ဒီ (၅) ချက်ကို ကြုံတွေ့လေ့ရှိသူတွေဟာ သူမတူအောင် ဉာဏ်ရည်ထက်မြက်သူတွေပါ….

Sponsored

ဥာဏ်ရည်ထက်မြက်တဲ့သူတွေဆိုတာ ဘယ်လို ပြဿနာမျိုးကိုပဲဖြစ်ြဖစ် အဆင်ပြေအောင် ရိုးရိုးလေးဖြေရှင်းတတ်သူဖြစ်ပြီး ဖြတ်ထိုးဥာဏ်လည်း ကောင်းမွန်တဲ့သူတွေပါ။ ဒီလိုသူမတူအောင် ဥာဏ်ရည်ထက်မြက်တဲ့သူတွေဟာ အသေးအမွှား ပြသနာလေးတွေကို နေ့စဉ်ကြုံတွေ့ရလေ့ရှိပါတယ်။ တကယ်လို့ ဒီအရာတွေတော်တော်များများကို သင်ကိုယ်တိုင်လည်း ကြုံတွေ့နေရတယ်ဆိုရင်တော့ သင်ဟာ သူမတူအောင် ထက်မြက်တဲ့ဥာဏ်ရည်ကို ပိုင်ဆိုင်ထားသူတစ်ယောက်ဆိုတာ သေချာပါတယ်။

(၁) အသေးအဖွဲတွေ မပြောချင်ဘူး

Shutterstock

သင်ပြောလိုက်တဲ့ စကားတွေတိုင်းကို သင်သတိထားကြည့်ပါ။ အသေးအမွှားတွေ၊ အရေးမကြီးတဲ့အကြောင်းအရာတွေကို အချိန်ကုန်ခံပြီး ပြောမယ့်သူမဟုတ်ပါဘူး။ အနုပညာအကြောင်းတွေ၊ စီးပွားရေးကြီးပွားရေးတွေ၊ သိပ္ပံအကြောင်းအရာတွေ၊ ကမ္ဘာကြီးနဲ့ချီတဲ့ အကြောင်းအရာမျိုးကိုပဲ စိတ်ဝင်စားသလို၊ အဲလိုအကြောင်းအရာတွေကိုပဲ ဆွေးနွေးနေတတ်တဲ့သူတွေ ဖြစ်ပါတယ်။ အကြောင်းကတော့ အသေးအမွှားကိစ္စတွေအတွက် အချိန်ကုန်မခံနိုင်တဲ့သူတွေ ဖြစ်ပါတယ်။

(၂) နည်းနည်းပြောပြီး များများစဉ်းစားတယ်

Sponsored

သူတို့ရဲ့ ဦးနှောက်ဟာ သူမတူအောင် ထက်မြက်လွန်းတာကြောင့် ပြဿနာတစ်ခုခုဖြစ်လာပြီဆိုရင် ဖြစ်နိုင်ခြေရှိတဲ့အဖြေတွေ အားလုံးကို စဉ်းစားနေတတ်ပါတယ်။ ရေရေရာရာ မသိတဲ့အရာတစ်ခုခုကိုလည်း ထုတ်မပြောတတ်ကြပါဘူး။ သူများနဲ့မတူတဲ့ ရှုထောင့်ကနေ အမြဲကြည့်တတ်ပြီး၊ သူတစ်ပါးနဲ့ ကွဲထွက်တဲ့အမြင်မျိုး ရှိတာကြောင့် လူတွေတော်တော်များများနဲ့ ကွဲထွက်နေတတ်သူတွေဖြစ်ပါတယ်။

READ
ကိုယ့်ဘဝကို ပျော်ရွှင်မှုပေးနိုင်မယ့် သူကိုသာ မဖြစ်မနေ ရွေးချယ်သင့်တဲ့ အချက်(၅)ချက်

(၃) အလွယ်တကူငြီးငွေ့တတ်တယ်

Shutterstock

သူမတူအောင် ထက်မြက်လွန်းတဲ့သူတွေရဲ့ ဦးနှောက်ဟာ အမြဲတမ်း အသစ်အသစ်တွေကိုပဲ စိန်ခေါ်ချင်ပါတယ်။ သူတို့ရဲ့ ခေါင်းထဲမှာ အမြဲတမ်း Idea အသစ်တွေ၊ အစီအစဉ်အသစ်တွေ အမြဲတမ်းရှိနေတာကြောင့် အသစ်တွေကိုပဲ ဖန်တီးချင်ပြီး လမ်းကြောင်းသစ်ကို အမြဲဖောက်တတ်တဲ့သူတွေဖြစ်ပါတယ်။ ပုံမှန်လုပ်နေရတဲ့ အလုပ်တစ်ခုခုကို အလွယ်တကူ ငြီးငွေ့တတ်ကြတာကြောင့် တစ်ခါတလေမှာ အလုပ်လုပ်ရတာ သူတို့အတွက် စိတ်ပင်ပန်းစရာကောင်းပြီး အလုပ်ပြီးဖို့ကို တော်တော်လေး ကြိုးစားနေရတတ်ပါတယ်။

(၄) ပေါင်းသင်းဆက်ဆံရေးမှာ သိပ်အဆင်မပြေဘူး

ဒီလိုလူတွေဟာ သူများနဲ့မတူတဲ့ အတွေးအခေါ်တွေ အမြဲတမ်းရှိနေတတ်တာကြောင့် သူများတွေနဲ့ စကားပြောတဲ့အခါ အပေါက်အလမ်း မတည့်တာ၊ ဘုနဲ့ဘောက်ဖြစ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ တစ်ခါတလေမှာ သူတို့ရဲ့ အတွေးအခေါ်တွေကို လူတွေက လိုက်မမီတာကြောင့် အများနဲ့တစ်ယောက် ကွဲထွက်နေသလို၊ အရမ်းကို ချွန်ထွက်လွန်းနေတယ်လို့ သူများတွေက မြင်တတ်ကြပါတယ်။ အမှန်တကယ်ကတော့ သူတို့က တမင်လုပ်ယူနေတာမဟုတ်ပါဘူး။ သူတို့ရဲ့ သဘာဝကိုက ဒီလိုဖြစ်နေတာပါ။

READ
ကိုရီးယားဇာတ်လမ်းတွဲတွေမှာ အမြဲလိုလို မြင်တွေ့နေကျ အစားအသောက် ၅ မျိုး

(၅) အလုပ်မဖြစ်တာတွေရှိတယ်

Shutterstock

သူမတူအောင် ဥာဏ်ရည်ထက်မြက်တဲ့သူတွေအတွက် အခက်ခဲဆုံးကတော့ အတွေးအခေါ်တွေကို အကောင်အထည်ဖော်ဖို့ပါပဲ။ အကြောင်းကတော့ သူတို့ဟာ အများကြီးစဉ်းစားတယ်၊ လုပ်ချင်တာတွေ အရမ်းများတယ်၊ အများနဲ့မတူတဲ့ အတွေးအခေါ်သစ်တွေ အမြဲတမ်း ထုတ်နေတတ်တဲ့ အတွေးသမားတွေ ဖြစ်နေလို့ပါပဲ။ လူတွေက သူတို့ကို ပျင်းတယ်လို့ အထင်လွဲတတ်ကြပေမယ့် အမှန်တကယ်ကတော့ သူတို့မှာ သူများနဲ့မတူတဲ့ ရွှေချထားချင်စရာ မဟာစိတ်ကူးတွေရှိနေတယ်ဆိုတာကို လူတော်တော်များများက မသိကြပါဘူး။

Em Em

sponsored