သူမရဲ့ Instagram အကောင့်ကို hack ဖို့ကြိုးစားနေတဲ့သူတွေကို ပြန်လည်ချေပခဲ့တဲ့ IU

SBS Star
Sponsored

IU လို့အများကသိကြတဲ့ Lee ji-eun ဟာဆိုရင် တောင်ကိုးရီးယားရဲ့ ထိပ်တန်း အဆိုတော်၊ တေးရေး၊ သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ ကျောင်းမှာကတည်းက တော်ပြီး ထက်မြက်တဲ့ IU ဟာဆိုရင် အနုပညာအလုပ်မှာလည်း အောင်မြင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမရဲ့ အသံချိုချိုလေးတွေနဲ့ ပရိတ်သတ်အသည်းကို ဖမ်းစားထားသူတစ်ယောက်ဖြစ်သလို သရုပ်ဆောင်တဲ့အခါမှာလည်း တကယ့်ကို ပီပြင်တဲ့အတွက် အသိအမှတ်ပြုခံထားရသူပါ။

SBS Star

IU ကို May 16, 1993 မှာမွေးဖွားခဲ့တာဖြစ်ပြီးတော့ ခုဆိုရင် အသက် ၂၆ နှစ်ရှိပေမယ့်လို့ ခုချိန်ထိ ဆယ်ကျော်သက်လေးလို့ ထင်မှတ်မှားရစေပါတယ်။ IU ဟာ Hotel del Luna, Moon Lovers: Scarlet Heart Ryeo, My Mister, Dream High, Persona စတဲ့ဇာတ်ကားတွေအပြင် တစ်ခြားသော ဇာတ်ကားတွေမှာလည်း အဓိကမင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ပရိတ်သတ် အားပေးမှုကို အခိုင်အမာရရှိခဲ့ပါတယ်။

READ
ဆယ်ကျော်သက်လေးလို နုပျို လှပနေတဲ့ Kyo
SBS Star
Sponsored

ဒီလိုနာမည်ကြီးတစ်ယောက်ဖြစ်တဲ့ IU ရဲ့ Instagram account ကို hacker တွေက မကြာခဏဆိုသလို hack ဖို့ကြိုးစားတတ်ကြပါတယ်။ ခုလည်း သူမရဲ့ Instagram account ကို hack ဖို့ကြိုးစားတဲ့အကြောင်းနဲ့ အဲလိုလုပ်ဖို့ကြိုးစားသူတွေကို IU က ခုလိုပို့စ်ရေးပြီး အသိပေးခဲ့တာပဲ ဖြစ်ပါတယ်။

SBS Star

“မနေ့က ကျွန်မရဲ့ account ကို long in ဝင်တော့ အသိပေးစာတွေ အများကြီးရောက်နေတာကို တွေ့ရပါတယ် ဒါဟာ ခုတစ်ကြိမ်တည်းဖြစ်တာမဟုတ်ပါဘူး ပို့ထားတဲ့စာတွေက တစ်ယောက်ယောက်က ကျွန်မရဲ့ အကောင့်ထဲကို ဝင်ဖို့ကြိုးစားထားပြီး password မှားယွင်းနေလို့ ဝင်လို့မရတဲ့ အသိပေးစာတွေ ရောက်နေတာပါ”

“ကျွန်မ အကောင့်ကို ထပ်ပြီး hack ဖို့ မကြိုးစားပါနဲ့ ဒါက ကျွန်မပိုင်တာပါ စည်းကျော်ဖို့ မကြိုးစားပါနဲ”့ ဆိုပြီး သတိပေးစကား ပြောခဲ့ပါတယ်။

READ
အသံကို ထိခိုက်မှာစိုးလို့ IU ရှောင်ကျဉ်တဲ့ အရာတွေ..

Source: SBS Star

sponsored