တန်ဖိုးရှိတဲ့သူတစ်ယောက်အဖြစ် လူအများ လေးစားခံရသူတစ်ယောက်ဖြစ်ဖို့ ဒါတွေမလုပ်ပါနဲ့…

shutterstock/  atiger
Sponsored

ကိုယ့်ကို ပိုပြီးအဆင့်အတန်းမြင့်တဲ့ သူတစ်ယောက်အဖြစ် မြင်ရဖို့၊ ဘယ်သူ့အတွက်မှာ မဟုတ်ပဲ ကိုယ့်ရဲ့ထိုက်တန်မှုလေးတွေအတွက် တစ်ချို့အရာလေးတွေကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒီအရာလေးတွေက သင်နဲ့ထိုက်တန်တဲ့ အရာလေးတွေဖြစ်ပြီး ကိုယ့်ကိုယ်ကို ပိုပြီး တန်ဖိုးရှိတဲ့ သူတစ်ယောက်အဖြစ်လည်း မြင်လာစေမှာ ဖြစ်ပါတယ်။

အက်နေတဲ့ ခွက်၊ ပန်းကန်နဲ့ မစားသောက်ပါနဲ့

shutterstock/ TabitaZn

လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို လေးစားတဲ့အနေနဲ့ အက်ရာထင်နေတဲ့ ခွက်၊ ပန်းကန်တွေနဲ့ မစားသောက်သင့်ပါဘူးနော်။ ဒါက အကြောင်းပြချက် ကြီးကြီးမားမား မရှိပေမယ့်လည်း ကိုယ့်ရဲ့ဖြစ်တည်မှုလေးကို လေးစားတဲ့အနေနဲ့ ဒီအချက်လေးကို လိုက်နာသင့်တာ ဖြစ်ပါတယ်။ ဒီတော့ သူများတွေကို ပန်းကန်၊ ခွက် အကောင်းစားတွေနဲ့ ဧည့်ခံသလိုပဲ ကိုယ့်အတွက်လည်း ကောင်းမွန်တဲ့ ပန်းကန်၊ ခွက်လေးတွေကို အသုံးပြုသင့်ပါတယ်နော်။

READ
ကိုယ့်ဘဝမှာ အချစ်က ဘယ်လောက်ရာခိုင်နှုန်းအထိ အရေးပါလဲ ဆန်းစစ်ကြရအောင်

သင့်ရဲ့ စားသောက်ပုံကို ဂရုစိုက်ပါ

shutterstock/baranq
Sponsored

တစ်ချို့လူတွေက ကိုယ့်ရဲ့ကျန်းမာရေးကို အလေးမထားပဲ စားချင်တာလျှောက်စားတာ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ စားတာမျိုးလုပ်မိနေတတ်ကြပါတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကို ဂရုစိုက်တဲ့အနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်စားသောက်ခြင်းကလည်း ကိုယ့်ကိုယ်ကို ချစ်ခြင်းတစ်မျိုးပါပဲနော်။

သင်မအားတဲ့အချိန်မှာ ဖုန်းဖြေတာ၊ စာပို့တာတွေ မလုပ်ပါနဲ့

shutterstock/ Mr.Whiskey

သူများကို အားနာတတ်တဲ့ သူတွေ၊ တစ်ခြားသူ စိတ်ကွက်သွားမှာ စိတ်ပူတဲ့သူတွေက ကိုယ်မအားရင်တောင် အချိန်ပေးပြီး ဖုန်းဖြေတာ၊ စာပို့တာမျိုးတွေကို လုပ်တတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်အတွက် အလုပ်တွေရှုပ်နေတယ်၊ မအားဘူးဆိုရင်တော့ ဖုန်းဖြေတာ၊ စာပို့တာတွေ မလုပ်လည်း အဆင်ပြေပါတယ်နော်။ ဒါက ကိုယ့်ကိုယ်ကို ဦးစားပေးခြင်းတစ်မျိုးဖြစ်ပြီး အရေးမကြီးတဲ့ ဖုန်းတွေ၊ စာတွေကို reply မလုပ်လည်း ရပါတယ်။

READ
မုန်လာဥနီဖျော်ရည်ကို နေ့စဉ်ပုံမှန် သောက်သုံးပါက ရလာမယ့် အကျိုး (၅) မျိုး

အရည်အသွေးကောင်းတွေ အဝတ်အစားတွေ ဝတ်ဆင်ပါ

shutterstock/ sirtravelalot

ဒီနေရာမှာ အရည်အသွေးကောင်းတဲ့ အဝတ်အစားတွေဆိုတိုင်း brand တွေဝယ်ဝတ်ရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် အရမ်းကို ဈေးချိုပြီး ခဏလေးနဲ့ ဟောင်းနွမ်းသွားမယ့် အဝတ်အစားတွေအစား ကိုယ့်ကိုယ်ကို ပိုအဆင့်တန်းရှိတဲ့သူတစ်ယောက်ပုံပေါ်တဲ့ ဈေးနှုန်းအသင့်အတင့်နဲ့ ကောင်းမွန်တဲ့ အဝတ်အစားတွေကို ရွေးချယ်သင့်ပါတယ်။ ဒီလို အဝတ်အစားတွေကို ဝတ်ဆင်ဖို့ သင်က ထိုက်တန်ပါတယ်နော်။

ဟောင်းနွမ်းပေါက်ပြဲနေတဲ့ အဝတ်အစားတွေကို မဝတ်ပါနဲ့တော့

တစ်ချို့လူတွေက ကိုယ်အရမ်းကြိုက်တဲ့ အဝတ်အစားတွေ ဟောင်းနွမ်းနေပေမယ့် လွှင့်ပစ်ရမှာ နှမြောတဲ့စိတ်ကြောင့် ဆက်ဝတ်နေတတ်ကြပါတယ်။ တကယ်တော့ ဒါက သင့်ကိုကြည့်ရဆိုးစေပြီး ဆွဲဆောင်မှုကိုလည်း ကျဆင်းစေပါတယ်။ ဒီ့အတွက်ကြောင့် ပေါက်ပြဲဟောင်းနွမ်းနေတဲ့ အဝတ်အစားတွေကို ဆက်ဝတ်ဆင်တာမျိုး မလုပ်ပါနဲ့တော့။

Khin

 

sponsored