အမြဲ ပျော်ရွှင်ရတဲ့ သူတစ်ယောက် ဖြစ်ဖို့ သင်ကိုယ်တိုင် ပြုလုပ်နိုင်တဲ့ အရာများ

fahroni/Freepik
Sponsored

ပျော်ရွှင်တဲ့သူ ဖြစ်ချင်လိုက်တာဆိုပြီး ညည်းစရာ မလိုပါဘူး။ သင် ပျော်ဖို့အတွက် သင် ကိုယ်တိုင်မှာပဲ အဓိက တာဝန်ရှိနေပါတယ်။ ပျော်ပျော်နေတတ်တဲ့သူတွေက အားကျခံရသလို ကိုယ့်ကြောင့်လည်း တစ်ခြားသူတွေကို ပျော်ရွှင်သွားစေတတ်ပါတယ်။ တကယ်လို့ သင်က နေ့ရက်တွေကို ပျော်ရွှင်စရာ အချိန်တော်တော်များများနဲ့ ဖြတ်သန်းချင်ရင်တော့ ဒီအချက်တွေကို ကျင့်သုံးနိုင်ပါတယ်။

(၁) ဟာသကား ပုံမှန် ကြည့်ပါ

Sponsored

တစ်ပတ်ကို တစ်ခါလောက် နှစ်ခါလောက် ဟာသကားတွေကို ကြည့်ပေးတာက သင့်ကို စိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ်။ ဒါ့အပြင် သင့်ကို ပျော်ရွှင်ရတဲ့ အချိန် တိုးစေပါတာယ်။ ပျော်ရွှင်နေတဲ့အချိန်က သင့်အတွက်ဘယ်လောက် အကျိုးရှိတယ်ဆိုတာကိုလည်း ပိုပြီး သိလာရစေမှာလည်း ဖြစ်ပါတယ်။

Photo by Andrea Piacquadio from Pexels

(၂) စိတ်ဖိစီးမှုတွေကို လျှော့ချပါ

စိတ်ဖိစီးမှုတွေ များနေတဲ့အခါ သင်လည်း ပျော်ရွှင်မှု တိုးပွားရမှာ မဟုတ်ပါဘူး။ လူတိုင်းမှာ စိတ်ဖိစီးမှု ရှိပါတယ်။ ဒါပေမယ့် လျှော့ချပေးမှသာ အပျော်တွေ ရှိတဲ့သူအဖြစ် နေနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်က ဘယ်လိုဆို စိတ်ဖိစီးမှုတွေ ပျောက်သွားတတ်သလဲဆိုတာကို သိထားရင် အမြဲ စိတ်ဖိစီးမှုတွေကို လျော့ချဖို့ လုပ်နိုင်လာမှာပါ။

READ
ဒီလိုပုံတွေရဖို့ ဒီလိုကြိုးစားကြရတယ်....
Photo by Leah Kelley from Pexels

(၃) အတွေးတွေ မများပါစေနဲ့

အတွေးတွေက ထပ်ပြီး စိတ်ညစ်အောင် ဖန်တီးတတ်ပါတယ်။ စိတ်ညစ်စရာတွေကို တွေးပြီးရင်း တွေးနေရင် ပျော်ရမှာ မဟုတ်တော့ပါဘူး။ ဒီတော့ စိတ်ညစ်ရင်တောင်မှ စိတ်ညစ်တဲ့အကြောင်းက အရေးမကြီးရင် မတွေးဘဲ လုပ်စရာ ရှိတဲ့အတိုင်း ပျော်ပျော်ကြီး လုပ်သင့်ပါတယ်နော်။

Photo by mentatdgt from Pexels

(၄) လုပ်စရာ ရှိတာတွေကို အကောင်းဆုံး ပြုလုပ်ပါ

စိတ်ဖိစီးမှု ကင်းဝေးပြီး ပျော်ချင်ရင်တော့ ကိုယ် လုပ်ရတာကို စိတ်ရှည်ရှည်နဲ့ အကောင်းဆုံး ဖြစ်အောင် ပြုလုပ်တာက အကောင်းဆုံးပါ။ အကောင်းဆုံး ရလဒ်တွေက သင့်ကို ပျော်ရွှင်စေနိုင်ပါတယ်။ ဒါကြောင့် ကျေနပ်စိတ်ချမ်းသာပြီး သင့်ကို ပျော်ရွှင်နေစေမှာ ဖြစ်ပါတယ်။

Photo by ThisIsEngineering from Pexels

(၅) ပျော်ပျော်နေပါ

ပျော်ရွှင်ဖို့က ပျော်ပျော်နေမှပဲ ရမှာပါ။ နေ့တိုင်း ဆူပုတ်နေပြီး ပျော်ရွှင်ချင်ပါတယ် လုပ်လို့မရပါဘူး။ သူငယ်ချင်းတွေနဲ့ ပုံမှန်ချိန်းမယ်။ ရယ်ကြမယ်။ ပျော်စရာအချိန်တွေ ဖြတ်သန်းမယ်။ စိတ်ညစ်စရာတွေရှိလည်း တစ်ဖက်မှာ ပျော်အောင်နေမယ်ဆိုရင်တော့ သင်က ပျော်ရွှင်ရတဲ့ အချိန်တော်တော်များများကို ပိုင်ဆိုင်ရမှာပါနော်။

READ
ပျော်ပျော်နေတတ်တဲ့ ကောင်မလေးတွေမှာ ရှိနေတဲ့ အားသာချက်နဲ့ သဘောထားလေးများ

Kham

sponsored