အသား၊ငါးနဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုကြာကြာခံအောင် သိုလှောင်လို့ရမယ့် နည်းလမ်းများ

Freepik- serhii_bobyk
Sponsored

အခုလိုအခြေအနေမျိုးမှာ တတ်နိုင်သလောက် အိမ်ထဲကနေ အိမ်ပြင်မထွက်ဘဲနဲ့ နေတာအကောင်းဆုံးပါပဲ။ ဒါကြောင့် ဈေးတွေဘာတွေလည်း အသားငါးနဲ့ဟင်းသီးဟင်းရွက်တွေကို ကြိုဝယ်တာမျိုးတွေရှိနေကြတယ်မလား။ ဒါဆိုရင် မြန်မာပြည်ရဲ့ ရာသီဥတုနဲ့လိုက်ပြီး အသားငါးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို လတ်လတ်ဆတ်ဆတ်နဲ့ ပိုပြီးတာရှည်ခံအောင် ဘယ်လိုထိန်းသိမ်းကြမယ်ဆိုတာ ကြည့်လိုက်ရအောင်။

Freepik- freepik

ဟင်းသီးဟင်းရွက်များကို ထိန်းသိမ်းနည်း

Sponsored

(၁) ဟင်းသီးဟင်းရွက်တွေကို အိမ်ရောက်ရောက်ချင်း ရေမဆေးလိုက်ပါနဲ့။ အရင်ဆုံး ရေခဲသေတ္တာထဲမှာ ထည့်ခဲထားပါ။ နောက် စားခါနည်းမှပဲ ရေဆေးခြင်းဟာ ဟင်းသီးဟင်းရွက်တွေကို နွမ်းသွားခြင်းမှ  တားဆီးပေးပါတယ်။

(၂) အစိမ်းရောင်ရှိတဲ့ ဟင်းရွက်တွေကို ပိုကြာရှည်ခံအောင် တစ်ရှူးနဲ့ပတ်ပြီးသိမ်းခြင်း ဒါမှမဟုတ် အရွက်နားလေးတွေကိုပဲ ပလတ်စတစ်အိတ်နဲ့ချည်ပြီး သိမ်းပေးနိုင်ပါတယ်။

(၃) ကြက်သွန်နီတွေကိုတော့ လေဝင်လေထွက်ကောင်းပြီး မပူဘဲခြောက်သွ့တဲ့နေရာမှာထားပေးခြင်းဟာ ၃ လလောက်အထိ ခံစေပါတယ်။

(၄) ခရမ်းချဉ်သီးတွေကိုတော့ ကျွတ်ကျွတ်အိတ်နဲ့ ဘယ်တော့မှ ထုတ်မသိမ်းပါနဲ့တဲ့။

Freepik- peangdao

အသီးအနှံများကိုထိန်းသိမ်းနည်း

(၁) ငှက်ပျောသီးတွေကို ရွဲပြီးမပျော့သွားအောင်ဆိုရင် ငှက်ပျောသီးအညှာကို foil နဲ့ ပတ်ထားပေးခြင်းဟာ အလွယ်ကူဆုံးနည်းလမ်းပါ။

READ
တစ်ယောက်တည်း သီးသန့်နေတတ်တဲ့ Introvert လေးတွေရဲ့ သူမတူတဲ့ အားသာချက် (၅) ချက်

(၂) စတော်ဘယ်ရီတွေကို ရှာလကာရည်နဲ့ စိမ်ပြီးမှသိမ်းခြင်းဟာ ၂ ပတ်လောက်အထိကို လတ်လတ်ဆတ်ဆတ်ခံစေပါတယ်တဲ့။

(၃) ပန်းသီးပုတ်တစ်လုံးဟာ ကျန်တဲ့အလုံးတွေကိုပါ မထိလည်းဘဲ လိုက်ပုတ်တတ်တာကြောင့် သတိထားဖို့လိုပါတယ်။

Freepik- alineofcolor

အသားငါးများ

(၁) ပြည်ကြီးငါးတွေကိုတော့ အနံ့ဆိုးမထွက်ဘဲ တာရှည်ခံချင်ရင် ဟင်းးရွက်ဆီပါးပါးလေးသုတ်ပြီမှ ခဲပါ။

(၂) အသားတွေကိုတော့ ဝယ်လာပြီးချင်း ရေဆေး၊ တုံးတစ်ပြီး ဗူးသန့်သန့်ထဲထည့်ပြီးမှ ခဲထားနိုင်ပါတယ်။

(၃) ငါးကိုလည်း ရေခဲသေတ္တာထဲ ဒီတိုင်းမသိမ်းဘဲ ရေခဲတွေထည့်ထားတဲ့ ခွက်ထဲမှာထည့်ပြီးမှ ပြန်သိမ်းခြင်းက ပိုပြီး ကြာကြာခံစေပါတယ်။

Penny

sponsored