ဦးရေပြားအဆီထွက်ပြီး ဆံပင်တွေပြားကပ်ကပ်ဖြစ်ခြင်းမှ ရှောင်ကျဉ်နိုင်မယ့်နည်းလမ်း

Freepik-Freepik-
Sponsored

နွေရာသီနဲ့ ပူပြင်းတဲ့အချိန်မှာဆို အသားအရေ နဲ့ ဆံသား ပြသနာက ပိုဆိုးတတ်ပါတယ်။ နွေရာသီမှာဆို ချွေးထွက်မြန် ၊ အဆီထွက်မြန်တာတွေက မိတ်ကပ်နဲ့ အဆီထွက်ဦးရေပြား၊ ဆံသား တွေအတွက် အခက်အခဲဖြစ်စေပါတယ်။ ဒီဆောင်းပါးမှာတော့ အဆီထွက်များတဲ့ ဦးရေပြား၊ ဆံသားတွေကို အဆီထွက်နည်းသွားအောင် သဘာဝနည်းအတိုင်းလုပ်ပေးနိုင်မယ့် နည်းလမ်းတွေကိုမျှဝေပေးထားတာဖြစ်ပါတယ်။

(၁) ပန်းသီးရှာလကာရည်

Freepik-vasiliybudarin
Sponsored

ပါဝင်ပစ္စည်းများ – ပန်းသီးရှာလကာရည် (စားပွဲတင်ဇွန်း ၂-၃ ဇွန်း) ၊ ရေ (၁ ခွက်)

– ပါဝင်ပစ္စည်းတွေအားလုံးကိုရောပေးပါ။
– ခေါင်းလျှော်ရည် နဲ့ ခေါင်းလျှော်ပေးပါ။
– ခေါင်းလျှော်ပြီးရင်တော့ ရောထားတဲ့အရောနဲ့ လောင်းချပေးပါ။
– မိနစ်အနည်းငယ်လောက်စောင့်ပေးပြီး ရေအေးနဲ့ ဆေးပေးပါ။
– တစ်ပတ် (၃-၄) ကြိမ်လုပ်ပေးပါ။

READ
ခြောက်သွေ့ပွယောင်းနေတဲ့ဆံပင်တွေကို ချက်ချင်းနူးညံ့သွားစေမယ့်သဘာဝပေါင်းတင်နည်း(၅)မျိုး

(၂) ရှားစောင်းလက်ပပ်

Freepik-areeya_ann

ပါဝင်ပစ္စည်းများ – ရှားစောင်းလက်ပပ် (လက်ဖက်ရည်ဇွန်း ၁-၂ ဇွန်း) ၊ သံပရိုရည်
(စားပွဲတင်ဇွန်း ၁ ဇွန်း) ၊ ရေ (၁ ခွက်)

– ပါဝင်ပစ္စည်းတွေအားလုံးကိုရောပေးပါ။
– ရေထပ်ထည့်ပေးပြီး ရောပေးပါ။
– ခေါင်းလျှော်ပြီးရင်တော့ ရောထားတဲ့အရောနဲ့ လောင်းချပေးပါ။
– မိနစ် အနည်းငယ်လောက်စောင့်ပေးပြီး ရေအေးနဲ့ လျှော်ပေးပါ။

(၃) ဆား

Freepik-areeya_ann

ပါဝင်ပစ္စည်းများ – ဆား (လက်ဖက်ရည်ဇွန်း ၁-၂ ဇွန်း)

– ဆားကို ခေါင်းလျှော်ရည်ထဲ ထည့်ပေးပါ။
– ပြီးရင် ခေါင်းလျှော်ပေးပါ။
– ဦးရေပြားပေါ်မှာ ခဏလောက်နှပ်ထားပေးပြီးမှာ ခေါင်းလျှော်ပေးပါ။
– တစ်ပတ် (၂) ကြိမ်လုပ်ပေးပါ။

READ
အသက်(၄၀)ကျော် ထိုင်ဝမ်အမျိုးသမီးပြောတဲ့ အရွယ်တင်နုပျိုရတဲ့ လျှို့ဝှက်ချက်

(၄)Baking soda

Freepik-chandlervid85

ပါဝင်ပစ္စည်းများ – Baking soda (လိုသလောက်)

– ဦးရေပြားနဲ့ ဆံသားပေါ် Baking soda နဲ့ ဖြူးပေးပါ။
– ခေါင်းဖီးနဲ့ ဖီးလိုက်ပါ။
– ဒါမှမဟုတ် Baking soda (စားပွဲတင်ဇွန်း ၁ ဇွန်း) နဲ့ ရေ (စားပွဲတင်ဇွန်း ၄ ဇွန်း) ကိုရောပေးပြီး ဆံပင်ပေါ် လိမ်းပေးပါ။
– ပြီးရင်တော့ ရေနဲ့ ဆေးချပေးပါ။
– တစ်ပတ် (၂) ကြိမ်လုပ်ပေးပါ။

Hannwe Soe

sponsored