‘Nagging’ 10th anniversary ကို ကျင်းပခဲ့ကြတဲ့ IU, Lim Seul Ong, and OK Taec Yoen

ig/@lsod.d
Sponsored

Kpop အနုပညာရှင်တွေ ဖြစ်ကြတဲ့ IU, 2AM အဖွဲ့ဝင် Lim Seul Ong နဲ့ နောက်ထပ် 2PM အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ OK Taec Yoen တို့သုံးယောက်သား ပျော်ရွှင်စရာအချိန်လေးကို အတူတူ ကုန်ဆုံးခဲ့ကြတာပါ။

https://www.instagram.com/p/CBHleDYHcUC/?utm_source=ig_embed&utm_campaign=loading

Sponsored

June 7 ရက်နေ့က Lim Seul Ong ဟာ သူ့ရဲ့ instagram အကောင့်ပေါ်မှာ ဓာတ်ပုံနှစ်ပုံကို တင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပထမပုံလေးမှာတော့ စားသောက်ဆိုင်တစ်ခုမှာ သူအပါအဝင် IU, Ok Taec Yoen တို့နဲ့ သုံးယောက်သား ထိုင်နေတဲ့ ပုံလေးဖြစ်ပြီးတော့ နောက်တစ်ပုံမှာတော့ သူနဲ့ IU တို့နှစ်ယောက်သား ချောကလက်ကိတ်ကြီးကို ရှေ့ကချပြီး လက်နှစ်ချောင်းထောင်ထားတဲ့ ပုံလေးပဲ ဖြစ်ပါတယ်။

https://www.instagram.com/p/CBHleDYHcUC/?utm_source=ig_embed&utm_campaign=loading

READ
အိမ်ထောင်ရှိ ကလေးအဖေ ပါလို့ ၀န်ခံလိုက်တဲ့ F4 မင်းသား Kim Joon

အဲဒီ့ပုံနဲ့အတူ “ ကျွန်တော်တို့ ‘nagging’ အထိမ်းအမှတ် ပွဲလေးလုပ်ဖို့ အတူတူ ရှိနေကြတာပါ နောက်ပြီး ပြီးခဲ့တဲ့လက ကျရောက်တဲ့ IU မွေးနေ့လေးအတွက်ရောပေါ့” ဆိုပြီးတော့ ရေးသားထားခဲ့ပါတယ်။ ‘Nagging’ သီချင်းက IU နဲ့ Lim Seul Ong တို့နှစ်ယောက်သီဆိုထားတဲ့ 2010 ခုနှစ်က ထွက်ရှိခဲ့တဲ့ သီချင်းလေးဖြစ်ပါတယ်။ ဒီသီချင်းဟာ ကိုးရီယားမှာတင်မက ကမ္ဘာတစ်ဝန်းလုံးက ပရိတ်သတ်တွေ အတော်လေး ကြိုက်ပြီး ပေါက်ခဲ့တဲ့ သီချင်းကောင်းလေး တစ်ပုဒ်ပါ။ Ok Taec Yoen ကလည်း IU Lim Seul Ong တို့ရဲ့ ပါတီလေးကို အတူတူ ပါဝင်ဆင်နွှဲခဲ့ဟန်တူပြီးတော့ သူတို့သုံးယောက်လုံးက ခင်မင်တဲ့ သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။

Khin

sponsored