ငှက်ပျောသီးကို မည်းမသွားအောင်စနစ်တကျထိန်းသိမ်းနည်း

Freepik-freepik
Sponsored

ငှက်ပျော်သီးမှာ ဗီတာမင် vitamins B6 နဲ့ C, manganese, potassium, magnesium, နဲ့ folate တို့ပါဝင်တာကြောင့် မနက်စာအပြင် အဆာပြေ အနေနဲ့ပါ စားပေးသင့်ပါတယ်။ ငှက်ပျော်သီးက အမှည့်လွယ်တဲ့အသီးဖြစ်လို့ မစားခင်မှာ မမည်းသွားအောင် နဲ့ ရက်ကြာကြာထားပြီး စားနိုင်ဖို့အတွက် ဒီနည်းတွေအတိုင်းလုပ်ပေးနိုင်ပါတယ်။

(၁) ပလက်စတစ် နဲ့ပတ်ပေးပါ

Freepik-xamtlw
Sponsored

ငှက်ပျော်သီးကို ပလက်စတစ် နဲ့ ပတ်ပေးတာက အသီးတွေကို မည်းသွားစေနိုင်တဲ့ ethylene gas ကနေ ကာကွယ်ပေးပါ။ ငှက်ပျော်သီး (၁ ခိုင်) လုံးဖြစ်ဖြစ် ၊ တစ်လုံးချင်းဖြစ်ဖြစ်ကို ပလက်စတစ် နဲ့ ပတ်ပေးနိုင်ပါတယ်။ ငှက်ပျော်သီးရဲ့ ထိပ်ပိုင်းကို ပလက်စတစ်နဲ့ ပတ်ပေးထားပါ။ ဒီလိုပတ်ပေးခြင်းက ငှက်ပျော်သီးကို (၃-၄) ရက်ကနေ တစ်ပတ်ထိ မမည်းသွားစေဘဲ ခံနိုင်ပါတယ်။

READ
ကိုးရီးယားစတိုင်လ် ကင်ချီသုံးထပ်သားကြော် ချဉ်ငံစပ်

(၂) ပါးပါးလှီးပြီး ရေခဲသေတ္တာထဲ သိမ်းပေးပါ

Freepik-lifeforstock

ငှက်ပျော်သီးကို ပါးပါးလှီးပြီး ရေခဲသေတ္တာထဲ သိမ်းပေးတာက (၃-၄) လအထိကို အထားခံပါတယ်။ အေးတဲ့အရှိန်ကြောင့် ငှက်ပျော်သီးသက်တမ်း ကြာရှည်စေပါတယ်။ ငှက်ပျော်သီးကို အခွံနွှာပြီး ပါးပါးလှီးပေးပါ။ ဆီစုတ်စက္ကူခင်းထားတဲ့ ဗန်းထဲ တစ်ခုချင်းစီကို လိုင်းစီထားပေးပါ။ အပေါ်ကို ပလက်စတစ်အကြည်နဲ့ အုပ်ပေးပြီး ရေခဲသေတ္တာထဲ (၂) နာရီကြာအောင်ထည့်ပေးပါ။ ပြီးရင် container ဗူးထဲကို ပြောင်းးထည့်ပေးထားပါ။

(၃) ဇစ်ပါတဲ့ အိတ်ထဲ သိမ်းပေးပါ

Freepik-freepik

ငှက်ပျော်သီးကို ဇစ်ပါတဲ့ အိတ်ထဲ သိမ်းပေးတာက ကြာကြာတော့မခံနိုင်ပေမယ့် (၁) လထိတော့ အထားခံပါတယ်။ နည်းလမ်းကတော့ ငှက်ပျော်သီးကို တစ်လုံးကို ဇစ်ပါတဲ့ ပလက်စတစ် အိတ်ထဲထည့်ပေးပြီး အိတ်ထဲမှာ ရှိနေတဲ့လေကို အအေးသောက်ပိုက်နဲ့ စုတ်ထုတ်ပေးပါ။ လေတွေအပြန်ကိုစုတ်ထုတ်လိုက်တဲ့အတွက် အိတ်က ငှက်ပျော်သီးနဲ့အတူ ကပ်သွားရပါမယ်။ ဒါဆိုရင်တော့ ရေခဲသေတ္တာထဲ ထည့်သိမ်းပေးလို့ရပါပြီ ။

READ
ပဲကြာဇံကြော်လေးလုပ်စားကြရအောင်....

Hannwe Soe

sponsored