ဆက်မချစ်သင့်တဲ့သူကို ထပ်မဆက်သွယ်မိတော့အာင် တားဆီးပေးနိုင်မယ့် နည်းလမ်းကောင်းများ

shutterstock/ Warpboyz
Sponsored

တစ်ခါတစ်လေမှာ ကိုယ်ဘယ်လောက်ပဲ ချစ်ရတဲ့ တစ်စုံတစ်ယောက်ဖြစ်နေပါစေ ဒီဆက်ဆံရေးကို ရှေ့မဆက်တော့တဲ့ အကြောင်းအရင်းတွေ ရှိလို့နေပါတယ်။ ကိုယ်ကတော့ သူ့ကို ဆက်ချစ်နေမိဆဲဆိုပေမယ့် ဒီလူဟာ ကိုယ့်ဘဝအတွက်တော့ သင့်တော်တဲ့ သူမဟုတ်တဲ့ အခြေအနေမျိုးတွေပါ့။ ဒီလို အခြေအနေမျိုးမှာ ဒီလူကို မေ့ပစ်ဖို့၊ ဆက်မချစ်ဖို့ဆိုတာ ထင်ထားတာထက် ခက်ခဲတဲ့ နည်းဆိုပေမယ့် ဒီနည်းလမ်းလေးတွေကတော့ သူ့ကိုမေ့ပစ်ဖို့ ကူညီနိုင်မှာပါ။

Social media ပေါ်မှာ block လိုက်ပါ

shutterstock/ Eugenio Marongiu

အရင်ဆုံး ကိုယ့်စိတ်ကို ဖြတ်နိုင်ဖို့ဆိုရင် သူ့ကိုမြင်နေတွေ့နေတာထက် မမြင်မတွေ့တာက ပိုအဆင်ပြေထိရောက်တဲ့ နည်းဖြစ်စေမှာပါ။ သူဘာလုပ်တယ်၊ ဘယ်သွားတယ်၊ ဘယ်သူနဲ့ အတူရှိနေတယ်၊ ဘာတွေခံစားနေရတယ် ဆိုတဲ့ အကြောင်းအရာတွေကို သိချင်နေတဲ့ ကိုယ့်ရဲ့စိတ်ကို အရင်ဆုံးထိန်းချုပ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ အကောင့်ကို block လိုက်ပါ ဒါက ကိုယ့်စိတ်ကို ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

READ
တစ်ဖက်လူ စကားပြောတာကို နားစိုက်ထောင်တတ်တဲ့ အကျင့်ရှိခြင်းရဲ့ ကောင်းကျိုးများ

သူငယ်ချင်းတွေရဲ့ အကူအညီကို ယူပါ

Sponsored

ဒီလိုအချိန်မျိုးမှာ သူငယ်ချင်းတွေက အကောင်းဆုံးသော အကြံပေးလေးတွေပါ။ ကိုယ်ခံစားနေရတာတွေနဲ့ ကိုယ်ဘယ်လို မေ့ပစ်သင့်တယ်၊ ဘာကြောင့် မေ့ပစ်သင့်တယ် စသဖြင့် ကိုယ့်စိတ်ကို ဖြေသာနိုင်ဖို့ သူငယ်ချင်းတွေဆီက အကူအညီ အကြံပေးစကားတွေ ရယူသင့်ပါတယ်။ ဒါက သင့်ကို ပိုစိတ်သက်သာရာရစေသလို ပိုပြီးလည်း မြန်မြန်မေ့ပစ်နိုင်မှာ ဖြစ်ပါတယ်။

သူ့ရဲ့ မကောင်းတဲ့ အချက်တွေကို တွေးပါ

shutterstock/michaeljung

လူတစ်ယောက်ကို မေ့ပစ်ဖို့အတွက် အကောင်းဆုံးနည်းက သူ့ရဲ့ မကောင်းတဲ့ အချက်တွေကို တွေးမိနေတာပါ။ လွမ်းစရာရှိတာကို နာစရာနဲ့ဖြေဆိုသလိုမျိုးပေါ့ သူကိုယ့်အပေါ် မကောင်းတဲ့ အရာတွေ၊ ဘာကြောင့် လမ်းခွဲရစေတယ် စသဖြင့် ဒါတွေကို သူ့အပြစ်ပုံချလိုက်ပြီး သူ့ကို ဆက်မချစ်သင့်တော့ပဲ မေ့ပစ်လိုက်သင့်ပါတယ်။

ကိုယ်စိတ်ဝင်စားတဲ့ အရာတွေအတွက် အချိန်ပေးပါ

သူ့ကို မေ့ပစ်ဖို့ နောက်ထပ် အကောင်းဆုံးနည်းလမ်းတစ်ခုက သူ့ကို သတိရနေတဲ့ စိတ်ကို ဖြေဖျောက်ဖို့ မဟုတ်လား။ ဒီတော့ သူ့ကို မတွေးမိနေအောင် ကိုယ်ဝါသနာပါရာ တစ်ခုခု၊ ကိုယ်စိတ်ဝင်စားတဲ့ အရာတစ်ခုခုကို လုပ်ကြည့်ပါ။ ဥပမာ – ကိုယ်က အကပိုင်းကို ဝါသနာပါရင် အကသင်တန်းတက်တာမျိုး၊ gym ဆော့တာမျိုး နဲ့ တစ်ခြားသော ကိုယ်ကြိုက်တဲ့ အရာလေးတွေ လုပ်ရင်း သူ့ကို မေ့မေ့ပျောက်ပျောက် ထားလိုက်သင့်ပါတယ်။ ဒါကတော့ တစ်စုံတစ်ယောက်ကို ထပ်မချစ်မိတော့အောင် တားဆီးပေးမယ့် နည်းလမ်းလေးတွေပါပဲ။

READ
မိန်းကလေးတွေ အမှန်တကယ်လိုချင်တဲ့ စိတ်ကူးထဲက ချစ်သူပုံစံ(၇)မျိုး

Khin

sponsored