ကိုယ့်ကို မရွေးချယ်ခဲ့တဲ့ သူ့ကို နောင်တတွေ တစ်သီကြီး ရသွားစေမယ့် နည်းလမ်းများ

freepik /freepik
Sponsored

ကိုယ်ကြိုက်နေတဲ့ကောင်လေးက ကိုယ်ကို့ရွေးမလိုနဲ့ တစ်ခြား တစ်ယောက်ရွေးသွားတာတို့၊ ကိုယ်နဲ့တွဲနေရင်း ခြံခုန်ပြီး နောက်တစ်ယောက်ကို ရွေးသွားတာတို့ တွေ ဖြစ်ဖူးကြလား။ သေချာတာတော့ အဲ့လိုဖြစ်ရင် အရင်ဆုံးအသည်းကွဲသလိုလိုနဲ့ နေရထိုင်ရခက်နေမှာပါပဲ။ အသည်းအဝကွဲပြီးရင်တော့ ကိုယ့်ကိုမရွေးခဲ့လို့ နောင်တရစေချင်တဲ့ စိတ်တွေ ပေါ်လာရင် ဒီနည်းလမ်းတွေ စမ်းကြည့်နော်။

ပြိုင်မလုပါနဲ့

freepik /freepik
Sponsored

ဒါကတော့ ခြံခုန်ပြီး နောက်တစ်ယောက်နဲ့ ကိုယ်နဲ့ ရွေးချယ်ခန်းတွေ ဖြစ်လာရင် လွှတ်ပေးလိုက်ပါ။ ပြိုင်မလုပါနဲ့။ သူတို့သာတာရဖို့ သူထွက်သွားရတယ် တွေးပြီးသာ ရေစက်ချအမျှဝေလိုက်ပါ။ ပြိုင်မလုခြင်းကလဲ တစ်ဖက်လူအတွက် စဉ်းစားစရာတွေ ဖြစ်လာတက်ပါတယ်။ ဘာလို့ပြန်မလုတာလဲ ဆိုတဲ့ အတွေးတွေ အမြဲခေါင်းထဲဝင်နေတာနဲ့တင် ကိုယ်ကနိုင်နေပြီနော်။

ပြောင်းလဲလိုက်ပါ

freepik /freepik

အလှဆုံးပြင်လိုက်ပါ။ ဝတ်ချင်တာတွေ အကုန်ဝယ်ဝတ်လိုက်ပါ။ ပြောင်းချင်တဲ့ ဆံပင်ပုံစံတွေ အဝပြောင်းပြီး ဆိုးချင်တဲ့အရောင်တွေ ဆိုးလိုက်ပါ။ သင်တန်းတွေတက်ပြီး အလုပ်မှာလဲ ပိုကြိုးစားလိုက်ပါ။ ဘယ်သူမဆို လွတ်သွားတဲ့ ငါးကပိုကြီးနေရင် နှမြောတက်တယ်လေနော်။

READ
ဖွဲမီးလို အတွင်းမှာ လောင်ကျွမ်းနေတဲ့ စံပြစုံတွဲတွေရဲ့ အိမ်ထောင်ရေး

ဂရုမစိုက်ကြောင်းပြပါ

freepik /freepik

သူဘာလုပ်လုပ်၊ ဘယ်သူနဲ့ရှိရှိ ကိုယ်နဲ့မဆိုင်ဘူး၊ ဂရုမစိုက်ဘူးဆိုတာမျိုးပဲ ဖြစ်ပါစေ။ စိတ်မဝင်စားသလိုသာနေပြီး ကိုယ့်ဟာကိုယ်ပျော်အောင် ဖန်တီးယူပါ။ သူ့ကိုလွမ်းနေ၊ ဂရုစိုက်နေမယ့် အချိန်တွေမှာ စာလုပ်နေ၊ အလှထိုင်ပြင်နေရင်တောင် ကိုယ့်အတွက် အကျိုးရှိတယ်လေနော်။

Social Media ကိုကောင်းကောင်းအသုံးချပါ

freepik /freepik

သူမရှိလဲ ကိုယ်ပျော်နေကြောင်း၊ အဆင်ပြေကြောင်း များများတင်ပါ။ မမြင်မြင်အောင်ကို တင်ပါ။ သူငယ်ချင်းတွေနဲ့ အပြင်သွားတာတွေ၊ ကိုယ်ပုံလေးတွေ များများတင်ရင်းနဲ့ ကိုယ့်ရဲ့ပြောင်းလဲမှုတွေ မြင်လာပြီး နှမြောစိတ်တွေ တသသပေါ်ထွန်းလာပါလိမ့်မယ်။

TPS

sponsored