ကိုယ်ဝန်အမြန်ရစေဖို့ သဘာဝနည်းလမ်းငါးသွယ်

Sponsored

မိသားစုတစ်စုအတွက် ကလေးတစ်ယောက်ယူဖို့ ဆုံးဖြတ်တာဟာ စိတ်လှုပ်ရှားစရာကောင်းသလို ဖိစီးမှုလည်းဖြစ်စေပါတယ်။ အကယ်လို့ သင်က ကလေးယူဖို့ အစီအစဉ်ရှိနေတယ်ဆိုရင် ကိုယ်ဝန်ရပြီး တည်မြဲစေဖို့အတွက် ဖော်ပြထားတဲ့ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးတွေ သုံးနိုင်ကြောင်းကို Womanitely သတင်းစာမျက်နှာကနေ တင်ပြပေးလိုက်ပါတယ်။ ဒီနည်းလမ်း၅သွယ်က ကလေးအရမြန်ဖို့အတွက် ကြိုးစားလိုက်နာသင့်တဲ့သဘာဝနည်းလမ်းလေးတွေပါ။

၁) အစားအသောက်မျှတပါစေ

Sponsored

အာဟာရပြည့်ဝပြီး မျှတတဲ့အစားအစာကို မှီဝဲတာဟာ သင်ကိုယ်တိုင်ရဲ့ ကျန်းမာရေးအတွက်ရော၊ ကလေးရဲ့ ကျန်းမာရေးအတွက်ပါ အရေးပါပါတယ်။ အရွက်ဖားဖားနဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်ကြွယ်ဝတဲ့ အစားအစာတွေ….ဥပမာအားဖြင့် ပဲပိစပ်၊ သစ်ကြားသီး၊ ဆော်လမွန်ငါး စသည်တို့ကို များများစားသုံးပါ။

စီသွတ်ထားတဲ့ အစားအသောက်တွေကိုရှောင်ပြီး လတ်ဆတ်တဲ့ အသီးအနှံ၊ ပဲနဲ့၊ အစေ့အဆန်တွေ၊ ပြည့်ဝဆီမပါဝင်တဲ့ အစားအသောက်တွေကို မှီဝဲပါ။ လိုအပ်နေတဲ့ အာဟာရဓာတ်တွေ ဖြည့်တင်းဖို့အတွက်လည်း ဗီတာမင်မျိုးစုံပါဝင်တဲ့ အားဆေးကို မှီဝဲနိုင်ပါတယ်။

အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို စားသုံးခြင်းကကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါတယ်။ ရေများများသောက်ဖို့လည်း လိုအပ်ပါသေးတယ်။

၂) အရက်နဲ့ကော်ဖီကိုရှောင်ပါ

အရက်နဲ့ ကဖင်းဓာတ်ဟာ ကိုယ်ခန္ဓာပေါ်ကို အမျိုးမျိုးအကျိုးသက်ရောက်မှုရှိစေနိုင်ပါတယ်။ ဒါပေမယ့် ၂ခုစလုံးက ကလေးမွေးဖွားတာနဲ့ပတ်သတ်ပြီးတော့ ကောင်းကျိုးမရှိပါဘူး။ သူတို့က ဟော်မုန်းပမာဏကို သက်ရောက်မှုပေးပါတယ်။ ပြီးတော့ ကိုယ်ဝန်ရနိုင်ခြေလည်း နည်းစေပါတယ်။ ဒီလိုပြောလို့ အရမ်းကြီးလဲ စိုးရိမ်စရာမလိုပါဘူး။ ပုံမှန်နေ့စဉ်သောက်နေကျ ကော်ဖီတစ်ခွက်နဲ့ ထမင်းမစားခင် တခါတလေ ၀ိုင်သောက်တာလောက်ကတော့ စိုးရိမ်စရာမရှိပါဘူး။ လွန်လွန်ကဲကဲ မလုပ်မိဖို့သာ အရေးကြီးပါတယ်။

READ
သမီးမိန်းကလေး မွေးထားရတဲ့ အမေတစ်ယောက်ရဲ့ ဒီလိုမျိုး ပူပန်မှုတွေ ရှိနေပါတယ် ..

၃) ဆေးလိပ်မသောက်ပါနဲ့

သင်နဲ့ သင့်ကလေးတွေအတွက် စီးကရက်သောက်တာကနေ ဘာအကျိုးကျေးဇူးမှရမလာပါဘူး။ ဒါ့အပြင် ဆေးလိပ်သောက်တဲ့အခါ အဆုတ်အန္တရာယ်ရှိပါတယ်။ စီးကရက်က အမျိုးသမီးတွေရဲ့ သားဥနဲ့ သားအိမ်ကို ထိခိုက်စေပါတယ်။ အမျိုးသားကလည်း အကယ်လို့ဆေးလိပ်သောက်သူတစ်ဦးဖြစ်တယ်ဆိုရင် သုတ်ပိုးကိုထိခိုက်စေတာကြောင့် သတိထားသင့်ပါတယ်။ ဆေးလိပ်ငွေ့ကို တဆင့်ခံရှူရှိုက်ရာကနေ သင်လည်းကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။

) စိတ်ဖိစီးမှုလျော့ကျအောင် လေ့ကျင့်ခန်းလုပ်ပါ

အကယ်လို့  gym မသွားချင်ဘူးဆိုရင် တခြားနည်းလမ်းတွေနဲ့လည်း ကို်ယ်ခန္ဓာလှုပ်ရှားမှုပြုနိုင်ပါသေးတယ်။ ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းဖို့အတွက် လမ်းလျှောက်တာ၊ တောင်တက်တာ၊ ပြေးတာ၊ yoga လေ့ကျင့်ခန်းပြုလုပ်တာ စသဖြင့်သွေးလည်ပတ်မှုကောင်းအောင် လုပ်ပေးလို့ရပါတယ်။ စိတ်ဖိအားတွေလျော့ကျဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။ လေ့ကျင့်ခန်းတွေက စိတ်ရဲ့ထွက်ပေါက်အနေနဲ့ ကျန်းမာတဲ့ ကိုယ်အလေးချိန်ရဖို့ကို အထောက်ကူပြုပါလိမ့်မယ်။

၅) ရာသီစက်ဝန်းကိုမှတ်သားပါ

အကယ်လို့ သင်ကသင့်ရဲ့ ရာသီစက်ဝန်းနဲ့ ပတ်သတ်ပြီး သတိမပြုမိဘူးဆိုရင် အခုကစပြီး မှတ်သားဖို့လိုပါတယ်။ ဘယ်အချိန်က သင့်ရဲ့မျိုးအောင်တဲ့ တံခါးပွင့်သလဲဆိုတာက ကိုယ်ဝန်ဆောင်နိုင်ဖို့ အဓိက အချက်ဖြစ်ပါတယ်။ ဘယ်အချိန်ကရာသီစပေါ်တယ်၊ ဘယ်လောက်ကြာတယ်၊ ပြီးတော့ နောက်တကြိမ် ဘယ်အချိန်ပြန်စတယ်… စသည်ကို မှတ်သားပါ။ ဒီလိုမျိုးမှတ်ထားတာက သားဥကြွေတဲ့အချိန်နဲ့ ပတ်သတ်ပြီး သင့်ကို အကြံဥာဏ်ပိုပေးနိုင်ပါလိမ့်မယ်။ နောက်ပြီးတော့ ကိုယ်ခန္ဓာအပူချိန်နဲ့ သားအိမ်ခေါင်းကလာတဲ့ အကျိအချွဲတွေကို သတိထားမှတ်သားပေးတာကလည်း ဒီအရေးကြီးတဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အထောက်အကူဖြစ်စေပါလိမ့်မယ်။

READ
ကိုယ်ဝန်ဆောင်နေစဉ် ပုံပျက်သွားတာမျိုးမဖြစ်ဖို့ သိထားသင့်တဲ့ အချက် (၇) ချက်

လင်းလင်း (Auntymay)

Auntymay Team မှ စီစဉ်တင်ဆက်သော www.auntymay. com တွင်ေ ဖ်ာပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်းပါး များကို မည်သည့် Facebook စာ မျက်နှာ ၊ Website များတွင်မဆိုပြန်လည် ကူးယူ ဖော်ပြခြင်း ကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

sponsored