ကိုယ်ပိုင်ဝင်ငွေနဲ့ရပ်တည်နိုင်သူတွေ မေမေကိုဒါလေးတွေလုပ်ပေးကြည့်ပါ

Freepik-freeipik
Sponsored

အမျိုးသမီးတွေ ကိုယ်ပိုင်ဝင်ငွေတစ်ခုရှာနိုင်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုရပ်တည်လာနိုင်တာဟာ တော်တော်လေးကို ဂုဏ်ယူဝမ်းသာရမယ့် ကိစ္စတစ်ခုပါ။ ရှာသမျှပိုက်ဆံတွေကို အိမ်စရိတ်ပဲဖြစ်ဖြစ်၊ ကိုယ့်အတွက်ကိုယ်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းနဲ့ ဒါမှမဟုတ် ချစ်သူနဲ့ပဲဖြစ်ဖြစ် သုံးစွဲလိုက်လို့ လတိုင်း ကုန်နေတာ များပါတယ်။

ကိုယ်ပိုင်ဝင်ငွေ ရှာနိုင်တဲ့အခါ ကိုယ့်ကိုကျွေးမွေးပြုစုစောင့်ရှောက်ပြီး အခုလိုကိုယ်ဆိုပြီးဖြစ်လာအောင် ပဲ့ပြင်ထိန်းကျောင်းပေးခဲ့တဲ့ မေမေတွေကိုရော သိရကြရဲ့လား။ ဒါကြောင့် လတိုင်းလိုလို လခရတာတိုင်း ကိုယ့်မေမေနဲ့အတူတူ ဒီလိုလေးတွေ အချိန်ဖြုန်းကြည့်ကြပါလား။

Freepik-user15694850
Sponsored

မေမေ့ကိုအချိန်ပေးပါ

လခထုတ်ပြီးတိုင်း မေမေကို မုန့်လိုက်ကျွေးပါ။ ဒါမှမဟုတ် သားအမိနှစ်ယောက် ရှော့ပင်ထွက်တာပဲဖြစ်ဖြစ်၊ သွားချင်တဲ့နေရာလေးတွေ ဘုရားတို့ဘာတို့ လိုက်ပို့ပေးတာပဲဖြစ်ဖြစ်ပေါ့။ အနည်းဆုံး တစ်ပတ်မှာ တစ်ရက်လောက်တော့ မေမေကို အချိန်ပေးပါ။ မေမေတို့မှာ အခုအသက်အရွယ်အထိ မိသားစုအပေါ်မှာပဲ အချိန်တွေ ရင်းနှီးမြှုပ်နှံထားရတယ်မဟုတ်လား။ ဒီတော့ အတတ်နိုင်ဆုံး အပြင်ခေါ်ထုတ်ပေးပါ။

READ
ကလေးကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ချင့်ချိန်ကျွေးသင့်တဲ့ အစားအစာ (၁၀)မျိုး
Freepik-jcomp

Surprise လုပ်ပါ

မွေးနေ့အတွက် ပိုက်ဆံကြိုစုပြီး တန်ဖိုးကြီးပစ္စည်းလေး ဝယ်ပေးတာမျိုး၊ မေမေစားချင်တယ်လို့ပြောထားဖူးတဲ့ မုန့်လေးတွေကို အပြင်ကပြန်လာရင် ဝယ်ခဲ့ပေးတာမျိုး၊ နေ့ထူးနေ့မြတ်တွေမှာပဲဖြစ်ဖြစ် ကြုံကြိုက်လို့ပဲဖြစ်ဖြစ် မေမေအတွက် ပန်းစည်းနဲ့ ပိုစ့်ကတ်လေး ပို့ပေးတာမျိုး၊ အင်္ကျီလေးတွေ ပုဝါလေးတွေ စတဲ့ လှတပတပစ္စည်းလေးတွေကို မေ့မေ့အတွက်ဆိုပြီး မပြောဘဲဝယ်ပေးတာမျိုးလေးတွေပေါ့။ မိန်းမဆိုတာမျိုးက အရွယ်သုံးပါးမရွေး surprise အတိုက်ခံရတာ သဘောကျကြတယ်လေ။ နောက် သူတို့ကို သတိတရနဲ့ တန်ဖိုးထားပါလားဆိုတာ ပေါ်လွင်တတ်လို့ပါပဲ။

Freepik-prostooleh

မေမေနဲ့ဒိတ်လုပ်ပါ

မေမေ့ကို ချစ်သူလိုသဘောထားပြီး ဒိတ်လုပ်ကြည့်ပါလား။ ဥပမာ ရုပ်ရှင်သွားကြည့်တာ၊ bubble tea သောက်တာ၊ night market တွေသွားတာ၊ အရုပ်ကောက်တာ ဒါမှမဟုတ် မေမေ့ကို bar တို့၊ club တို့ ခေါ်သွားကြည့်ပါလား။ အမှတ်တရလေးတွေ ဖန်တီးဖြစ်တာပေါ့နော်။

READ
အမေ့ကို မပြောဖြစ်သေးတဲ့ စကားလေးတွေကို အချိန်မဆွဲပဲ ပြောလိုက်သင့်တဲ့ အချက်များ
Freepik-freepik

လှူဖို့တန်းဖို့ လစာအပ်ပါ

မိဘတွေဆိုတာမျိုးက ဘယ်လိုအခြေအနေမှာမှ ကိုယ့်သားသမီး ပင်ပင်ပမ်းပမ်းအလုပ်လုပ်ထားတဲ့ ပိုက်ဆံတွေကို မထိရက်ကြပါဘူး။ ဒါပေမဲ့လည်း သားသမီးတို့ဝတ္တရားအရ ပိုက်ဆံပေးချင်တယ်၊ မေမေကလည်း မယူဘူးဆိုရင် မေမေလှူဖို့၊ သမီးလည်း ကုသိုလ်ရတာပေါ့ဆိုပြီး တစ်ဖက်လှည့်နဲ့ လစာတချို့ကိုအပ်လိုက်ပါ။

Freepik-prostooleh

သားအမိနှစ်ယောက်တည်း ခရီးသွားပါ

အနည်းဆုံး တစ်နှစ်မှာ ၃ ခါလောက် မေမေနဲ့အတူတူ နှစ်ယောက်တည်း ခရီးထွက်ပေးပါ။ သူမရောက်ဖူးတဲ့ ဒေသတွေကို ဦးစားပေးသွားပါ။ မေမေ့ကိုဓာတ်ပုံတွေရိုက်ပေးပါ။

Freepik-katemangostar

Penny

sponsored