Hyun Bin နဲ့ Soe Ye Jin တို့ တွဲနေပြီဆိုတာ အရိပ်အမြွက်ပြနေခဲ့တဲ့ အခိုက်တန့် (၅) ခု

Netflix
Sponsored

Hyun Bin နဲ့ Soe Ye Jin တို့နှစ်ယောက်ဟာ Crash Landing on You ထဲမှာတင် အရမ်းတွေချစ်ပြီး ရိုနေကြတာမဟုတ်ဘဲ အပြင်မှာပါ တကယ်ကို ဒိတ်နေခဲ့ကြတယ်ဆိုတာ သက်ဆိုင်ရာ agency ကနေလည်း အတည်ပြုလိုက်ခဲ့ပြီပဲဖြစ်ပါတယ်။ ဒီကြားထဲ နှစ်ယောက်သား သူတို့တွေ ချစ်သူဖြစ်နေကြပါပြီဆိုတာကို ပြောပြနေကြတဲ့ အခိုက်အတန့်တွေလည်း ရှိခဲ့တယ်ဆိုပြီး Aisa One မှာ သတင်းတစ်ပုဒ်တက်လာခဲ့ပါတယ်။ အဲဒီသတင်းကို ပြန်လည်ဖော်ပြပေးမှာမလို့ ပရိတ်သတ်ကြီးက ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာ ဝေဖန်ပေးကြပါဦးနော်။

(၁) US ခရီး 

Sponsored

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တုန်းက scandal လုပ်တဲ့လူတွေရဲ့ လူမှုကွန်ယက်တွေမှာ Hyun Bin နဲ့ Soe Yi Jin တို့နှစ်ယောက် ဦးထုပ်ကိုယ်စီ ခပ်ငိုက်ငိုက်ဆောင်းပြီးတော့ US မှာ ဈေးဝယ်ထွက်နေခဲ့တာပါ။ ဒါကို တင်ခဲ့ပမေယ့် ဘယ်သူမှ အတည်ပေါက်သတိမထားမိခဲ့ကြပါဘူး။ တစ်ချို့တွေဆိုရင် US မှာ လျှောက်လည်နေတာတွေရော၊ Soe Yi Jin ရဲ့မိဘတွေနဲ့ ညစာစားနေတာတွေပါ မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။

 

(၂) သက်တော်စောင့်

READ
ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ ....

ဇူလိုင်လ ၂၀၂၀ တုန်းက Soe Yi Jin တစ်ယောက် fan တွေနဲ့ မိတ်ဆက်၊ နှုတ်ဆက်ရင်းနဲ့ ပျော်ပါးနေတဲ့ ဗီဒီယိုတွေတက်လာခဲ့ပါတယ်။ သူမအနောက်မှာပါနေတဲ့ သက်တော်စောင့်ကို သေချာကြည့်မယ်ဆိုရင် Hyun Bin ရဲ့ bodyguard ဖြစ်နေတယ်ဆိုတာ သိနိုင်မှာပါ။ အဲဒါ Hyun Bin တစ်ယောက် Jordan ရောက်နေတုန်း သူမရှိတဲ့အချိန် Soe Yi Jin ကို စောင့်ရှောက်ဖို့ သူ့သက်တော်စောင့်ကို လွှတ်ထားတာပါတဲ့လေ။ ရိုလိုက်တာနော်။

 

(၃) ဂေါက်ရိုက်ဒိတ်

ဂေါက်ရိုက်တာလည်း ဝါသနာပါလှတဲ့ သူတို့စုံတွဲကို Soe Yin Jin မိဘတွေနဲအတူတူ ဂေါက်ကွင်းတစ်ခုမှာ ဂေါက်ရိုက်နေတာကိုလည်း ပရိတ်သတ်တွေေ မြင်ခဲ့ကြပေမယ့်လို့ သို့လောသို့လာနဲ့ပဲ ပြီးသွားခဲ့တာပါ။

 

(၄) Crash Landing on You ရိုက်ကွင်း

READ
အချိန်ပေးရကျိုးနပ်စေတဲ့ အပေါင်းအသင်းမိတ်ဆွေ(၅)မျိုး

ပိတ်သားပေါ်မှာ ဗိုလ်ကြီးနဲ့သူဌေးမမတို့ကို အရမ်းတွေ သဘောတူနေတဲ့ fan တွေရဲ့ ဆုတောင်းပြည့်သွားခဲ့တာပေါ့။ တကယ်တော့ သူတို့နှစ်ယောက်ဟာ ရိုက်ကွင်းမှာတောင် လက်တွေဘာတွေ ကိုင်နေကြတာပါတဲ့။ ဒါကို ဘယ်သူမှ သတိမထားမိခဲ့တာပါ။

(၅) မတ်မတ် Soe Yi Jin ရဲ့ like တစ်ခု

၂၀၂၀ ဇွန်လတုန်းက Crash Landing on You နဲ့ နှစ်ယောက်သားကို ship ခဲ့တဲ့ post တစ်ခုပေါက်သွားပါသေးတယ်။ အဲဒါကတော့ “ဒိတ်နေတယ်လို့သာ ပြောလိုက်ပါတော့” ဆိုတဲ့ fan တစ်ယောက်ရဲ့ post ကို Soe Yi Jin ကိုယ်တိုင် like နှိပ်သွားခဲ့တာပါ။

 

Penny

sponsored