အနာဂတ်ရဲ့ မရေရာမှုတွေအများကြီးကြားထဲကမှ မကြာသေးခင်ကဖြစ်ပေါ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါပျံ့နှံ့မှုက လူမှုဘဝအတော်များများကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် လူနေမှုပုံစံအသစ်တစ်ခုကိုပြောင်းလဲခဲ့ရသလို ထိန်းချုပ်လုပ်ဆောင်နိုင်မှုတွေရှိလာခဲ့ပေမယ့် ကပ်ဘေးရဲ့အရိပ်ဆိုးကတော့ လက်တစ်ကမ်းမှာရှိနေဆဲပါပဲ။
အဆိုးထဲကအကောင်းတစ်ခုအဖြစ် သတ်မှတ်ကြရမယ်ဆိုရင်တော့ COVID-19 ကြောင့် ကျန်းမာခြင်းရဲ့တန်ဖိုးနဲ့ မိသားစုစိတ်ချမ်းသာမှုတွေက ဘဝအတွက်အရေးပါတယ်ဆိုတာ ပိုပြီး သိလာကြရပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ဘဝရွေးချယ်မှု၊ အနာဂတ်အစီအစဉ်တွေနဲ့ ပိုကောင်းတဲ့ငွေကြေးလုံခြုံမှုတွေအတွက် ပြန်ပြီးစဉ်းစားသုံးသပ်လာစေပါတယ်။

အကယ်၍သင်ဟာ အိမ်ထောင်မကျသေးတဲ့ တစ်ကိုယ်တည်းသမား ဖြစ်မယ်ဆိုရင် အသက်အာမခံရယူထား ဖို့ကို အဓိကလိုအပ်ချက်တစ်ခုလို့ မြင်ဦးမှာမဟုတ်ပါဘူး။ ဒါကလည်း အာမခံဆိုတဲ့ အကြောင်းအရာကို မြန်မာနိုင်ငံရဲ့မိသားစုတွေကြားမှာ ထဲထဲဝင်ဝင်ပြောဆိုဆွေးနွေးလေ့မရှိကြသေးလို့ပါ။ ဒါပေမယ့် အခုလို မသေချာမရေရာတဲ့အချိန်ကာလနဲ့ ကြုံတွေ့လာရတဲ့အခါမှာတော့ ကြင်စဦးဇနီးမောင်နှံတွေ၊ သားသမီး ရှိတဲ့မိသားစုတွေအပြင် တစ်ကိုယ်တည်းသမားတွေ စတဲ့ အားလုံးအတွက် အာမခံထားခြင်းက သင့်လျော်တဲ့အကြောင်းအရာတစ်ခုဖြစ်လာပါတယ်။ ဘဝလုံခြုံမှုနဲ့အတူ စိတ်အေးချမ်းမှုရှိခြင်းက ဘယ်လိုအခြေအနေမျိုးမှာမဆို အရေးပါပါတယ်။

ငွေကြေးကာကွယ်မှုရယူထားခြင်းက အာမခံထားရှိသူတစ်ဦးတစ်ယောက်အတွက်သာ အကျိုးခံစားမှုရစေတာမျိုး မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့အသက် ၃၀ နှစ်အောက် လူငယ်အများစုက မိသားစုကို ရှာဖွေကျွေးမွေးနေတဲ့သူတွေဖြစ်ကြပါတယ်။ တစ်ချို့မိသားစုတွေမှာ အသက်အရွယ်အိုမင်းတဲ့မိဘတွေပါသလို၊ သားသမီးကို တစ်ဦးတည်းရပ်တည်ပျိုးထောင်ပေးနေတဲ့ Single Mother ၊ Single Father စတဲ့သူမျိုးတွေ၊ မောင်နှမအရင်းအချာတွေ၊ ဒါ့အပြင် ဆင့်ပွားမိသားစုဝင်တွေပါ ပါဝင်နေတတ်ပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင်က ကာကွယ်မှုယူထားမယ်ဆိုရင် ကိုယ့်ကို မှီခိုနေတဲ့မိသားစုဝင်တွေအတွက်ပါ ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။
ကိုယ့်ရဲ့ငွေကြေး၊အနာဂတ်ကို ကိုယ်တိုင်စီမံခန့်ခွဲနိုင်ခြင်းဟာ ဘဝအတွက်လိုအပ်တဲ့ အဓိကသော့ချက်ဖြစ်ပြီး အဲ့ဒီလိုလုပ်နိုင်ဖို့အတွက် အခုအချိန်က အသိပညာဗဟုသုတရယူဖို့ အချိန်ကောင်းတစ်ခုဆို မမှားပါဘူး။ ဒါကြောင့် အိမ်ထောင်သည်မဖြစ်လာသေးတဲ့ တစ်ကိုယ်တည်းသမားတွေအနေနဲ့လည်း ဘာကြောင့် အာမခံ အကြောင်းကို လေ့လာထားဖို့လိုတယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
- ငယ်ရွယ်တဲ့အချိန်မှာ ပရီမီယံကြေးသက်သာတယ် – အသက် ၂၀ နဲ့ ၃၀ ကြားမှာ ဘဝအနာဂတ်အတွက် အကုန်အကျသက်သာတဲ့နှုန်းထားနဲ့ ရင်းနှီးထားမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ အကျိုးခံစားခွင့် တိုးပွားလာမှာ ဖြစ်ပါတယ်။
- မိမိအတွက်သာမက မိသားစုအတွက်ပါ အကျိုးခံစားရစေပါတယ် – အသက်အရွယ်ကြီးတဲ့မိဘတွေ၊ သွေးသားတော်စပ်တဲ့မောင်နှမတွေ၊ အဖိုးအဖွားတွေအတွက် လိုအပ်တဲ့ငွေကြေးတာဝန်ကိုယူထားရတယ်ဆိုရင် အာမခံထားရှိခြင်းက သင့်ကိုစိတ်အေးချမ်းမှုရစေမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်ကိုမှီခိုနေပြီး သင်က ငွေကြေးထောက်ပံ့မှုပေးနေရတဲ့သူတွေအတွက် ကာကွယ်စောင့်ရှောက်မှုရထားပြီဆိုတာကို သိထားလို့ ပဲဖြစ်ပါတယ်။
- သင်ကအိမ်ထောင်မပြုဘဲတစ်သက်လုံးတစ်ဦးတည်းနေသွားဖို့ သေချာပြီလား – တစ်နေ့မှာ သင်အိမ်ထောင်ပြုမယ် ဆိုပါစို့။ သားသမီးတွေလည်း မကြာခင်ရလာမယ်။ သတ်မှတ်ထားတဲ့ အချိန်တစ်ခုလည်း ဖြစ်နိုင်သလို အသက် ၃၀ နောက်ပိုင်းမှလည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် အသက်အရွယ်ကြီးလေလေ အာမခံကုန်ကျစရိတ်က ပိုများလာလေလေဖြစ်တာကြောင့် များသောအားဖြင့်တော့ အာမခံကို နောက်မှ ထားမယ်ဆိုတာထက် အခုကတည်းက စပြီးထား ထားမယ်ဆိုရင် ပေးဆောင်ရတာပိုပြီးသက်သာပါမယ်။ ဒါကြောင့် ကြိုတင်စီစဉ်ထားသင့်ပါတယ်။
- အနာဂတ်အတွက် စိတ်အေးနိုင်ပါပြီ – သင်ချစ်ရတဲ့သူတွေကို အချိန်ပေးစောင့်ရှောက်နေတုန်းမှာ အာမခံကလည်း တစ်ဖက်တစ်လမ်းကနေ သင့်ကို စောင့်ရှောက်နေပါစေ။ အိမ်ထောင်သည်မဟုတ်တဲ့ အမျိုးသမီးတွေအတွက် အရံအတားအစီအစဉ်တစ်ခုနဲ့အတူ ငွေကြေးမျှော်မှန်းချက်ကြီးကြီး ထားရမှာ ဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်ထားခြင်းနဲ့ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ မှန်ကန်တဲ့သတင်းအချက်အလက်တွေကလည်း အမြဲတမ်းအထောက်အကူပြုတဲ့အရာတွေပါ။ ဒါကြောင့် စောလျင်စွာအကောင်အထည်ဖော်ဖို့ အကြံပြုပါတယ်။ ဒါဆိုရင် မြန်မြန်အကောင်အထည်ဖော်စတင်ဖို့ အာမခံကုမ္ပဏီတစ်ခုဖြစ်တဲ့ Manulife Myanmar နဲ့ ဘာကြောင့် တိုက်ရိုက်မဆက်သွယ်သေးတာလဲ?

နှစ်ပေါင်း ၁၃၀ ကျော်သက်တမ်းရှိတဲ့ Manulife အာမခံကုမ္ပဏီက မြန်မာမိသားစုတွေအတွက် ယုံကြည် စိတ်ချရတဲ့ လက်တွဲဖော်ဖြစ်ပါတယ်။ မိမိတို့အတွက် တန်ဖိုးဖြတ်မရနိုင်တဲ့မိသားစုဘဝတွေအား အကာအကွယ်ပေးနိုင်ရန် Manulife Myanmar မှ သင်နှင့်အတူ ကူညီပေးဖို့ အသင့်ရှိနေပြီလည်းဖြစ်ပါတယ်။ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ အသင့်လျော်ဆုံး အာမခံအမျိုးအစား၊ ရယူနိုင်မယ့်အာမခံတွေနဲ့ အာမခံသဘောတရားတွေကို ကောင်းကောင်းနားလည်နိုင်ဖို့ Manulife Myanmar ရဲ့ အာမခံအကြံပေးပုဂ္ဂိုလ်တွေက သေချာရှင်းပြပေးမှာဖြစ်လို့ အခုပဲဆွေးနွေးတိုင်ပင်ပြီး လက်တွဲလိုက်ပါ။
Manulife အာမခံအစီအစဉ်များအကြောင်း အသေးစိတ်သိရှိလိုပါက https://www.manulife.com.mm သို့ မဟုတ် Manulife Myanmar Facebook စာမျက်နှာ https://web.facebook.com/Manulife.Myanmar သို့ ဝင်ရောက်လေ့လာနိုင်ပါတယ်။ ဆက်သွယ်မေးမြန်းလိုပါက https://www.manulife.com.mm/en/contact-us.html တွင်ဝင်ရောက်လေ့လာနိုင်ပြီး [email protected] သို့ အီးမေးလ်ပေးပို့ပြီး သို့မဟုတ် ဖုန်း +95 9 765467100 သို့လည်း ခေါ်ဆိုနိုင်ပါသည်။
Sponsored by Manulife