မင်းသားချော James Jirayu ကတော့ မိန်းကလေးပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးတဲ့ ထိုင်းမင်း သားေ ချာလေးပါ။။နာမည်အရင်းကတော့ Jirayu Tangsrisuk (จิรายุ ตั้งศรีสุข) ဆိုပေမယ့် အနုပညာနာမည်ကတော့ Ja mes Jirayu ပါ။(၁၉၉၃)ခုနှစ်၊စက်တင်ဘာလ(၁၉)ရက်နေ့မှာ မွေးခဲ့သူပါ။မိခင်ဖြစ်သူက သူ့ကို စူပါစတားတစ်ေ ယာ က် ဖြစ်စေချင်ခဲ့တာကြောင့် ‘The Idol Friday 2011’ မှာဝင်ပြိုင်စေခဲ့ပါတယ်။ ပြိုင်ပွဲမှာအနိုင်ရခဲ့ပါတယ်။ (၂၀၁၂) မှာတော့ Mr. Piku ဆိုတဲ့ “META TALENT MANAGEMENT”ရဲ့ President က သူ့ရဲ့ဓါတ်ပုံကို fb ပေါ်မှာ တွေ့ပြီး အလုပ်လုပ်ဖို့ ကမ်းလှမ်းခဲ့ပြီး အဲ့ဒီလိုနဲ့ အနုပညာလောကထဲကို ရောက်လာခဲ့တာပါ။သစ္စာရှင် ဇနီးသည် ဆိုတဲ့ ဇာတ်ကားထဲမှာ မင်းသမီး BELLA နဲ့အတူတွဲသရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေကသူတို့နှစ်ယောက်ကိုလိုက်ဖက်ကြတဲ့ သူတွေ အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။
မင်းသားချောလေး James Jirayu မှာတော့ ချစ်သူရှိပါတယ်။သူ့ရဲ့ ချစ်သူနဲ့ပတ်သက်ပြီး အင်တာဗျူးတစ်ခု မှာ ဖြေ ခဲ့ပါတယ်။နိုဝင်ဘာ(၁၄)ရက်နေ့တုန်းက ICON SIAM ပွဲကို တက်ရောက်ခဲ့ပါတယ်။အဲ့ဒီမှာ သတင်းထောက်တွေ က သူ့ရဲ့ ချစ်သူနဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့ အမေးကို ပြန်ဖြေခဲ့ပါတယ်။ချစ်သူကောင်မလေးနဲ့ ပတ်သက်ပြီး James Jirayu က အခုလိုဖြေခဲ့ပါတယ်။ချစ်သူနဲ့ အတူ အပြင်မှာ သူငယ်ချင်းတွေလိုမျိုးပဲ သွားလာဖြစ်ကြောင်း၊ဒါက သူတို့နှစ်ယောက်ရဲ့ private lives ဖြစ်တာကြောင့် သူတို့ရဲ့ အချစ်ရေးကိစ္စကို Public ကို ချမပြဖို့ ချစ်သူနဲ့ ဆွေးနွေး ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ချစ်သူကဘယ်သူလဲဆိုတဲ့ အမေးကိုတော့…”ချစ်သူက အများထင်နေသလို မင်းသမီး Geena Yeena လုံးဝမဟုတ် တဲ့ အကြောင်း ပြောခဲ့ပါတယ်။ချစ်သူနဲ့ပတ်သက်ပြီး လျှို့ဝှက်ထားပေမယ့် James Jirayu က သူချစ်သူနဲ့ ပတ်သက်ပြီး တစ်ခုကိုတော့ ထုတ်ပြောခဲ့ပါတယ်။သူ့ရဲ့ ချစ်သူကောင်မလေးဟာ ဆယ်လီတစ်ယောက်လုံးဝ မဟုတ်ပဲ အပြင်လူတစ်ယောက်ပါလို့ ပြောခဲ့ပါတယ်။
Source thainews