PhD ဘြဲ႕အတြက္ ေန႔ပုိင္းစာေလ့လာၿပီး၊ ညပုိင္းမွာ ေစ်းေရာင္းေနရတဲ့ အမ်ိဳးသမီး

Sponsored

(Unicode version ဖြင့် အောက်တွင် ဖတ်ရှုနိုင်ပါသည်)

အိႏၵိယႏုိင္ငံ Kariavattom မွာ ေနထုိင္ၾကတဲ့ Sneha Limbgaomkar နဲ႔ သူမရဲ႕ ခင္ပြန္း Premshankar Mandal တုိ႔ဟာ ညဘက္မွာဆုိ ရင္ ေစ်းေရာင္း ၿပီး၊ မိသားစုဘ၀ေလးကို ရပ္ေနၾကသူေတြ ျဖစ္ပါတယ္။ သူမတုိ႔ေရာင္းခ်တဲ့ Aloo paratha မုန္႔ဆုိတာ ျမန္မာျပည္မွာေတာ့ မုန္႔ပ်ားသလက္၊ သုိ႔မဟုတ္ ဘိန္းမုန္႔၊ သုိ႔မဟုတ္ မုန္႔ေရနဲ႔ ခပ္ဆင္ဆင္ တူတယ္လုိ႔ အျမင္အားျဖင့္ ဆုံးျဖတ္လုိ႔ ရပါတယ္။

Sponsored

maxresdefault_1495880241_725x725

ဒါေပမယ့္ ဒီမုန္႔သည္လင္မယားရဲ႕ လွ်ိဳ႕၀ွက္ခ်က္ကို သိသူအေတာ္နည္းပါတယ္။ ဇနီးျဖစ္သူ Sneha ဟာ ပါရဂူဘြဲ႕တန္း ေက်ာင္းသူ တစ္ေယာက္ ျဖစ္ၿပီး၊ ေန႔ခင္းပုိင္းမွာ စာကိုေလ့လာရသလုိ၊ ညခင္းပုိင္းမွာေတာ့ နာမည္ေက်ာ္ Technopark အနားက လူစည္းကားရာ လမ္းမေပၚမွာ Aloo မုန္႔ေတြ လုပ္ေရာင္းပါတယ္။ ဒါဟာ သူမရဲ႕ မ်ားျပားလွတဲ့ ေက်ာင္းစာရိတ္ ကာမိဖုိ႔ တစ္ဖက္တစ္လမ္းက ေငြရွာျခင္းပါ။

18766065_1541416092537236_339416310053796695_n_1495878915

တကယ္ေတာ့ Sheha ဟာ ၾကြယ္၀ခ်မ္းသာတဲ့ သူေဌးသမီးပါ။ ဒါေပမယ့္ မိဘေတြ တားျမစ္တဲ့ၾကားကာ ဇာတ္နိမ့္တဲ့ Mandal ကုိ လက္ထပ္ခဲ့လုိ႔ မိဘေတြက မည္သည့္ေပးကမ္းေထာက္ပံ့မႈမွ် မလုပ္ေတာ့ပါဘူး။ အဲဒီေနာက္မွာေတာ့ လင္မယားႏွစ္ေယာက္စလုံး Kerala ၿမိဳ႕မွာ အေျခခ်ေနထုိင္ရပါတယ္။ အေၾကာင္းကေတာ့ Sheha ဟာ သုေတသန ေဒါက္တာဘြဲ႕အတြက္ Kerala University မွာ တက္ေရာက္ရမွာမုိ႔ပါ။

ေယာက္်ားျဖစ္သူကလည္း ဘြဲ႕တစ္ခု ပိုင္ဆုိင္ထားၿပီး၊ မိ႐ုိးဖလာမုန္႔အတတ္ပညာကိုလည္း ကၽြမ္းက်င္သူမုိ႔ ႏွစ္ေယာက္သား ညေစ်းတန္းမွာ မုန္႔ေရာင္းရင္း ဇနီးျဖစ္သူရဲ႕ ပညာေရးကို ေထာက္ပံ့ဖုိ႔ ႀကိဳးစားခဲ့ပါတယ္။ Sneha သာ ေဒါက္တာဘြဲ႕တန္း ၿပီးေျမာက္သြားၿပီဆုိရင္ ႏွစ္ဦးစလုံး ဂ်ာမဏီမွာ ေျပာင္းေရႊ႕ေနထုိင္ဖုိ႔ စီစဥ္ထားတယ္လုိ႔ သိရပါတယ္။

58866060_1495878915

ခင္ပြန္းျဖစ္သူ Mandal ဟာ ယခင္က ေဒလီၿမိဳ႕က CAG office ႐ုံးမွာ ၀န္ထမ္းတစ္ေယာက္ျဖစ္ေပမယ့္ ဇနီးနဲ႔အတူ ေနဖုိ႔ အလုပ္ကထြက္ခဲ့တာပါ။ သူက ” က်ေနာ္တုိ႔ ေန႔စဥ္လုိအပ္ခ်က္ေတြ ေျပာဖုိ႔အေၾကာင္းေလာက္နဲ႔ က်ေနာ္တုိ႔မေတြ႕ျဖစ္ပါဘူး … ဒါေပမယ့္ သူလည္းမအား ကုိယ္လည္းမအား ပုိက္ဆံကုိစုေနရတယ္ .. ဒါမွ သူျဖစ္ခ်င္တဲ့ သိပၸံပညာရွင္ ျဖစ္မွာေလ”လုိ႔  ေျပာခဲ့ပါတယ္။

READ
ကိုယ့္ရဲ႕ဘဝပန္းတိုင္အစစ္၊ ရည္မွန္းခ်က္အစစ္ကို ရွာေဖြခ်င္ရင္ ဒီနည္းလမ္းေလးေတြကိုသံုးပါ....

သူက ဆက္လက္ၿပီး ” က်ေနာ္ကေတာ့ တက္ႏုိင္ရင္ စားေသာက္ဆုိင္ ဖြင့္ခ်င္တယ္ဗ်ာ .. “လုိ႔ ျဖည့္စြက္ေျပာပါတယ္။ အခုဆုိ သူတုိ႔ႏွစ္ေယာက္ လက္ထပ္တာ ေျခာက္ႏွစ္ ျပည့္သြားပါၿပီ။ ဒီအခ်ိန္ထိ ဟန္နီးမြန္းမထြက္ရေသးပါဘူးတဲ့။ ေလာေလာဆယ္ေတာ့ ေပ်ာ္ရႊင္မႈေတာ္ေတာ္မ်ားမ်ားကို ခဏအိပ္စက္ခုိင္းထားၿပီး ႏွစ္ဦးသား အတူရွိေနရတာကိုက အျမတ္လုိ႔ ဆုိပါတယ္။

နတ္စည္ေတာ္ (auntymay)

source : indiatimes.com


[Unicode Version]

PhD ဘွဲ့အတွက် နေ့ပိုင်းစာလေ့လာပြီး၊ ညပိုင်းမှာ စျေးရောင်းနေရတဲ့ အမျိုးသမီး

အိန္ဒိယနိုင်ငံ Kariavattom မှာ နေထိုင်ကြတဲ့ Sneha Limbgaomkar နဲ့ သူမရဲ့ ခင်ပွန်း Premshankar Mandal တို့ဟာ ညဘက်မှာဆို ရင် စျေးရောင်း ပြီး၊ မိသားစုဘဝလေးကို ရပ်နေကြသူတွေ ဖြစ်ပါတယ်။ သူမတို့ရောင်းချတဲ့ Aloo paratha မုန့်ဆိုတာ မြန်မာပြည်မှာတော့ မုန့်ပျားသလက်၊ သို့မဟုတ် ဘိန်းမုန့်၊ သို့မဟုတ် မုန့်ရေနဲ့ ခပ်ဆင်ဆင် တူတယ်လို့ အမြင်အားဖြင့် ဆုံးဖြတ်လို့ ရပါတယ်။

maxresdefault_1495880241_725x725

ဒါပေမယ့် ဒီမုန့်သည်လင်မယားရဲ့ လျှို့ဝှက်ချက်ကို သိသူအတော်နည်းပါတယ်။ ဇနီးဖြစ်သူ Sneha ဟာ ပါရဂူဘွဲ့တန်း ကျောင်းသူ တစ်ယောက် ဖြစ်ပြီး၊ နေ့ခင်းပိုင်းမှာ စာကိုလေ့လာရသလို၊ ညခင်းပိုင်းမှာတော့ နာမည်ကျော် Technopark အနားက လူစည်းကားရာ လမ်းမပေါ်မှာ Aloo မုန့်တွေ လုပ်ရောင်းပါတယ်။ ဒါဟာ သူမရဲ့ များပြားလှတဲ့ ကျောင်းစာရိတ် ကာမိဖို့ တစ်ဖက်တစ်လမ်းက ငွေရှာခြင်းပါ။

READ
စိတ္ကူးထဲကဆႏၵေတြမလြဲမေသြျဖစ္လာေအာင္အေကာင္အထည္ေဖာ္နိုင္မယ့္နည္းလမ္း(၅)မ်ိဳး

18766065_1541416092537236_339416310053796695_n_1495878915

တကယ်တော့ Sheha ဟာ ကြွယ်ဝချမ်းသာတဲ့ သူဌေးသမီးပါ။ ဒါပေမယ့် မိဘတွေ တားမြစ်တဲ့ကြားကာ ဇာတ်နိမ့်တဲ့ Mandal ကို လက်ထပ်ခဲ့လို့ မိဘတွေက မည်သည့်ပေးကမ်းထောက်ပံ့မှုမျှ မလုပ်တော့ပါဘူး။ အဲဒီနောက်မှာတော့ လင်မယားနှစ်ယောက်စလုံး Kerala မြို့မှာ အခြေချနေထိုင်ရပါတယ်။ အကြောင်းကတော့ Sheha ဟာ သုတေသန ဒေါက်တာဘွဲ့အတွက် Kerala University မှာ တက်ရောက်ရမှာမို့ပါ။

ယောက်ျားဖြစ်သူကလည်း ဘွဲ့တစ်ခု ပိုင်ဆိုင်ထားပြီး၊ မိရိုးဖလာမုန့်အတတ်ပညာကိုလည်း ကျွမ်းကျင်သူမို့ နှစ်ယောက်သား ညစျေးတန်းမှာ မုန့်ရောင်းရင်း ဇနီးဖြစ်သူရဲ့ ပညာရေးကို ထောက်ပံ့ဖို့ ကြိုးစားခဲ့ပါတယ်။ Sneha သာ ဒေါက်တာဘွဲ့တန်း ပြီးမြောက်သွားပြီဆိုရင် နှစ်ဦးစလုံး ဂျာမဏီမှာ ပြောင်းရွှေ့နေထိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

58866060_1495878915

ခင်ပွန်းဖြစ်သူ Mandal ဟာ ယခင်က ဒေလီမြို့က CAG office ရုံးမှာ ၀န်ထမ်းတစ်ယောက်ဖြစ်ပေမယ့် ဇနီးနဲ့အတူ နေဖို့ အလုပ်ကထွက်ခဲ့တာပါ။ သူက ” ကျနော်တို့ နေ့စဉ်လိုအပ်ချက်တွေ ပြောဖို့အကြောင်းလောက်နဲ့ ကျနော်တို့မတွေ့ဖြစ်ပါဘူး … ဒါပေမယ့် သူလည်းမအား ကိုယ်လည်းမအား ပိုက်ဆံကိုစုနေရတယ် .. ဒါမှ သူဖြစ်ချင်တဲ့ သိပ္ပံပညာရှင် ဖြစ်မှာလေ”လို့  ပြောခဲ့ပါတယ်။

သူက ဆက်လက်ပြီး ” ကျနော်ကတော့ တက်နိုင်ရင် စားသောက်ဆိုင် ဖွင့်ချင်တယ်ဗျာ .. “လို့ ဖြည့်စွက်ပြောပါတယ်။ အခုဆို သူတို့နှစ်ယောက် လက်ထပ်တာ ခြောက်နှစ် ပြည့်သွားပါပြီ။ ဒီအချိန်ထိ ဟန်နီးမွန်းမထွက်ရသေးပါဘူးတဲ့။ လောလောဆယ်တော့ ပျော်ရွှင်မှုတော်တော်များများကို ခဏအိပ်စက်ခိုင်းထားပြီး နှစ်ဦးသား အတူရှိနေရတာကိုက အမြတ်လို့ ဆိုပါတယ်။

နတ္စည္ေတာ္ (auntymay)

source : indiatimes.com

sponsored