အခုလိုအချေိန်မျိုးမှာ ငွေရေးကြေးရေး အခက်အခဲမဖြစ်စေဖို့ စလုပ်သင့်တဲ့ အလေ့အကျင့် (၅) ခု

Freepik- user18526052
Sponsored

လက်ရှိစီးပွားရေးအခြေအနေတွေအရ ရည်ရှည်ကို ကြိုတွေးမယ်ဆိုရင် ငွေရေးကြေးရေးကို သေချာလေး စီစစ်ပြီး သုံးရမယ့်အချိန်မျိုးဖြစ်လို့နေပါပြီ။ ဒီအတွက် အတတ်နိုင်ဆုံး ပိုက်ဆံစုမိစေနိုင်ပြီး ငွေကြေးအခက်အခဲတွေ မဖြစ်ရလေအောင်လို့ လက်တွေ့လိုက်နာနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လက်ထဲမှာ ပိုက်ဆံအများကြီးမထားပါနဲ့

Sponsored

လက်ထဲမှာ ပိုက်ဆံတွေအများကြီးကိုင်ထားခြင်းဟာ သင့်ကိုပိုသုံးမိစေမှာဖြစ်ပါတယ်။ ဒီလုပ်ရပ်ကို လက်ဖွာတဲ့လူတွေနဲ့ အပြင်အမြဲတမ်းသွားနေတဲ့လူတွေ လုံးဝမလုပ်သင့်ပါဘူး။ ဒါကြောင့် ငွေကို မလိုအပ်ဘဲနဲ့ ကိုင်ထားတာမျိုးတွေကို ရှောင်ကျဉ်ပါ။

Freepik- katemangostar

(၂) လစဉ်ပုံမှန်ကုန်မယ့်စာရင်းကိုလုပ်ပါ

ဥပမာ အိမ်စရိတ်တို့၊ မီတာ၊ ဖုန်းဘေ၊ အင်တာနက်ဖိုး၊ ခရီးသွားလာစရိတ် စတဲ့ လတိုင်းပုံမှန်ကုန်နေကျ ကုန်ကျစရိတ်တွေကို တွက်ချက်ပြီးတော့ တိကျတဲ့ ပမာဏထဲမှာဝင်အောင် သုံးပါ။ ဘာပဲသုံးသုံး စာရင်းမှတ်ပြီးတော့ တစ်ပတ်တစ်ပတ် ဘာတွေသုံးလိုက်သလဲဆိုတာကို စစ်ဆေးနိုင်တဲ့အပြင်ကိုမှ အပိုတွေသုံးမိတဲ့အခါမှာလည်း ဆင်ခြင်လို့ရနိုင်ပါတယ်။

(၃) အပိုတွေမသုံးမိပါစေနဲ့

မိန်းကလေးဆိုတာ လှချင်ပချင်ကြတာချည်းပါပဲ။ ဒါပေမဲ့ အခုလို ဘာဖြစ်မယ်မှန်းမသိတဲ့ အခြေအနေမျိုးမှာတော့ မလိုအပ်တာတွေကို မဝယ်ဖို့အတွက် စိတ်ဆုံးဖြတ်ချက်ချဖို့ လိုအပ်ပါမယ်။ အထူးသဖြင့် အွန်လိုင်းရှော့ပင်ကနေ အင်္ကျီတွေနဲ့ အလှကုန်ပစ္စည်းတွေ၊ တိုလီမုတ်စလေးတွေ မဝယ်မိဖို့ပါပဲ။ စိတ်ကိုထိန်းလိုက်ပါ။

READ
အသက်ငယ်ပေမယ့် အိမ်၊ခြံ၊မြေတွေ အများကြီးပိုင်ဆိုင်ထားတဲ့ ဆယ်လီများ
Freepik- drobotdean

(၄) လိုချင်ရင်တစ်ခါတည်းမဝယ်ပါနဲ့

ပစ္စည်းတစ်ခုကို ဝယ်တော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါ အဲဒီပစ္စည်းကို ချက်ချင်းကြီး ကောက်မဝယ်လိုက်ပါနဲ့။ ဥပမာ ကိုယ်က ၁ သိန်းတန် ပိုက်ဆံအိတ်တစ်လုံးဝယ်တော့မယ်ဆိုရင် ၂ လလောက်ခွဲပြီး ပိုက်ဆံကို စုပါ။ ဒီလိုလုပ်ခြင်းဟာ ဒီပိုက်ဆံအိတ်ကို သင် တကယ်လိုချင်ရဲ့လားလို့ စဉ်းစားနိုင်တဲ့အချိန်ရစေပြီးတော့ ပိုက်ဆံကိုလည်း တစ်လုံးတစ်ခဲ တစ်ခါတည်းမကုန်သွားတဲ့အတွက်ကြောင့် ပိုပြီးသက်သာစေမှာဖြစ်ပါတယ်။

(၅) ဘဏ်စာအုပ်တွေခွဲထားပါ

ဘဏ်စာအုပ်တစ်အုပ်ထဲမှာပဲ ပိုက်ဆံတွေ စုပြုံထည့်ထားခြင်းဟာ သင့်ရဲ့ ထွက်ငွေစာရင်းကို အတိုင်းမသိဘဲဖြစ်စေပါတယ်။ ဆိုလိုတာ သုံးလို့ရတဲ့ ဘဏ်စာအုပ်နဲ့ သုံးလို့မရတဲ့ ဘဏ်စာအုပ်ဆိုပြီး ထားထားပါ။ သုံးလို့ရတဲ့ ဘဏ်စာအုပ်ထဲမှာတော့ အပေါ်ကပြောထားတဲ့အတိုင်း လစဉ်ပုံမှန် ကုန်ကျစရိတ်တေနဲ့ ခြေစောင့်လက်စောင့် ပိုက်ဆံအနည်းငယ်သာ ထည့်ထားသင့်ပါတယ်။ အဲဒီ ဘဏ်စာအုပ်အကောင့်ကိုတော့ mobile banking နဲ့ ချိတ်ထားတာ ပြဿနာမရှိပါဘူး။ နောက်ထပ် ဘဏ်စာအုပ်တစ်ခုကိုတော့ ATM ကတ်ကလွဲပြီး ဘာနဲ့မှ မချိတ်ထားဘဲနဲ့ ပိုက်ဆံကိုလည်း အသွင်းပဲရှိပြီး လုံးဝမထုတ်ပါနဲ့။ ဒါမျိုးဟာ သင့်ရဲ့ ပိုက်ဆံဖြုန်းတီးမှုကို တားဆီးပေးပါလိမ့်မယ်။

READ
Miss Grand International ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ငုရင်ထရန်ဟုရင်မိုင်
Freepik- master1305

penny

sponsored