Hyun Bin ကတော့ Crash Landing On You ဆိုတဲ့ ဇာတ်ကားနဲ့ ပရိသတ်ကြားမှာ တ ကျော့ ပြန်လည် နာမည်ကြီးခဲ့ပါတယ်။ဒီဇာတ်ကားမှာ Hyun Bin ရဲ့ ဇာတ်ကောင် ကတော့ ပရိသတ် ကြားမှာ အရမ်းကို ရေပန်းစားခဲ့ပါတယ်။လူတိုင်း အပေါ် ကူညီပေးခဲ့ဖူးတဲ့ Hyun Bin ကတော့ တစ်ချိန် တုန်းက Girl’s Day ရဲ့ အဖွဲ့ ၀င် Hyeri အပေါ် ကူညီပေးခဲ့ဖူးပါတယ်။


Hyun Bin နဲ့ Hyeri တို့ ဒရမ်မာ ဇာတ်ကားတစ်ခုမှာ အတူ ဆုံခဲ့တုန်းက သေချာ ကူညီ သင် ပြ ပေးခဲ့ဖူးတာပါ။သူတို့ နှစ်ယောက်ဟာ (၂၀၁၅) တုန်းက SBS ရဲ့ ‘Hyde, Jekyll, and Me’ ဆိုတဲ့ ဇာတ်ကား မှာ အတူ ပါဝင် သရုပ်ဆောင်ခဲ့ကြတာပါ။အဲ့ဒီအချိန် တုန်းက Hyeri ကMin Woojung ဆိုတဲ့ ဇာတ်ကောင် နေရာက နေ ပါဝင် ထားတာပါ။


Hyun Bin ကတော့ (Robin ) ဆိုတဲ့ Min Woojung ရဲ့ တစ်ဖက်သတ် ကြိတ်ကြိုက်နေရတဲ့ အမျိုးသားနေရာက နေပါဝင်ခဲ့တာပါ။ဇာတ်ကားရဲ့ အပိုင်း (၅) မှာတော့Hyeri က Hyun Bin နဲ့ ခွန်အားပြိုင်ခဲ့ပြီး နောက် မျက်ရည်ကျ ငို ကြွေး ခဲ့တဲ့ အခန်း ပါပါတယ်။ Hyeri ကတော့ ပြီးခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ ဒီ အကြောင်း နဲ့ ပတ်သက်ပြီး ပြန်လည် ဝေမျှ ခဲ့ပါတာ်။သူမ အတွက် သရုပ်ဆောင် တဲ့ နေရာမှာ ခံစားချက်ကို ထိန်းချုပ်ရတာ အရမ်းခက်ခဲ ခဲ့ ကြောင်း ရယ်စရာ အခန်း သရုပ်ဆောင်ပြီး ချက်ချင်းဆိုသလို ငိုရတာ က သူမ အတွက် မလွယ်ကူခဲ့ဘူးလို့ ဆိုပါတယ်။


အခက်အခဲတွေ့ နေတဲ့ သူမကို Hyun Bin က ကူညီ ပေး ဖို့ ရောက်လာခဲ့ပါတယ်။ Hyun Bin က သူမရဲ့ ရှေ့မှာ ထိုင်ပြီး “ တစ်စုံ တစ်ယောက် ငို နေတာကို မြင် ရင် ငို လား .ရပြီ ငါငိုတော့မယ်..” ဆိုပြီး Hyun Bin က သူမရဲ့ ရှေ့မှာ မျက်ရည်တွေ ကျ ပြ ခဲ့ပါတယ်။ Hyeri ကတော့ “ကျမ တော့ စီနီယာ့ကို တကယ်ပဲ အံ့သြ လေးစားမိသွားတယ်။ကျေးဇူးလည်း တင်တယ်။ ဒီလို နဲ့ပဲ ကျမ တို့ ရိုက်ကူးရေးကို အဆင်ပြေပြေ လုပ်နိုင်သွားတယ်..” ဆိုပြီး ပြောခဲ့ပါတယ်။
Source:kstarlive