သူတို့ချစ်ရသူအပေါ်တောင် လုံးဝခွင့်လွှတ်မပေးနိုင်တဲ့ ရာသီခွင်တွေရဲ့ အမုန်းဆုံး အချက်များ

shutterstock/PH888
Sponsored

ရာသီခွင်တစ်ခုစီတိုင်းမှာ သူတို့အရမ်း မုန်းတီနာကြည်းတတ်တဲ့ အရာဆိုတာ ရှိတတ်ကြပါတယ်။ တစ်ခြားအရာတွေကို ခွင့်လွှတ်ပေးနိုင်ပေမယ့်လို့ ဒီလိုအချက်တွေသာ ပြုမူခဲ့မယ်ဆိုရင် သူတို့ဆီက ခွင့်လွှတ်မှုကို ရဖို့မမျှော်လင့်သင့်တော့ပါဘူး။ ရာသီခွင်တွေ သူတို့ချစ်သူအပေါ်တောင် လုံးဝခွင့်လွှတ်မပေးနိုင်တဲ့ အမုန်းဆုံးအချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Aries

shutterstock/Artem Tymoshenko

Aries တွေက သူတို့ရဲ့ချစ်သူကို ပိုင်ဆိုင်ဖို့ ကြိုးစားတတ်ကြသူတွေဖြစ်ပြီးတော့ အရမ်းလည်း ချစ်တတ်ကြသူတွေပါ။ သူတို့တွေက ချစ်သူရဲ့ အချိန်မပေးနိုင်မှုတွေနဲ့ တစ်ခြားအရာတွေကို နားလည်ပေးနိုင်ပေမယ့်လို့ သူတို့အပေါ် သစ္စာဖောက်တာကိုတော့ လုံးဝခွင့်မလွှတ်တတ်ကြတဲ့ ရာသီခွင်တွေ ဖြစ်ပါတယ်။

Taurus

Sponsored

Taurus ရာသီခွင်တွေဟာ သူတို့ရဲ့ ချစ်သူအတွက် ဘာမဆို ရင်ဆိုင်ရဲတဲ့ သူတွေဖြစ်ကြပြီး ချစ်သူဘက်ကနေ မားမားမတ်မတ် ရပ်တည်တတ်ကြသူတွေပါ။ နောက်ပြီး သူတို့တွေက နာကျင်လွယ်၊ ခံစားလွယ်တဲ့ သူတွေဖြစ်ကြပြီး သူတို့ကို အသည်းကွဲအောင် လုပ်မိရင်တော့ ဘယ်လောက်ပဲ ချစ်ချစ် ခွင့်မလွှတ်တတ်ကြပါဘူး။

Gemini

Gemini တွေဟာ ဥာဏ်ရည်မြင့်မားတဲ့သူတွေဖြစ်သလို အမြဲတမ်း သူတို့လိုချင်တာအတွက် ကြိုးစားတတ်ကြသူတွေ ဖြစ်ပါတယ်။ ချစ်သူအပေါ် ချစ်တတ်ကြပေမယ့် သူတို့ကို ကွက်ကျော်ရိုက်ပြီး လှည့်စားခဲ့ရင်တော့ ဘယ်တော့မှ ခွင့်လွှတ်ဖို့ အစီအစဉ်မရှိပါဘူးနော်။

Cancer

shutterstock/nastya120591

Cancer ရာသီဖွားတွေဟာ ချစ်သူနဲ့အတူ အချိန်ကုန်ဆုံးရတာကြိုက်ပြီး အမြဲတမ်း မျှတတဲ့ ဆက်ဆံရေးကို တည်ဆောက်တတ်ကြသူတွေ ဖြစ်ပါတယ်။ သူတို့တွေရဲ့ အချစ်နဲ့ ယုံကြည်မှုက ဘယ်တော့မှ သံသယမရှိအောင် ခိုင်မာလွန်းပြီး တကယ်လို့ သူတို့ကို စွန့်ပစ်ခဲ့မယ်ဆိုရင်တော့ အချစ်ကနေ အမုန်းကို ပြောင်းလဲသွားတတ်ကြပါတယ်။

READ
အစသန်၊ အရယ်သန်တဲ့ စုံတွဲတွေဟာ တကယ်ချစ်တဲ့စုံတွဲတွေဖြစ်ကြောင်း ရှာဖွေတွေ့ရှိ...

Leo

Leo တွေက သူတို့ရဲ့ ချစ်သူကို ကာကွယ်ပေးတတ်ကြသလို အရမ်းလည်း ချစ်တတ်ကြသူတွေပါ။ သူတို့ချစ်သူဆီက သူတို့ချစ်သလို ပြန်အချစ်ခံရချင်ကြသူတွေဖြစ်ပြီးတော့ တကယ်လို့ သူုတို့ကို အရူးလုပ်ပြီး ချစ်ချင်ဟန်ဆောင်ခဲ့မယ်ဆိုရင် ဒါမှမဟုတ် အရူးလုပ်ခဲ့မယ်ဆိုရင် ခွင့်လွှတ်ဖို့ကို မမျှော်လင့်ပါနဲ့တော့။

Virgo

Virgo တွေဟာ အမှန်တရားကို မြတ်နိုးသူတွေဖြစ်ပြီး စေ့စပ်သေချာတဲ့ သူတွေဖြစ်ကြပါတယ်။ တကယ်လို့ သူတို့ရဲ့ ချစ်သူက သူတို့အပေါ် တစ်ခုခုကို လိမ်ညာခဲ့မယ်ဆိုရင်တော့ သူတို့ရဲ့ ယုံကြည်မှုကို ရိုက်ချိုးလိုက်တာဖြစ်ပြီး ဘယ်တော့မှ မယုံကြည်ပေးတတ်ကြတော့ပါဘူး။

Libra

shutterstock/ Standret

Libra တွေဟာ ငြိမ်းချမ်းမှုကို လိုလားတဲ့သူတွေဖြစ်ကြသလို သူတို့ရဲ့ ချစ်ရသူအတွက်ဆို ဘာမဆို ပေးဆပ်ရဲကြတဲ့ သူတွေလည်း ဖြစ်ကြပါတယ်။ ဒါပေမယ့် သူတို့လုံးဝခွင့်လွှတ်နိုင်ကြတာတစ်ခုကတော့ သူတို့ရဲ့ အေးချမ်းနေတဲ့ ဆက်ဆံရေးလေးကို ကမောက်ကမလုပ်မိရင်တော့ သူတို့ရဲ့ ဒေါသက ကြောက်စရာကောင်းလွန်းပါတယ်။

Scorpio

Scorpio ရာသီခွင်တွေဟာ သန့်ရှင်းမှုနဲ့ ယုံကြည်မှုကို တန်ဖိုးထားတတ်ကြသူတွေ ဖြစ်ပါတယ်။ တကယ်လို့ သူတို့ဘေးနား ဆက်ရှိနေချင်သေးရင်တော့ သူတို့အပေါ် ဘယ်တော့မှ လိမ်ညာမှုတွေနဲ့ အမှန်တရားတွေကို ဖုံးကွယ်မထားသင့်ပါဘူး။ သူတို့အပေါ် လိမ်ညာပြီး အမှန်တရားကို ဖုံးကွယ်ထားမယ်ဆိုရင်တော့ သူတို့ရဲ့ ယုံကြည်မှုကို ဒီတစ်သက် ရဖို့မတွေးပါနဲ့တော့။

READ
အံ့သြလောက်စရာ စွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ အင်းဆက်မိတ်ကပ်ပညာရှင်ရဲ့ လက်ရာများ

Sagittarius

Sagittarius တွေက ချစ်သူအပေါ် ထာဝရချစ်ခင်သွားမယ့် သူတွေဖြစ်ပြီး ရိုးသားမှုဖြူစင်မှုကို မြတ်နိုးကြပါတယ်။ တကယ်လို့ သူတို့ဘယ်လောက်ပဲ ချစ်တဲ့သူပဲဖြစ်ဖြစ် သူတို့ရဲ့ မျှော်လင့်ချက်လေးကို ရိုက်ချိုးဖျက်ဆီးမိရင်တော့ ဘယ်တော့မှ ခွင့်မလွှတ်တတ်ကြသူတွေပါ။

Capricorn

shutterstock/ Drazen Zigic

Capricorn တွေက ဆက်ဆံရေးတစ်ခုကို ဘယ်လိုခိုင်မြဲပျော်ရွှင်အောင် တည်ဆောက်ရမယ်ဆိုတာကို ကောင်းကောင်းနားလည်ထားသူတွေပါ။ ဒါပေမယ့်လို့ သူတို့နဲ့အတူ အခက်အခဲတိုင်းကို ရင်ဆိုင်ကျော်လွှားဖို့ သတ္တိမရှိပဲ အရှုံးပေးစိတ်ဖြစ်လာရင်တော့ သူတို့အတွက် အဆင်မပြေနိုင်တော့ပါဘူး။ အရှုံးပေးခြင်းကို အရမ်းမုန်းတီးကြသူတွေပဲ ဖြစ်ပါတယ်။

Aquarius

Aquarius တွေကတော့ ထူးခြားတဲ့ အကျင့်စရိုက်ရှိတဲ့ သူတွေကို သဘောကျတတ်ကြပြီး ရိုးအီမသွားတဲ့ လျို့ဝှက်ချက်လေးတွေ၊ အံ့သြစရာလေးတွေ ပြည့်နေတဲ့ ချစ်သူမျိုးကို ရွေးချယ်တတ်ကြပါတယ်။ တကယ်လို့ သူတို့ရဲ့အချစ်ကို အလေးမထားပဲ မျက်နှာများမယ်ဆိုရင်တော့ ဘယ်လောက်ချစ်ချစ် ထားရစ်ခဲ့တတ်ကြပါတယ်။

Pisces

Pisces တွေဟာ စိတ်ခံစားမှု လွယ်တဲ့သူတွေဖြစ်ပြီး အေးစက်စက်နိုင်တယ်လို့ ထင်ရတတ်ပါတယ်။ သူတို့တွေရဲ့ အိပ်မက်နောက်ကို လိုက်ရတာ ကြိုက်ပြီး ဘဝရဲ့ အသစ်အဆန်းတွေကို ရှာဖွေရတာ သဘောကျကြပါတယ်။ တကယ်လို့ သူတို့ရဲ့ အိပ်မက်တွေကို ဖျက်ဆီးမိမယ်ဆိုရင်တော့ ဘယ်လောက်ချစ်တဲ့သူပဲဖြစ်ဖြစ် ခွင့်မလွှတ်တတ်ကြပါဘူး။

Khin

sponsored