Hyun Bin ကတော့ လက်တလောမှာ မြန်မာမိန်းကလေး ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးနေပါတယ် ။မြောက်ကိုရီးယားက ဗိုလ်ကြီးဇာတ်ကောင်နဲ့ အာရှ မိန်းကလေး ပရိသတ်တွေကို ဖမ်းစားထားတာပါ။ September 25, 1982 မှာ မွေးဖွားခဲ့ပြီး အသက်ကတော့ (၃၇)နှစ်ပါ။ ဒါပေမယ့်လည်း ပရိသတ်တွေကို ဦးမှ ဦး ဖြစ်အောင် ဆွဲဆောင် ထားနိုင်သူပါ။


Hyun Bin ကတော့ ‘Crash Landing on You.’ ဆိုတဲ့ ဇာတ်ကား အတွက် အများကြီး ပြင်ဆင်ထားတယ်ဆိုတာကို ဇာတ်ကားကြည့်တဲ့ သူတိုင်း သိကြမှာပါ။ ဒီဇာတ်ကား မှာဆိုရင် မြောက်ကိုရီးယားက ဗိုလ်ကြီး အဖြစ် သရုပ်ဆောင်ထားပါတယ်။


စစ်သား တစ်ယောက် အဖြစ် သရုပ်ဆောင်ရမှာမို့ Hyun Bin က သူ့ရဲ့ Body ကို ကြိုးစားပြောင်းလဲထားပါတယ်။ ဒီဇာတ်ကားမတိုင်ခင်က ထွက်ထားတဲ့ သူ့ရဲ့ ဒရမ်မာဇာတ်ကား ‘Memories of the Alhambra.’ ကို ကြည့်ဖူးတဲ့ သူတွေ ဆိုရင် တော့ ဒါကို သတိထားမိမှာ သေချာပါတယ်။


‘Memories of the Alhambra.’ ဇာတ်ကားထဲက ပုံနဲ့ယှဉ်ရင် သူ့ရဲ့ လက်ရှိ Body က လုံးဝ ပြောင်းလဲ သွားပါတယ်။ ပခုံးတွေ၊ ရင်အုပ်တွေ သိသိသာသာကျယ်သွားပြီး ကြွက်သားတွေနဲ့ သူ့ရဲ့ body ကို ယူနီဖောင်းနဲ့ ကွယ်ထားပေမယ့်လည်း သတိထားမိတဲ့ ပရိသတ်တွေ ကတော့ သေချာ သတိထားမိခဲ့ပါတယ်။ ဇာတ်ကောင်နဲ့ လိုက်ဖက်အောင် အသေးစိတ် လေးကအစ ကြိုတင်ပြင်ဆင်ထားတဲ့ Hyun Bin ပါ။


Source:kstarlive