ဖောက်ပြန်လို့ Spider-Man မင်းသမီးနဲ့လည်း ပြတ်သွားပြန်ပြီဆိုတဲ့ Jacob Elordi

Celebrities's Instagram
Sponsored

Jacob Elordi ကိုတော့ Kissing Booth ထဲကမင်းသား၊ Euphoria ထဲက မင်းသားအဖြစ် သိထားကြမှာပါ။ လက်တလော သူ့ရဲ့အချစ်ရေးသတင်းတွေ တော်တော်လေးကို ရှုပ်ထွေးနေပုံပါပဲ။ တလောတုန်းကလည်း လုပ်ဖော်ကိုင်ဖက် တစ်ယောက်နဲ့ အနမ်းတွေပေးနေတဲ့ပုံတွေ Instagram မှာ တက်လာခဲ့ပြီးနောက် ယောက်ျားချင်းပြန်တွဲနေတာလားဆိုပြီးတော့တောင် အထင်မြင်လွဲမှားစေခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Jacob Elordi (@jacobelordi) on

Sponsored

 

 

View this post on Instagram

 

A post shared by tommy dorfman (@tommy.dorfman) on

ဒီအကြောင်း Aunty May ကလည်း ဖော်ပြပြီးသွားပါပြီ။ သတင်းဖတ်ရန်ဒီကိုနှိပ်ပါ။ အခုတော့ TMZ ရဲ့ဖော်ပြချက်အရ မင်းသား Jacob Elordi ဟာ ချစ်သူ Zendaya နဲ့ ပြတ်သွားခဲ့ပြီဆိုတဲ့ သတင်းတွေတက်လာခဲ့ပါတယ်။ Zendaya ကိုတော့ တော်တော်များများ Tom Holland နဲ့တွဲပြီး Spider Man ထဲက မင်းသမီးလေးအဖြစ်လူတိုင်းက ရင်းနှီးပြီးသားဖြစ်မှာပါ။

READ
ကျန်းမာရေးမကောင်းတဲ့ ကလေးငယ်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တဲ့ နေတိုး

 

 

View this post on Instagram

 

A post shared by Zendaya (@zendaya) on

Jacob Elordi နဲ့ Zendaya တို့နှစ်ယောက်ကလည်း Euphoria စီးရီးကို အတူတူတွဲရိုက်ထားခဲ့တဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။ နောက်ပိုင်း ဒီစီးရီးကြောင့်ပဲရင်းနှီးကာ ချစ်ကျွမ်းဝင်သွားခဲ့ကြတာပါ။

ဒါပေမဲ့လည်း လက်ရှိ Jacob Elordi ဟာ တခြားမော်ဒယ်မင်းသမီးတစ်ယောက်နဲ့ တွဲပုန်းခုတ်နေတယ်ဆိုပြီး သတင်းတွေ ထွက်လာခဲ့ပါတယ်။ သူကတော့ Kaia Gerber ပါ။ Kaia Gerber ဆိုတာ မော်ဒယ်တစ်ဦးဖြစ်တဲ့အပြင်ကိုမှ ရုပ်ရှင်တွေလည်း ရိုက်ကူးနေတဲ့ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။ အခုတလော သူတို့နှစ်ယောက်ကို အပြင်တွေမှာ တွေ့တွေ့နေရပြီး အထူးသဖြင့် လက်တွေဘာတွေတွဲပြီး gym သွား gym လာတွေမှာ အများဆုံး အတူတူတွဲပြီးတွေ့နေခဲ့တာပါ။

 

View this post on Instagram

 

A post shared by Kaia (@kaiagerber) on

🌙 𝓚𝓪𝓲𝓪 𝓖𝓮𝓻𝓫𝓮𝓻 and Jacob Elordi out in New York City (Sept 08).

Posted by Kaia Gerber Source. on Wednesday, 9 September 2020

ဒီအပြင် လူမှုကွန်ယက်ပေါ်မှာ Jacob Elordi နဲ့ Zendaya တို့ဟာ တစ်ယောက်နဲ့တစ်ယောက် သိပ်ပြီး ဘာမှမတင်တော့တဲ့အတွက် ပရိတ်သတ်တွေကတော့ Kaia Gerber ကြောင့် Jacob Elordi နဲ့ Zendaya တို့ ပြတ်သွားခဲ့ပြီလို့တော့ မှတ်ချက်ပေးထားခဲ့ပါတယ်။

READ
ပုဆိုးလေးနဲ့ ခန့်ညားလိုက်ဖက်လွန်းတဲ့ မြန်မာမင်းသား (၁၁)ယောက်

https://www.facebook.com/kaiagerbersource/posts/1010753952719504

 

Penny

sponsored