ကိုယ်နဲ့ ထိုက်တန်တဲ့ ချစ်သူ ဟုတ်၊ မဟုတ် ဒီအချက်တွေကို ကြည့်ရင် သိနိုင်ပါတယ်

Photo by Andrea Piacquadio from Pexels
Sponsored

ချစ်ကြသူတိုင်းက အပြန်အလှန် လက်တွဲဖော်ဖြစ်ဖို့ ထိုက်တန်ကြတာမျိုးတော့ မဟုတ်ပါဘူး။ ချစ်တယ်ဆိုပေမယ့် တစ်ယောက်ကို တစ်ယောက် သိနားလည်ရမယ့် အရာတွေ ရှိမှသာ ထိုက်တန်တယ်လို့ ခေါ်လို့ ရမှာပါ။ ကိုယ်နဲ့ လက်တွဲတဲ့ ချစ်သူက ကိုယ်နဲ့ ထိုက်တန်တဲ့ ချစ်သူ ဟုတ်၊ မဟုတ်ကို ဒီအချက်တွေနဲ့ ဆန်းစစ်ကြည့်နိုင်ပါတယ်။

နားလည်မှု

Sponsored

အချစ်တစ်ခုက အပြန်အလှန် နားလည်မှုတွေနဲ့ တည်ဆောက်မှသာ အချိန် အကြာကြီး ရှေ့ဆက်လို့ ရမှာ ဖြစ်ပါတယ်။ ကိုယ်ကလည်း ချစ်ရပြီး ကိုယ့်ကိုလည်း ချစ်တယ်ဆိုရင်တော့ နားလည်မှု မပေးနိုင်ရင်တောင် ပေးဖို့ ကြိုးစားနေလေ့ ရှိပါတယ်။

သင့်အချစ်နဲ့ မထိုက်တန်တဲ့သူကတော့ သင့်ဘက်က သူ့ကို ဘယ်လောက်ပဲ နားလည်မှု ပေးနေပါစေ၊ သူ့ဘက်ကတော့ သူ့သဘောအတိုင်းပဲ သင့်ကို နေစေမှာပါ။

READ
မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဧပြီလမှာ အသစ်ထွက်မယ့် ကေဒရာမာ ဇာတ်လမ်းတွဲအသစ် (၇) ခု
Photo by Chermiti Mohamed from Pexels

အလေးထားမှု

ချစ်ကြတဲ့သူတွေက တစ်ယောက်နဲ့ တစ်ယောက် အလေးထားတတ်ကြပါတယ်။ သူ့ရဲ့ ဆန္ဒတွေ၊ အတွေးတွေကိုလည်း အလေးထားပြီး အလျော့ပေးတာမျိုးတွေလည်း ရှိနေတတ်ပါတယ်။

ကိုယ့်အချစ်ကို တန်ဖိုးမထားတတ်တဲ့ သူတွေကတော့ သင့်ကို ဘယ်တော့မှ အလေးထားမှု ပေးမှာ မဟုတ်သလို သင့်ကို အမိန့်ပေးမှုမျိုးနဲ့ သူ့အလိုကျ နေပေးတာမျိုးကိုပဲ လိုချင်တတ်ကြပါတယ်။

Photo by Chermiti Mohamed from Pexels

အပြန်အလှန် လေးစားမှု

ချစ်သူတွေ ဖြစ်လာတဲ့အခါ တကယ် ချစ်မိကြတဲ့သူတွေက ကိုယ့်ချစ်သူရဲ့ ဖြစ်တည်မှုကို လေးစားပေးပြီး သူငယ်ချင်းတွေရှေ့မှာလည်း လေးစားမှု ပေးထားတတ်ကြပါတယ်။ သူ့ရဲ့ တတ်မြောက်မှုတွေ၊ အယူအဆတွေကိုလည်း နားလည်ပေးနိုင်ကြပါတယ်။

သင့်အချစ်နဲ့ မထိုက်တန်တဲ့သူကတော့ သင့်ကို နိုင်နေရတာကိုပဲ ကျေနပ်နေမှာပါ။ ငါ့ချစ်သူက ဘယ်လို အနိုင်ပေးတာဆိုတာကို ဂုဏ်ယူစွာ ပြောပြီး သင့်ကို လေးစားမှု ပေးရကောင်းမှန်း မသိတတ်ကြပါဘူး။

READ
လိင်ပိုင်းဆိုင်ရာစော်ကားသူအဖြစ် အထင်မှားခံနေရတဲ့အပေါ် Yoo Jae Suk တုံ့ပြန်
Photo by Maddog 229 from Pexels

စိတ်ရင်း ရှိမှု

ချစ်မိတဲ့အခါ အပြန်အလှန် စိတ်ရင်းအတိုင်း ဆက်ဆံကြတာပါပဲ။ ချစ်လို့ နှစ်ယောက်တွဲဖြစ်ခဲ့ပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ဖြစ်ဖို့ အပြန်အလှန် ထိန်းသိမ်းတတ်ကြပါတယ်။

သင့်အချစ်နဲ့ မထိုက်တန်သူတွေကတော့ သင့်အပေါ် လိုချင်တာအတွက် ချဉ်းကပ်လာတာမျိုး ဖြစ်နေတတ်ပါတယ်။ အပျော်တွဲဖို့ ရည်ရွယ်ချက် ရှိထားတာ၊ သင်နဲ့ တွဲကြည့်ချင်ရုံ ဖြစ်တဲ့စိတ်နဲ့ သင့်ကို ခံစားချက်တွေပါ လိမ်ညာပြီး တွဲတာမျိုး ဖြစ်တတ်ပါတယ်။ သူတို့မှာ နောက်ထပ် စိတ်ဝင်စားစရာသူ ထပ်ပေါ်လာတာနဲ့ သင် မထင်ထားလောက်အောင် ပြောင်းလဲသွားတာကို တွေ့ရမှာပါ။

Kham

 

sponsored