လူကောင်သေးသလောက် စိတ်အရမ်းကြီးတဲ့ ကောင်မလေးတွေဆိုတာ ဒီလိုပါ

drobotdean/ freepik
Sponsored

လောကမှာ လူအမျိုးမျိုး စိတ်အထွေထွေပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ခံယူချက်ခြင်း၊ သည်းခံနိုင်စွမ်းတွေ ကွာခြားတတ်ပါတယ်။ စိတ်ရှည်ခြင်း၊ တိုခြင်းဟာ ခန္ဓာကိုယ်အရွယ်အစားနဲ့တော့ မဆိုင်ပေမယ့် လူကောင်သေးသလောက် စိတ်ကြီးတဲ့သူတွေကလည်း ရှိနေပြန်ပါတယ်။ ခုဖော်ပြပေးမှာကတော့ လူကောင်သေးသလောက် စိတ်အရမ်းကြီးတဲ့ကောင်မလေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။

(၁) ဒေါသထွက်နေတဲ့အချိန်မနောက်နဲ့

wayhomestudio/ freepik

လူကောင်သေးသလောက် စိတ်ကြီးတဲ့ကောင်မလေးတွေဆိုတာ ဒေါသထွက်နေတဲ့အချိန် ဘာမှမမြင်တဲ့သူတွေပါ။ ဒါကြောင့် သာမန်အချိန်မှာ ပျော်ပျော်နေတတ်တဲ့သူဆိုပြီး ဒေါသထွက်နေတဲ့အချိန်မှာ ဟီးဟီးဟားဟားတွေ သွားမလုပ်တာ အကောင်းဆုံးပါပဲ။ ပြောပြီဆို တစ်ဆုံးထိပြောတတ်တဲ့သူတွေဖြစ်တာကြောင့် တစ်သက်လုံး မခေါ်နိုင်မပြောနိုင်ဖြစ်သွားတတ်ပါတယ်။

(၂) အတင်းမချော့နဲ့

drobotdean/ freepik
Sponsored

လူကောင်သေးသလောက် စိတ်ကြီးတဲ့ကောင်မလေးတွေဆိုတာ စိတ်ကောက်နေတဲ့အချိန်၊ သွေးပူနေတဲ့အချိန်မျိုးတွေမှာ ချက်ချင်းအတင်းတွေမချော့ပါနဲ့။ စိတ်ပြေမသွားတဲ့အပြင် ပိုပြီးတော့စိတ်တိုလာတတ်လို့ပါပဲ။ အချိန်တစ်ခုပေးပြီး သွေးအေးတဲ့အထိစောင့်ပြီးမှ ချော့ပါ။ မချော့ပဲအချိန်အကြာကြီး ထားမိရင်လည်း မရပြန်ပါဘူး။ စိတ်ကုန်သွားရင် တစ်သက်လုံး လှည့်ကြည့်တော့မှာ မဟုတ်လို့ပါ။

READ
ညီအစ်မရှိသူတွေသာ ခံစားခွင့် ရနိုင်မယ့် အကျိုးကျေးဇူးလေးတွေ ....

(၃) ထပ်ခါထပ်ခါ သည်းမခံဘူး

လူကောင်သေးသလောက် စိတ်ကြီးတဲ့ကောင်မလေးတွေဆိုတာ ထပ်ခါထပ်ခါသည်းခံမယ့်သူတွေ မဟုတ်ပါဘူး။ သူတို့အပေါ်အမှားလုပ်မိရင် တစ်ခါနှစ်ခါတော့ သည်းခံကောင်းသည်းခံလိမ့်မယ်။ အကြိမ်ကြိမ်မှားခွင့်ပြုမယ့်သူတွေတော့ မဟုတ်ပါဘူး။ သည်းခံနိုင်တဲ့အတိုင်းအတာကျော်သွားရင် လုံးဝခွင့်လွှတ်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့ကို အထင်သေးသလိုလို သွားဆက်ဆံတာမျိုးတွေ မလုပ်ပါနဲ့။

(၄) ပြောပြီးသားတွေပြန်ပြန်မပြောချင်ဘူး

wayhomestudio/Freepik

လူကောင်သေးသလောက် စိတ်ကြီးတဲ့ကောင်မလေးတွေဆိုတာ သူတို့ကိုအလေးအနက်ထားမှ ကြိုက်တာပါ။ ပြောပြီးသားစကားတွေကို ပြန်ပြန်ပြောနေရရင်လုံးဝ စိတ်မရှည်ပါဘူး။ သူတို့ကြိုက်တာလေးတွေနဲ့ မကြိုက်တာလေးတွေကို တစ်ခါပြောရင် အမြဲမှတ်ထားစေချင်ပါတယ်။ ဒီလိုမှမဟုတ်ပဲ မေ့သွားရင်တော့ ဖွင့်မပြောသည့်တိုင် စိတ်ထဲမှာတော့ အခဲကြေမှာ မဟုတ်ပါဘူး။

(၅) ချစ်ပေမယ့်အလိုမလိုက်ဘူး

လူကောင်သေးသလောက် စိတ်ကြီးတဲ့ကောင်မလေးတွေဆိုတာ ဘယ်လောက်ပဲချစ်ချစ် အလျှော့မပေးချင်ကြပါဘူး။ ချစ်သူပြောသမျှ လိုက်လျောပြီး အောင့်အည်းသည်းခံနေမယ့်သူတွေတော့ မဟုတ်ပါဘူး။ စွာတယ်လို့ထင်ရပေမယ့် အမှန်တကယ်ကတော့ စွာတယ်ဆိုတာထက် စိတ်မရှည်တာပါ။ လူတစ်ယောက်ကိုချစ်ပြီဆိုရင် သူတို့လောက် သစ္စာရှိတာလည်း နှစ်ယောက်မရှိပါဘူး။

sponsored