ်လေ ကောင်းလေပါပဲ။

Photo by Andrea Piacquadio from Pexels

၅။ နားနားပြီး လုပ်ပါ

အလုပ်တွေ မလုပ်ချင်တဲ့ နေ့မှာ အနားမယူဘဲ လုပ်တာက အလုပ်လုပ်ရ ပိုပြီး ခက်ခဲ ပင်ပန်းစေနိုင်ပါတယ်။ ဒါကြောင့် ဒီလိုနေ့မျိုးမှာ အလုပ်လုပ်နေရတဲ့ အချိန်မျိုးတွေကို ဆက်တိုက် လုပ်နေတာမျိုးထက် နားနားပြီး အလုပ်လုပ်တာ သင့်ကို သက်သာစေနိုင်ပါတယ်။

Kham

sponsored