လက်ထပ်ဖို့သင့်တော်တဲ့ ယောကျာ်းတစ်ယောက် ဟုတ်၊ မဟုတ် ဘယ်လိုဆုံးဖြတ်ရမလဲ …

Pixabay-Takmeomeo
Sponsored

ဒီဖက်ခေတ် အမျိုးသမီးတစ်ချို့မှာ ယောကျာ်းယူရမှာ ကြောက်တဲ့ အတွေးအခေါ်တွေ ရှိတတ်ပါတယ်။ အကြောင်းအရင်းကတော့ အနောက်တိုင်း ယဉ်ကျေးမှုတွေကြားထဲမှာ နစ်မျောပြီး အဲဒီလို အတွေးအခေါ်ရှိတွေရှိရင် ခေတ်ဆန်တယ်ဆိုတဲ့ ခံစားချက်တွေကြောင့် အချို့မိန်းကလေးတွေမှာ အဲဒီလို အတွေးတွေ ရှိနေတတ်ပါတယ်။ ဒါပေမယ့်လည်း သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ဆိုတဲ့ စကားအတိုင်း အချိန်တစ်ခုရောက်ရင်တော့ အမျိုးသမီး တော်တော်များများဟာ အိမ်ထောင်ပြုတတ်ကြပါတယ်။ ဒါပေမယ့် အိမ်ထောင်ပြုတယ်ဆိုတာ တစ်သက်မှာ တစ်ကြိမ်သာ အကောင်းဆုံးပါပဲ။ ဒါကြောင့် ကိုယ်ယူမယ့် ယောကျာ်းဟာ လက်ထပ်ဖို့ သင့်တော်တဲ့ ယောကျာ်းတစ်ယောက် ဟုတ်မဟုတ်ဆိုတာကတော့ အောက်မှာ ဖော်ပြမယ့် အချက် ၄ ချက်အပေါ်မှာ မူတည်ပြီး စဉ်းစားနိုင်ပါတယ်။

Pixabay-5688709

၁။ လက်ထပ်ပြီးရင် အိမ်ထောင်တစ်ခုကို ဦးစီးနိုင်မယ့် ယောက်ျားမျိုးလား

READ
မကြာခဏ ကြွက်တက်တတ်တဲ့ သူတွေအတွက် လွယ်ကူရိုးရှင်းတဲ့ ကုသနည်း
Sponsored

အိမ်ထောင်တစ်ခုကို ခင်ပွန်းတစ်ယောက်က ဦးစီးဦးဆောင်လုပ်နိုင်တာကတော့ အကောင်းဆုံးပါပဲ။ ဒါ့အပြင် အဲဒီလို အိမ်ထောင်တစ်ခုကို ဦးစီးဦးဆောင်လုပ်နိုင်တဲ့ ခင်ပွန်းဆိုတာကလည်း အရည်အချင်းရှိဖိုပတော့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ယောကျာ်းတစ်ယောက်ကို လက်ထပ်တော့မယ်ဆိုရင် အရည်အချင်းရှိပြီး အိမ်ထောင်တစ်ခုကို ဦးစီးနိုင်မယ့် ယောကျာ်းမျိုးသား အကောင်းဆုံးပါပဲ။

၂။ Mom’s boy လေးလား

အိမ်ထောင်ကျပြီးရင် များသောအားဖြင့် ချွေးမနဲ့ ယောက္ခမဆိုတာ အမြဲလိုလို တကျက်ကျက် ဖြစ်နေတတ်ပါတယ်။ အဲဒီလိုအချိန်တွေကျရင် ကိုယ်ယူထားတဲ့ ယောက်ျားက မေ့မေ့သားလေးဖြစ်နေရင်တော့ အမြဲလိုလို ကိုယ်ပဲ စိတ်ဆင်းရဲနေရမှာပါ။ မေ့မေ့သားလေးတွေတိုင်း ဒီလိုမျိုး သူတို့အမေဖက်က နေတာမဟုတ်ပဲ အမြဲလိုလို မျှမျှတတတွေးပေးတဲ့ မေ့မေ့သားလေးတွေလည်း ရှိပါတယ်။ ဒါပေမယ့် မေ့မေ့သားလေးတွေအများစုက အမြဲလိုလို သူတို့အမေတွေဖက်ကပဲ မှားမှားမှန်မှန် ရပ်တည်လေ့ ရှိပါတယ်။

READ
လူယဉ်ကျေးလေးတွေမှာ ရှိတတ်တဲ့ စိတ်ထားနဲ့ အမူအကျင့်များ
Pixabay-Tumisu

၃။ ခြေရှုပ်တတ်တဲ့ ယောကျာ်းမျိုးလား

ဒါကတော့ အရေးကြီးဆုံးအချက်ပါ။ အိမ်ထောင်ကျပြီးသွားရင် ကိုယ့်ယောကျာ်းက ခြေရှုပ်တတ်တဲ့ ယောကျာ်းလေးဟုတ်မဟုတ် သိဖို့က ခက်ခဲ့ပါတယ်။ ဒါ့ကြောင့် အကောင်းဆုံးကတော့ ချစ်သူရည်းစာဘဝထဲမှာ ကတည်းက ခြေရှုပ်တတ်တဲ့ ယောကျာ်းမျိုးဆိုရင် အဲဒီလို ယောကျာ်းကို ဘယ်တော့မှ လက်ထပ်ဖို့ မစဉ်းစားပါနဲ့။

Pixabay-chermitove

၎။ တာဝန်ယူမှု တာဝန်ခံမှုရှိတတ်တဲ့ ယောကျာ်းမျိုးလား

အရာရာတိုင်းမှာ တာဝန်ယူမှု တာဝန်ခံမှု ရှိတတ်တဲ့ ယောက်ျားလေးကသာ အကောင်းဆုံးပါပဲ။ မဟုတ်ပဲ သူလုပ်တဲ့ ကိစ္စတိုင်းက ကိုယ်က အမြဲတမ်းနောက်က လိုက်ပြီးဖြေရှင်းပေးနေရတာမျိုးတွေ၊ သူလုပ်ထားတဲ့ ကိစ္စတွေ အဆင်မပြေရင် အမြဲလိုလို ကိုယ့်အပေါ် ပုံချတတ်တဲ့ ယောကျာ်းလေးမျိုးတွေဆိုရင် ဘယ်တော့မှ ယူဖို့ မစဉ်းစားတာ အကောင်းဆုံးပါပဲ။

phk

sponsored