သာမာန်ထက် ထူးခြားတဲ့ introvert လေးတွေ သူတို့ရဲ့ အချစ်ရေးမှာ ရှိနေချင်တဲ့ အချက်များ

svetlanasokolova/Freepik
Sponsored

သူများနဲ့ ကွဲထွက်နေတတ်တဲ့ introvert လေးတွေက တစ်ခြားသူတွေနဲ့ တွေးခေါ်ပုံချင်း၊ ပြုမူပုံချင်း လုံးဝကို မတူညီပါဘူးနော်။ နောက်ပြီး သူတို့ရဲ့ အချစ်ရေးကိုလည်း ထူးခြားလေးနက်မှုလေးတွေ ရှိစေချင်တဲ့ သူတွေဖြစ်ကြပါတယ်။ ဒါကြောင့် introvert တွေက သူတို့ရဲ့ အချစ်ရေးမှာ ဒီလိုအချက်တွေကို ပိုင်ဆိုင်ချင်ကြသူတွေပဲ ဖြစ်ပါတယ်။

လေးနက်တဲ့ စကားဝိုင်း

yanalya/Freepik

Introvert လေးတွေက စကားတွေ အများကြီး ပြောရတဲ့ ကြိုက်တဲ့သူတွေတော့ မဟုတ်ကြပါဘူး။ ဒါပေမယ့် သူတို့ပြောလိုက်တဲ့ စကားလုံးတွေကို ကိုယ့်ချစ်ရတဲ့သူတွေက လေးလေးနက်နက်နဲ့ နားထောင်ပေးစေချင် ကြပါတယ်။ အချစ်ရေးမှာ တစ်ယောက်ရဲ့ အကြောင်းကို တစ်ယောက် နားလည်လက်ခံဖို့အတွက် လေးနက်တဲ့ စကားဝိုင်းလေးတွေတော့ လိုအပ်တယ်ဆိုတာကို နားလည်ထားကြသူတွေပါ။

အတူကုန်ဆုံးမယ့် အချိန်

Freepik- angel_nt
Sponsored

အချစ်ရေးတစ်ခု တည်ဆောက်ကြတဲ့အခါ ကိုယ့်ချစ်တဲ့သူကို အချိန်တော့ ပေးနိုင်ရပါမယ်။ သူတို့တွေက ချစ်ရသူတွေကို အလေးအနက်ထားသလို သူတို့ကိုလည်း အလေးအနက်ထားစေချင်တတ်ကြပါတယ်။ ဒါကြောင့်ပဲ အမြဲတမ်း အလုပ်ရှုပ်နေလို့ဆိုပြီး အကြောင်းပြတာမျိုးကို မုန်းတတ်ကြပြီး ပျော်ရွှင်တဲ့ အတူဆုံချိန်လေးကို တန်ဖိုးထားစေချင်ကြပါတယ်။

READ
ဦးနှောက်ဆဲလ်နဲ့ အာရုံကြောစနစ်ကို ပျက်စီးစေနိုင်လို့ ချင့်ချိန်စားသင့်တဲ့ အစားအစာ (၅)မျိုး

ကိုယ်ပိုင်အချိန်

shutterstock/GaudiLab

ကိုယ့်ချစ်သူကို အချိန်ပေးသင့်သလိုပဲ တစ်ယောက်နဲ့ တစ်ယောက် ကိုယ်ပိုင်အချိန်လေးတွေဆိုတာလည်း ရှိသင့်ပါတယ်။ လူတွေဟာ တစ်ခါတစ်လေမှာ တစ်ယောက်တည်း ကိုယ့်ကိုယ်ကို အချိန်ပေးဖို့ လိုကိုလိုအပ်ကြပါတယ်။ ဘယ်လောက်ပဲ ချစ်သူတွေဖြစ်နေပါစေ နားလည်မှုနဲ့ သူလည်း တစ်ယောက်တည်း အချိန်လိုအပ်တယ်ဆိုတာမျိုးကို နားလည်စေချင် ကြသူတွေပါ။

သစ္စာရှိမှု

freepik by lookstudio

ဒါကတော့ လူတိုင်းလိုလို လိုချင်တတ်ကြတဲ့ အရာတစ်ခုပါ။ ကိုယ့်ချစ်သူဟာ ကိုယ့်အပေါ်မှာ သစ္စာရှိရှိ ချစ်နေတတ်ဖို့ကိုပေါ့။ Introvert တွေက တစ်ခြားသူတွေထက်ကို သစ္စာတရားကို အလေးအနက်ထားတတ်ကြပြီး တကယ်လို့ သူတို့အပေါ် သစ္စာမဲ့မယ်ဆိုရင်တော့ ဒီတစ်သက် သူတို့ဆီက ခွင့်လွှတ်မှုရဖို့ကို မမျှော်လင့်သင့်တော့ ပါဘူးနော်။

Khin

sponsored