ပျိုမေတို့ရဲ့ ဘ၀မှာ ကိုယ့်အားကိုယ်ကိုးတယ်ဖို့ ဘာကြောင့် အရေးကြီးတာလဲ…

shutterstock/Natalia_Grabovskaya
Sponsored

ဒီနေ့ခေတ် မိန်းကလေးတွေက ပိုပြီးတော်လာကြသလို၊ ပိုပြီးလည်း ထက်မြက်လာကြပါတယ်။ ဒါပေမယ့် တော်နေရုံတစ်ခုတည်းနဲ့တော့ ကိုယ့်ကိုယ်ကို အထင်ကြီးနေလို့ မရပါဘူး။ အဲဒီ့ တော်နေ၊ တတ်နေတာလေးကို လက်တွေ့အသုံးချတတ်ဖို့ အရေးကြီးပါတယ်နော်။ မိန်းကလေးတစ်ယောက်ရဲ့ ဘဝမှာ ကိုယ့်အားကိုယ်ကိုးတတ်ဖို့ ဘာကြောင့်အရေးကြီးလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

ကိုယ့်ဘဝကို အကောင်းဆုံး ဖန်တီးနိုင်ဖို့

shutterstock/Natalia_Grabovskaya

မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ပိုက်ဆံရှိတဲ့သူ ဖြစ်နေပါစေ ဒါမှမဟုတ် သူ့ဆီမှာ မှီခိုလို့ရတဲ့ အမှီအခိုကောင်းကောင်းရှိနေပါစေ ကိုယ့်ကိုယ်ကိုတော့ ကြိုးစားရပ်တည်တတ်ဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်ဟာ ဘာအလုပ်မှမလုပ်ပဲ ဒီအတိုင်း သာသာယာယာဖြတ်သန်းမိနေတဲ့အခါ သူ့ရဲ့ဘဝက အဓိပ္ပါယ်တွေကင်းမဲ့လာပြီး ဘဝရပ်တန့်သွားတတ်ပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကို အကောင်းဆုံးတည်ဆောက်ချင်တဲ့ သူဆိုရင်တော့ သင်ဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ရုန်းကန်တတ်ရပါမယ်။

အရေးပါ အရာရောက်တဲ့သူ တစ်ယောက်ဖြစ်နေဖို့

shutterstock/Natalia_Grabovskaya
Sponsored

လက်ရှိမှာ ကိုယ်ကိုယ်တိုင်ရဲ့ အရေးပါမှုက ဘယ်လောက်ရှိတယ်လို့ ထင်လဲ။ သူများတွေကို မှီခိုနေရတဲ့ သူတစ်ယောက်အတွက်ကတော့ ဘယ်အချိန်မှာပဲဖြစ်ဖြစ် သူများမျက်နှာကို ကြည့်နေရအုံးမှာပါပဲ။ ဒီလိုပဲ တစ်ချိန်ချိန်မှာ ကိုယ်မှီခိုနေတဲ့အရာက ပြိုလဲသွားတဲ့အခါ ကိုယ်မှာ ဘယ်နားသွား မှီခိုရမှန်းမသိပဲ ဘဝရဲ့ ဆိုးဝါးတဲ့ ဒဏ်ကို ခံလာရနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုသာ အားကိုးတတ်တဲ့ မိန်းကလေးတစ်ယောက်ဆိုရင်တော့ ဘယ်သူ့မျက်နှာကိုမှ ကြည့်နေစရာမလိုသလို ဘယ်လိုအခြေအနေမျိုးမှာမဆို အရာရာကို ရင်ဆိုင်နိုင်ပါတယ်။ ဒါဟာ ကိုယ်ကိုယ်တိုင်ရဲ့ အရေးပါအရာရောက်မှုကို ခံစားမိစေတာပါ။

READ
ချမ်းသာတဲ့မိသားစုမှ ငွေဇွန်းကိုက် မွေးဖွားလာခဲ့တဲ့ ကိုးရီးယားဆယ်လီ (၁၀) ဦး

ကိုယ့်ရဲ့ဘဝကို ကျေနပ်အားရနေစေဖို့

shutterstock/Natalia_Grabovskaya

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ မိန်းကလေးတစ်ယောက်နဲ့ သူများကို မှီခိုနေရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကို မြင်တဲ့အမြင်က လုံးဝကို မတူညီပါဘူး။ ကိုယ့်အားကိုယ်ကိုးတတ်တဲ့ မိန်းကလေးက သူ့ဘဝကို ကျေနပ်မှုတွေ၊ ယုံကြည်မှုတွေအပြည့်နဲ့ ဖြတ်သန်းနိုင်ပေမယ့် သူများကို မှီခိုနေရတဲ့ မိန်းကလေးကတော့ ကိုယ့်ကိုယ်ကို အမြဲတမ်း သိမ်ငယ်မှုတွေ၊ စိတ်ပျက်မှုတွေနဲ့ အသုံးမကျတဲ့သူ တစ်ယောက်အဖြစ် ခံစားနေရတတ်ပါတယ်။ ဒီတော့ ကိုယ့်ဘဝကို ကျေကျေနပ်နပ်နဲ့ ယုံကြည်မှုရှိရှိ ရှေ့ဆက်နိုင်ဖို့ ကိုယ့်အားကိုယ်ကိုးဖို့ လိုကိုလိုအပ်ပါတယ်။

လမ်းပျောက်မနေဖို့

shutterstock/ Nejron Photo

ကိုယ်တိုင် ဘဝကို မရုန်းကန်ဖူးရင်တော့ အခက်အခဲတွေ ကြုံလာတိုင်း စမ်းတဝါးဝါးနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေတတ်ပါတယ်။ နောက်ပြီး ကိုယ်ဖြစ်ချင်ခဲ့တဲ့ အရာတွေ၊ ကိုယ်လိုချင်ခဲ့တဲ့ အရာတွေကို ဘယ်တော့မှလည်း အကောင်အထည်မဖော်ဖြစ်တော့သလို တစ်ခြားလူတွေကို အားကျရတဲ့ ဘဝနဲ့ပဲ နေထိုင်နေရတတ်ပါတယ်နော်။ ဒါဟာ ဘဝမှာ လမ်းပျောက်နေခြင်း တစ်မျိုးပါပဲ။ ကိုယ်အားကိုယ်ကိုးတတ်တဲ့သူ၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ မိန်းကလေးတွေက ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာကို သေချာသိသလို၊ သူတို့ဘာဖြစ်ချင်တယ်ဆိုတာကိုလည်း ကောင်းကောင်းနားလည်ကြပါတယ်။ ဒီတော့ ကိုယ့်ဘဝကို စိတ်ကြိုက်ပုံဖော်ဖန်တီးဖို့အတွက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားပါ။ ဒါက သင့်ကို ဘယ်တော့မှ နောင်တရစေမှာ မဟုတ်ပါဘူးနော်။

READ
အသက်ရှည် ကျန်းမာနေတဲ့ သူတွေမှာ တွေ့ရတတ်တဲ့ အလေ့အကျင့်ကောင်းလေးများ

Khin

 

sponsored